ရေဘေး အလှူပစ္စည်းများကို လေကြောင်းလိုင်းများ အခမဲ့ အချိုးကျသယ်

0
535

ရေဘေးသင့် ပြည်သူများအတွက် အလှူပစ္စည်းများကို တနင်္သာရီတိုင်း ဒေသကြီး ခရီးစဉ်ပြေးဆွဲသည့် လေ ကြောင်းလိုင်းများ အချိုးကျ အခမဲ့ သယ်ယူပို့ဆောင်ပေး လျက်ရှိကြောင်း လေကြောင်းလိုင်း အချို့ထံမှ သိရသည်။

ရေဘေးသင့် ပြည်သူများအား လှူဒါန်းမည့် အလှူပစ္စည်းများကို ပေး ပို့မည့်နေရာနှင့် လက်ခံမည့် သူတို့ကို ပြောကာ ရန်ကုန်နှင့် အခြားရေဘေးသင့် ဒေသများသို့ တနင်္သာရီ ခရီးစဉ်ပြေး ဆွဲနေသည့် လေကြောင်းလိုင်းများဖြင့် ပေးပို့နိုင်သည်ဟု လေကြောင်းလိုင်း အချို့ထံမှ သိရသည်။
“ထားဝယ်-မြိတ်- ကော့သောင်း ရောက်တဲ့ လေယာဉ်အားလုံးပါပဲ။ အလှူပစ္စည်းတွေ ထည့်ပေးလို့ရပါ တယ်။ လေယာဉ်တွေက ပစ္စည်းကိုမျှပြီး သယ်ပေး နေပါတယ်” ဟု ပုဂ္ဂလိက လေကြောင်းလိုင်းတစ်ခုမှ ထားဝယ် တာဝန်ခံတစ်ဦးက ပြောသည်။

အခြား လေကြောင်းလိုင်းများက အခမဲ့ပို့ဆောင်ခြင်းကို အတိအကျ မသိရသော်လည်း မြန်မာ့လေကြောင်း လိုင်းဖြင့် မည်သည့်နေရာကိုမဆို ပို့ဆောင်ပေးနိုင်ပြီး ပစ္စည်းများလွန်း ပါက အခြားလေယာဉ်များဖြင့်ခွဲ၍ သယ်ဆောင်စေသည်ဟု မြန်မာ့ လေကြောင်းလိုင်းမှ မြိတ်တာဝန်ခံ ဦးစောရွှေက ပြောသည်။
“မန်းရတနာပုံ လေကြောင်းလိုင်း ကတော့ ပြောထားတယ်။ လှူမယ့် ပစ္စည်းတွေကို ရှိတဲ့လေယာဉ်နဲ့ထည့် ပေးမယ်လို့ပြောတယ်” ရေဘေး ကူညီ မှုအလှူခံအဖွဲ့ (ထားဝယ်)မှ ကိုဝေဖြိုး က ပြောသည်။

အလှူခံရလာသည့် ပစ္စည်းများ ကို လေကြောင်းလိုင်းဖြင့် ပို့ဆောင် မည်ဖြစ်ပြီးလူများက ကိုယ်ပိုင်အစီ အစဉ် ဖြင့် ရေဘေးသင့် ဒေသများသို့ သွားရောက် လှူဒါန်း မည်ဖြစ်ကြောင်း ကိုဝေဖြိုးက ဆိုသည်။မြိတ်တွင်မူ လေကြောင်းလိုင်း များက အဖွဲ့တစ်ဖွဲ့ကို ဆာလာအိတ် ၂ အိတ်စီသာ လက်ခံသည့်အတွက် ကိုယ်ပိုင်အစီအစဉ်ဖြင့် ကားဖြင့် သွား လှူကြသည်ဟု မြိတ်မြို့ရှိ ရေဘေး အလှူခံ အဖွဲ့များက ပြောသည်။

လတ်တလောတွင် ထားဝယ်-မြိတ်-ကော့သောင်းခရီးစဉ်များကို Yangon Airway ၊ မန်းရတနာပုံ၊ Apex နှင့် မြန်မာ့လေကြောင်းတို့က ပြေးဆွဲလျက်ရှိကြောင်း သိရသည်။