ရှောင်ပြေးလို့ အဖြေမထွက်ပါ

0
515

ပြီးခဲ့တဲ့ ရက်ပိုင်းက မောင်မယ် ရှောင်ရွာထဲမှာ သတင်းတစ်ခု ပျံ့နှံ့ သွားတာကြောင့် ရွာသားတွေ ရုတ်ရုတ် သဲသဲ ဖြစ်သွားပါတယ်။
အကြောင်းကတော့ ရွာထဲမှာ ပြည် တွင်းထုတ် အလှကုန်တွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံကြော်ငြာ ရောင်း ချနေတဲ့ Mမေုနအငညါ အရောင်းသမား တစ်ယောက် အိမ်တစ်အိမ် ဝင်သွားပြီး နောက်မှာ အိမ်ရှင် ပိုက်ဆံအိတ်ပျောက် သွားသတဲ့

အဲဒီ ပိုက်ဆံအိပ်ကို သူတို့ယူ မယူ ဆိုတာ အတည်မပြုနိုင်ပေမယ့် ရွာထဲကို ရောက်နေတဲ့ Marketing အဖွဲ့သားတွေ ကို ရွာသားတွေက သိသိသာသာကြီး ဝီရိယရှိရှိနဲ့ စောင့်ကြည့်လိုက်ကြပါတယ်။

ကျွန်တော်သိသလောက်ဆိုရင် ပြည်တွင်းကုမ္ပဏီအချို့ဟာ သူတို့ရဲ့ ထုတ်ကုန်တွေ မြို့ပြတင်မဟုတ်ဘဲ ကျေးလက်ဒေသကိုပါ ဖြန့်ချိနိုင်ဖို့ အတွက် Marketing အရောင်းဝန်ထမ်း တွေကို အသုံးပြုကြပါတယ်။ အဲလိုပဲ နားလည်ပါတယ်။ တခြား ဘာရည်ရွယ် ချက်နဲ့ ဘာကြောင့် လာကြတယ်ဆိုတာ စာရေးသူ ကိုယ်တိုင်လည်း ရှင်းရှင်း လင်းလင်း နားမလည်ပါဘူး။
marketing
Marketing အရောင်းဝန်ထမ်း တွေဟာ သူတို့နဲ့ ရင်းနှီးမှုမရှိသေးတဲ့ နေရာတွေရော ရင်းနှီးမှုရှိပြီးသား နေရာ တွေပါ နေရာဒေသမရွေး သူတို့ရဲ့ ထုတ် ကုန် ကောင်းမွန်ကြောင်းကို တစ်အိမ်ဝင် တစ်အိမ်ထွက် လိုက်လံရှင်းပြရင်း ကုန်ပစ္စည်းများကို ရောင်းချကြပါတယ်။
အရင်က တွေ့ဖူးသလောက်တော့ သူတို့ဟာ ကုန်ပစ္စည်း အမျိုးအစားပေါ် မူတည်ပြီး ဝယ်ယူနိုင်မယ့်သူတွေ ရှိနေတဲ့ နေအိမ်တွေကို ရွေးချယ်ပြီး သူတို့ရဲ့ ကုန်ပစ္စည်းအကြောင်း ပြောပြကြပါ တယ်။ မဝယ်ပေမယ့်လည်း ကြည့်ရှုနိုင် ကြောင်း အခွင့်တောင်းပြီး အိမ်တွေကို ဝင်လာလေ့ရှိတယ်။ တကယ်လို့ အိမ်ရှင် က လက်ခံလိုက်ရင် သူတို့မှာပါလာတဲ့ ကုန် ပစ္စည်းတွေကို တစ်ခုချင်း အသေး စိတ် ရှင်းပြကြတယ်။ အိမ်ရှင်က တစ်ခုခု ဝယ်ယူအားပေးလိုက်ရင် နောက်ထပ် ပစ္စည်းတစ်ခု ထပ်ပြီးတော့ အစမ်းသုံး ကြည့်ဖို့ တိုက်တွန်းလေ့ ရှိကြတယ်။ တချို့ကလည်း အားနာပြီး ထပ်အားပေး တာတွေရှိတယ်။ အဲဒီလို ကုန်ပစ္စည်းတွေ အကြောင်းရှင်းပြ ပြောပြနေတာဟာ အိမ်တစ်အိမ်မှာဆိုရင် တစ်ခါတစ်လေ မိနစ် ၃၀ ကနေ တစ်နာရီလောက်အထိ ကြာ သွားတတ်ပြီး Marketing အရောင်း စာရေးလေးရဲ့ တင်ဆက်မှုစွမ်းရည်အပေါ် မူတည်ပြီး ပစ္စည်းတွေ ရောင်းချရတယ်။

