တနင်္သာရီတွင် ရွေးကောက်ပွဲ ဝင်မည့် ပါတီ ၂၀၁၀ ထက် တစ်ဆတိုး

0
402

တနင်္သာရီတိုင်းဒေသကြီးအတွင်း လာမည့် ရွေးကောက်ပွဲတွင် ၂၀၁၀ ရွေးကောက်ပွဲထက် ပါတီအရေအတွက် တစ်ဆတိုးကာ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း ထားဝယ်မြို့အခြေစိုက် ပါတီများထံမှ သိရသည်။

nld-party၂၀၁၀ ရွေးကောက်ပွဲက ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တ.စ.ညပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) နှင့် ကရင် ပြည်သူ့ပါတီတို့ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် တနင်္သာရီတိုင်းတွင် လာမည့်ရွေးကောက် ပွဲ၌ ၈ ပါတီ ထက်မနည်း ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဟု ပါတီများက ပြောဆို သည်။
အထက်ပါ ၂၀၁၀ က ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပါတီများအပြင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ ထားဝယ် တိုင်းရင်းသားများပါတီ၊ မွန်အမျိုးသား ပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီတို့လည်း လာမည့်ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ယင်းပါတီများထံမှ သိရသည်။

ပါတီကြီးနှစ်ခုဖြစ်သည့် ကြံ့ခိုင် ရေးပါတီနှင့် NLD ပါတီတို့က တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်အားလုံးတွင် ဝင်ပြိုင်ကြမည် ဖြစ်ပြီး တ.စ.ည ပါတီက မဲဆန္ဒနယ် ၃၂ နေရာတွင်လည်းကောင်း၊ ထားဝယ် တိုင်းရင်းသားများပါတီက မဲဆန္ဒနယ် ၂၀ နေရာတွင်လည်းကောင်း၊ ကရင်ပြည် သူ့ပါတီကကရင်တိုင်းရင်းသား ကိုယ်စား လှယ်မဲဆန္ဒနယ်တွင် လည်းကောင်း၊ NDF ပါတီက မဲဆန္ဒနယ် ၁၂ နေရာတွင် လည်းကောင်း၊ မွန်ပါတီနှစ်ခုက ရေဖြူ မြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့ရှိ မဲဆန္ဒနယ်တို့တွင်လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

” တနင်္သာရီတိုင်းမှာတော့ ဝင်ပြိုင် ဖြစ်မဖြစ် မသေချာသေးဘူး။ ပြိုင်မယ် မပြိုင်ဘူးဆိုတာကို ညွှန်ကြားချက် ရောက်မလာသေးဘူး” ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက် ရေးပါတီမှ တိုင်းစည်းရုံးရေးတာဝန်ခံ ဦးဥာဏ်ဝင်းအောင်က ပြောသည်။
၎င်းအပြင် ဒီမိုကရက်တစ်ပါတီ (မြန်မာ)ကလည်း တနင်္သာရီတိုင်းအတွင်း ရွေးကောက်ပွဲ ဝင် / မဝင်ကို တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
ပါတီအသီးသီးမှ ရွေးကောက်ပွဲဝင် မည့် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော် မရှင် အဖွဲ့ခွဲများထံ ဩဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်းတင် သွင်းရမည် ဖြစ်သည်။