ကော့သောင်းတွင် ထိုင်းဘတ်ငွေ တစ်ထောင်တန်အတု အရွက် ၁၀၀ ကျော် ဖမ်းမိ

0
469

ကော့သောင်းမြို့နယ်၊ မလိဝမ်း ကျေးရွာတွင် ထိုင်းဘတ်ငွေ တစ်ထောင် တန်အတု ၁၁၂ ရွက်အား ဩဂုတ် ၄ရက် နေ့က အသက် ၅၀အရွယ် အမျိုးသမီးကြီး တစ်ဦးထံမှ ဖမ်းဆီးရမိခဲ့ကြောင်း မလိ ဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရ သည်။

ဘတ်ငွေ တစ်ထောင်တန် အတုဖြင့် မလိဝမ်းဈေး ကုန်စုံဆိုင်တွင် ဈေးဝယ် ရာ ဆိုင်ရှင် အမျိုးသမီးမှ ကျေးရွာအုပ် ချုပ်ရေးမှူးထံ အကြောင်းကြားခဲ့သဖြင့် ယင်းသို့ ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု မလိဝမ်း အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

၎င်းဈေးဝယ် အမျိုးသမီးသည် မလိဝမ်းကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့မှ ခေါ်ယူ စစ်ဆေးခဲ့ရာ ကနဦးတွင် ဘတ် ငွေတစ်ထောင်တန် အတု ၆ ရွက်ကို အင်္ကျီအိပ်ကပ်အတွင်းမှ ရှာဖွေတွေ့ရှိခဲ့ကြောင်းဟု မလိဝမ်းကျေးရွာ အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။
မလိဝမ်း ရဲကင်းစခန်းက ခေတ္တ စခန်းမှူးနဲ့အဖွဲ့တွေ ရောက်လာပြီး နေအိမ်တွင် သွားရောက်စစ်ဆေးရာ ထိုင်းဘတ်ငွေ တစ်ထောင်တန်အတု ၁၀၅ ရွက် ထပ်မံသိမ်းဆည်း ရမိခဲ့သည်ဟု အထက်ပါ အုပ်ချုပ်ရေးမှူးထံမှ သိရ သည်။

“ငွေအတုတွေ မှန်းသိသိနဲ့ အိမ်ထဲ မှာ ဝှက်ပြီး ထုတ်သုံးနေတယ်၊ ဘယ် လောက်အထိ သုံးထားပြီးလည်း မသိ ဘူး။ ငွေယူတဲ့အခါ သတိထား ဖို့တော့ လိုလာပြီ၊ အမှတ်တမဲ့ လုပ်လို့ မရတော့ ဘူး” ဟု မလိဝမ်း ကျေးရွာရှိ ကုန်စုံဆိုင်ရှင် အမျိုး သားတစ်ဦးက မှတ်ချက်ပြုသည်။
လက်ရှိတွင် ထိုင်းဘတ်ငွေ အတု အသုံးပြုရာတွင် ပါဝင်သည့် ဇနီးမာင်နှံ ၂ဦးနှင့် အဖော်အမျိုးသားတစ်ဦးကို ဥပဒေအရ အရေးယူနိုင်ရန်နှင့် ထိုင်းဘတ် အတုများ မည်သည့်နေရာက ရသည်ကို စုံ စမ်းဖော်ထုတ်ရန် ရဲတပ်ဖွဲ့မှ ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။