တစ်ခါတစ်လေ ရှိသမျှ ပစ္စည်းတွေ အကုန်ထုတ်ကြည့်၊ အလှကုန် ပစ္စည်း တွေဆိုရင် အစမ်းသုံးကြည့်ကြပြီး တစ်ခု မှ ဝယ်ယူအားမပေးတဲ့ အိမ်ရှင်များ လည်း ရှိပါတယ်။ အဲဒီအခါ မချိုမချဉ် မျက်နှာလေးနဲ့ ပစ္စည်းတွေကို တစ်ခုချင်း ပြန်သိမ်းပြီး နောက်တစ်အိမ် ထပ်သွား ရပြန်တယ်။
နောက်ပိုင်းမှာ အိမ်ရှင်တွေက သူတို့လာရင် မအားလပ်တာတွေ ရှိတာ မို့ မဝယ်ဘူးလို့ ယတိပြတ် ပြောလာကြ တယ်။ အရောင်းဝန်ထမ်းတွေ ဘာပြော ပြော “ဘူး” ငြင်းလာကြတယ်။ နောက်ဆုံး အတွေ့မခံတာတွေလည်း ရှိလာကြတယ်။

Marketing အရောင်းဝန်ထမ်းတွေ ကလည်း အိမ်တစ်အိမ်က သူရှင်းပြမှာကို လက်ခံလိုက်ပြီဆိုတာနဲ့ ကုန်ပစ္စည်း တွေကို မအားပေးချင်လည်း အားပေး လာအောင် ပြောဆိုကြလာတယ်။ တစ် ခါတစ်လေကျရင် သူ့ဆီက ပစ္စည်းတစ်ခုခု မဝယ်ယူမချင်း အဲဒီအိမ်က ပြန်မထွက် တတ်တာတွေ ရှိလာခဲ့တယ်။
တကယ့် Marketing သဘော တရားက ဘာဆိုတာ တပ်အပ်မသိ ပေမယ့် သူတို့တွေ လုပ်နေတာဟာ လွဲနေ တယ် တနည်းအားဖြင့် ပြောရမယ်ဆိုရင် ကျင့်ဝတ်နဲ့ မညီဘူးလို့ ခံစားရပါတယ်။ ထားတော့ ဒါက တစ်ပိုင်း။

ထားဝယ်ဒေသဟာ ကျေးလက်လို့ ပြောနိုင်ပေမယ့် နယ်စပ်ဒေသ ဖြစ်တာ ကြောင့် ထိုင်းနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းများကို အလွယ်တကူ အသုံး ပြုနိုင်တယ်။ ပြောရမယ်ဆိုရင် နိုင်ငံ တကာ အဆင့်မီ အမှတ်တံဆိပ်ပစ္စည်း များကို သုံးစွဲသူ များကြတယ်။
သူတို့ အိမ်တိုင်ရာရောက် လာရောက် မိတ်ဆက် ရောင်းချကြတဲ့ ကုန်ပစ္စည်း အမှတ် တံဆိပ်တွေက ကိုယ်မမြင်ဖူး၊ မကြားဖူးတဲ့ တံဆိပ်တွေ ဖြစ်နေတတ်ပါ တယ်။ ဒါကြောင့် ယုံကြည်မှုမရှိ။ ဝယ်ယူ သုံးစွဲဖို့ အာသီသ နည်းကြလေ့ရှိတယ်။
ကုန်ပစ္စည်း အသစ်များကို မိတ်ဆက် ကြရတာဖြစ်လို့ သုံးစွဲသူတွေ လက်ခံ လာနိုင်အောင် အချိန်ယူ ရှင်းပြကြတယ်။ ရံဖန်ရံခါမှာ သူတို့ရဲ့ကိုယ်ရေး ကိုယ်တာ အကြောင်းတွေပါ ပါဝင်လာပြီး အချိန် ပိုကြာနေတတ်ပြန် ပါတယ်။

အရင်ကထက်စာရင် အခုနောက် ပိုင်းမှာ အဲလို လာရောက် မိတ်ဆက် ရောင်းချတာ ပိုပို များလာပါတယ်။ ရွာသားတွေဘက်ကလည်း အရင်လောက် သည်းမခံနိုင်တော့ဘဲ လက်ခံလိုစိတ် နည်းလာကြပါတယ်။ ထို့အတူ အရောင်း စာရေးများကလည်း ကျေးရွာတစ်ရွာရဲ့ ပထဝီအနေအထား အခြေအနေကို မသိ နိုင်တာကြောင့် နီးစပ်ရာအိမ်တွေကို ဝင်ပြီး မဖြစ်ဖြစ်အောင် ရောင်းချလာ တယ်။

