မွန်အမျိုးသားပါတီ ဘီးလင်းမြို့နယ်တွင် ဝင်ပြိုင်မည်မဟုတ်

0
631

မွန်အမျိုးသားပါတီ (MNP) သည် လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ မွန်ပြည်နယ် ၁၀ မြို့နယ်အနက် ဘီးလင်းမြို့နယ်မှအပ ကျန်မြို့နယ်အားလုံးတွင် လွှတ်တော် အသီးသီးအတွက် ကိုယ်စားလှယ်လောင်း နေရာအပြည့် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းထုတ်ပြန်သည်။

လွှတ်တော်အသီးသီးအတွက် မွန် ပြည်နယ် ၉ မြို့နယ်တွင်ကိုယ်စားလှယ် လောင်း ၃၈ နေရာအပြင် ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် ၃ နေရာ၊ ကော့က ရိတ်မြို့နယ်တွင် ၃ နေရာ၊ ကြာအင်း ဆိပ်ကြီးမြို့နယ်တွင် ၅ နေရာ၊ မြ၀တီ မြို့နယ်တွင် ၄ နေရာ၊ တနင်္သာရီတိုင်း ဒေသကြီးရှိရေဖြူမြို့နယ်တွင် ၂ နေရာနှင့် ကော့သောင်းမြို့နယ်တွင် ၂ နေရာ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

” မွန်အမျိုးသားပါတီအနေနဲ့ အကုန်လုံး ၅၇ နေရာ ဝင်ပြိုင်မယ်၊ ကိုယ်စားလှယ်လောင်း စာရင်းတွေလည်း ပြီးသလောက်ဖြစ်နေပါပြီ၊ ဒါပေမယ့် တချို့ကိုယ်စားလှယ်လောင်း အပြောင်း အလဲရှိနေလို့ မထုတ်ပြန်ရသေးတာ၊ ဒီရက်ပိုင်းအတွင်း ထုတ်ပြန်နိုင်လိမ့်မယ်” ဟု မွန်အမျိုးသားပါတီ ပြောရေးဆိုခွင့် ရှိသူ နိုင်စိုးမြင့်က ပြောသည်။

မွန်အမျိုးသားပါတီသည် လာမည့် ရွေးကောက်ပွဲတွင် အင်အားကြီးပါတီများ ဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့နှင့် အဓိက ယှဉ် ပြိုင်ရမည် ဖြစ်သည်။

အထူးသဖြင့် မွန်လူမျိုးများကိုကိုယ် စားပြုသည့်မွန်ဒေသလုံးဆိုင်ရာ ဒီမိုက ရေစီပါတီနှင့် ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်များ ညှိနှိုင်းဆွေးနွေးထားခြင်း မရှိသည့် အတွက် ထိပ်တိုက် ယှဉ်ပြိုင်ရမည့် အနေ အထားရှိသည်ဟု မွန်နိုင်ငံရေး စိတ်ဝင် စားသူတို့က သုံးသပ်ထားသည်။
မွန်အမျိုးသားပါတီသည် ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမို ကရေစီပါတီမှအမည်ပြောင်း ဖွဲ့စည်း ထားသည့် ပါတီဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ထားခြင်း မရှိဘဲ လာမည့်ရွေးကောက်ပွဲမှသာ ဝင်ပြိုင်ရန် ဆုံးဖြတ်ထားသည့် ပါတီ သည်။ À