ကနဦး ထားဝယ်စီမံကိန်းအတွက် လက်မှတ်ထိုး၊ မြေပြင်လုပ်ငန်း စမည့်အချိန် မသိသေး

0
409

ထားဝယ်စီမံကိန်း တစ်ခုလုံး စတင် လည်ပတ်နိုင်ရန် ပထမဆုံး ခြေလှမ်းဖြစ် သည့်ကနဦး စီမံကိန်းကို အကောင် အထည်ဖော်ရန် ဩဂုတ်လ ၅ ရက်နေ့ တွင်စီမံကိန်း အကောင်အထည်ဖော်မည့် ကုမ္ပဏီများနှင့် ထားဝယ် အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ လက် မှတ်ရေး ထိုးခဲ့ကြကြောင်း သိရသည်။

ယင်းကနဦး စီမံကိန်းအတွက် လျာထားဧရိယာ ၂၇ ကီလိုမီတာ ပတ် လည်ရှိပြီး ထိုင်း – မြန်မာနှစ်လမ်းသွား ကားလမ်း၊ ဆိပ်ကမ်းငယ်၊ ကနဦး စက်မှု ဇုန်၊ ယာယီလျှပ်စစ် ဓာတ်အားပေး စက် ရုံ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ မြို့ပြစီမံကိန်း၊ရေပေးဝေရေးလုပ်ငန်းနှင့် ဆက် သွယ်ရေး လုပ်ငန်းများ ပါဝင်သည်ဟု သိရသည်။

“မြေပြင်လုပ်ငန်း စမယ့်အချိန်ကိုတော့ မပြောတတ်သေးဘူး”ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးဟံစိန်က ပြောသည်။
ထားဝယ်စီမံကိန်းကို ရှေ့ဆက်ရန် မြန်မာ-ထိုင်း- ဂျပန်သုံးနိုင်ငံကအကြိုနားလည်မှုစာချွန်လွှာ (Memorandum of Intent (MoI)) ကိုပြီးခဲ့သည့် ဇူလိုင် လက လက်မှတ်ရေးထိုးခဲ့သည်။

ကနဦး စီမံကိန်းတွင် အမေရိကန် ဒေါ်လာ ၁.၇ ဘီလီယံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။