ကျွန်းစု သဘာဝဓာတ်ငွေ့ ရှာဖွေရေးစီမံကိန်း ကန့်ကွက်ခံရ

0
425

မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်း ဥငူ Iညိငa Lငာငအနိ မှ တူးဖေါ်မည့် တနင်္သာရီ ကမ်းလွန်ရေနံ လုပ်ကွက် သဘာဝဓာတ်ငွေ့ ရှာဖွေရေးစီမံကိန်း သည် ဒေသခံအဖွဲ့အစည်းများ၏ ကန့် ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရကြောင်း ယင်း စီမံကိန်း ဆွေးနွေးပွဲ အခမ်းအနားမှ သိရ သည်။

မြိတ်မြို့နယ် ကင်းမွန် လုပ်ငန်းရှင် များအသင်းနှင့် ပုလဲမွေးမြူရေးလုပ်ငန်း တို့မှ ကမ်းလွန်ရေနံလုပ်ကွက်ကြောင့် လုပ်ငန်းများကို ထိခိုက် နှစ်နာဆုံးရှုံး မှုများ ရှိနေသည့်အတွက် လုပ်ငန်းကို မလုပ်ကိုင်စေချင်ကြောင်း ကန့်ကွက်ခဲ့ သည့် ယင်းလုပ်ငန်းတို့မှ တာဝန်ရှိသူများ က ပြောကြားခဲ့သည်။
သဘာဝဓာတ်ငွေ့ ရှာဖွေရေး စီမံကိန်း ကို အကောင်အထည်ဖော်မည့် အိန္ဒိယ နိုင်ငံ ဥငူ Iညိငa Lငာငအနိ မှ တာဝန်ရှိ သူများနှင့် မြိတ်နှင့် ကျွန်းစုမြို့နယ်တို့မှ သက်ဆိုင်ရာဌာန အသီးသီးနှင့် အုပ်ချုပ် ရေးဘက်မှ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်း တစ်ချို့တို့နှင့် စီမံကိန်းဆွေး နွေးပွဲကို မြိတ်ကမ်းနားလမ်းရှိ ပုလဲ ရတနာ ခန်းမတွင် ဩဂုတ်လ ၅ ရက်နေ့ က ကျင်းပပြုလုပ်ခဲ့သည်။
YEB-map
မြန်မာ့ရေနံနှင့် သဘာဝဓာတ် ငွေ့လုပ်ငန်းနှင့် Oil India ကုမ္ပဏီ တို့မှ ၂၀၁၄ ဒီဇင်ဘာလ ၄ ရက်နေ့ တွင် အကျိုးတူ ပေါင်းဆောင်ရွက်မည့် စာချုပ် ကို ချုပ်ဆိုထားပြီးဖြစ်ကြောင်း စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း၊ ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ဌာန ဒုမန်နေဂျာ ဦးကျော်ဇေယျက ပြောသည်။

“တနင်္သာရီတိုင်း ဒေသကြီးရဲ့ အဓိ က အရင်းမြစ် သယံဇာတကို ထုတ်ယူ သုံးစွဲပြီး ဒေသအတွက် ပြန်ပြီး အစားထိုး နိုင်တဲ့ လုပ်ငန်းတွေ မစီစဉ် မဆောင် ရွက်ပေးနိုင်ဘူးဆိုရင် ခရိုင်ငါးလုပ်ငန်း အဖွဲ့ချုပ်က လုံးဝ သဘောမတူဘူး” ဟု မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဆန်းမောင်က ပြောသည်။
စီမံကိန်းအတွက် လက်မှတ်ရေးထိုး ထားသည်မှာ နားလည်မှု ယူထားသည့် သဘောဖြစ်ပြီး ယခုချက်ချင်း လုပ်ငန်း အကောင်အထည်ဖော်မည် မဟုတ် ကြောင်း၊ စာချုပ်အရ လုပ်ကွက်တွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်း ကျင် ထိခိုက်မှု အကဲဖြတ်ခြင်း EIA /SIA နှင့် ဒေသလူမှုစီးပွားများ ထိခိုက်မှု ရှိ^မရှိကို ကုမ္ပဏီက လေ့လာသွားမည် ဖြစ်ကြောင်း Oil India Limited မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ဒုမန်နေဂျာ ဦးကျော်ဇေယျက ဘာသာ ပြန်ပြီး ပြောဆိုသည်။

ကျွန်းစုမြို့နယ်ရှိ မလိကျွန်း အနောက် ဘက်တွင် ရေဝက်၊ ဝေလငါး၊ လင်းပိုင် များ ကျက်စားရာ နေရာဖြစ်ပြီး တောင် ဘက်ရှိ ဒေသ၏အဓိက ငါးဖမ်းကွက် တို့သည် သဘာဝဓာတ်ငွေ့ တူးဖော်မည့် လုပ်ကွက်ဧရိယာထဲ အကျုံးဝင်နေပြီး ဆက်စပ်မှုရှိနေသည့်အတွက် သဘာဝ သယံဇာတများ ပျက်စီးမှုရှိနိုင်သည်ဟု မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာန တွဲဖက် ပါမောက္ခ ဒေါက်တာ ညိုညိုထွန်း က ပြောသည်။

ယင်းကဲ့သို့ ကန့်ကွက်မှုများကို သိရတဲ့အတွက် တိုင်းဒေသကြီး အစိုးရ မှတဆင့် ဗဟိုအစိုးရသို့ လက်ရှိလုပ် ကွက်ကနေ ပယ်ဖျက်ပေးပြီး ကမ်းဝေး လုပ်ကွက်တစ်ခုကို တောင်းယူသွားမည် ဟု ကုမ္ပဏီမှ တာဝန်ရှိသူ၏ ပြောကြား ချက်ကို ဒုမန်နေဂျာ ဦးကျော်ဇေယျက ပြန်လည် ဖြေကြားခဲ့သည်။
အဆိုပါ အခမ်းအနားတွင် အိန္ဒိယ ကုမ္ပဏီက တာဝန်ရှိသူများက အင်္ဂလိပ် ဘာသာစကားဖြင့် စီမံကိန်း အကြောင်း ကို ရှင်းပြခဲ့သော်လည်း ဘာသာပြန်ပေး မည့်သူ မပါရှိသဖြင့် ဒုမန်နေဂျာ ဦးကျော် ဇေယျက ဘာသာပြန်ပေး သော်လည်း တက်ရောက်လာသူများမှ ပြည့်ပြည့်စုံစုံ နားလည်မှု မရရှိခဲ့ကြောင်း အခမ်းအနား တက်ရောက်လာသူ တစ်ချို့ထံမှ သိရ သည်။