ယခု အနောက်ပိုင်းမှာတော့ Marketing အရောင်းဝန်ထမ်းတွေဟာ နေအိမ်ထဲကို ဝင်ရာမှာ အိမ်ရှင်တွေကို ခွင့်တောင်းတာမျိုးထက် အသိပေးပြီး ဇွတ်အတင်း ဝင်လာတဲ့ ပုံစံမျိုးတွေ ပိုတွေ့လာရပါတယ်။ များသော အားဖြင့် အိမ်ရှင်များကို ဧည့်ခန်းတွင်သာ တွေ့ဆုံကြလေ့ရှိပေ မယ့် ယခု နောက်ပိုင်းမှာ ထမင်းစားခန်း၊ မီးဖိုချောင် စတဲ့ လူရှိနေတဲ့ ဘယ်နေရာ မဆို နေရာမရွေး ဝင်ရောက်လာကြ တယ်။

မောင်မယ်ရှောင်မှာဖြစ်တဲ့ ကိစ္စမှာ ဆိုရင် အိမ်ရှင်ယောက်ျားဖြစ်သူက အပြင် က ပြန်လာတော့ ပိုက်ဆံအိတ်ကို အိမ် ပေါ် လှမ်းတင်ခဲ့ပြီး ကိစ္စတစ်ခုကြောင့် ပြန်ထွက်သွားခဲ့တယ်လို့ ဆိုတယ်။ အဲလို တင်ခဲ့ပြီး မကြာမီမှာ အလှကုန်ပစ္စည်း များ လိုက်လံရောင်းချနေတဲ့ ကောင်မလေး တစ်ယောက် ခြံထဲဝင်လာတာကို အိမ်ပေါ် မှာ လှဲနေတဲ့ ဇနီးသည်က လှမ်းမြင်တယ်။

နေ့လည်ခင်း အိပ်ချိန်ဖြစ်တော့ အိပ်ချင်ယောင်ဆောင်နေလိုက်တယ်။ ဒါပေမယ့် Marketing ကောင်မလေးက ကုန်ပစ္စည်း မိတ်ဆက်ချင်တယ်လို့ ပြော ပြီး အိမ်ပေါ်တက်လာခဲ့တယ်။ နောက်ပြီး ခဏကြာတော့ ပြန်ဆင်းသွားတယ်။ယောက်ျားဖြစ်သူ ပြန်ရောက်တော့ သူထားခဲ့တဲ့ ပိုက်ဆံအိတ်ကိုမေးမှ သတိ ရလာတယ်။ ဒါပေမယ့် တင်ထားခဲ့တဲ့ နေရာမှာ ပိုက်ဆံအိတ်က မရှိတော့ဘူး။ ဇနီးဖြစ်သူကလည်း မသိမ်းသေးဘူး။ အိမ်ကိုလည်း ဒီကြားထဲ ဝင်လာသူ ကလည်း တစ်ယောက်သာ ရှိသေးတယ်။ ဒါကြောင့် ခုနားက အိမ်ပေါ်တက်လာ ခဲ့တဲ့ ကောင်မလေးနောက်ကို လိုက်ခဲ့ တယ်။ ကောင်မလေးက နောက်တစ် အိမ်မှာ ကုန်ပစ္စည်းတွေအကြောင်း အေး အေးဆေးဆေး ရှင်းပြနေတယ်။

ခက်တာက အဲဒီကောင်မလေး ပိုက်ဆံအိတ် ယူသွားတယ်လို့လည်း ဇနီး ဖြစ်သူက တပ်အပ်မပြောနိုင်တာကြောင့် သွားတောင်းဖို့လည်း ခက်နေပြန်တယ်။
ပိုက်ဆံအိတ်ထဲမှာက ပိုက်ဆံက နည်းနည်းပဲ ရှိပေမယ့်လို့ နိုင်ငံသားစိစစ် ရေးကတ်ပြား အပါအဝင် အခြားအရေး ကြီးတဲ့ စာရွက်စာတမ်းတွေ ပါသွား တာကြောင့် အဲဒီ Marketing အဖွဲ့ထဲက အခြားအဖွဲ့ဝင်တွေကို မေးပေးဖို့ အကူ အညီ တောင်းရပြန်တယ်။
သူတို့ဆီက ပြန်ရတာက “မယူပါ ဘူး” ဆိုတဲ့ အဖြေ။
အဲဒီသတင်းက ရွာထဲ တစ်ခဏ တွင်း ပျံ့နှံ့သွားသည်။ ရွာထဲ ပျံ့သွား တော့ အခုဖြစ်ခဲ့တဲ့ ပိုက်ဆံအိတ် ကိစ္စ အပြင် အရင်က ဘုရင်ကြီး ဖွဲနုစားတာ တွေပါ ပါလာတယ်။ အမြီးနင်းမိတော့ ခေါင်းတွေ ကိုယ်တွေပါ နင်းပြော လာကြ တယ်။

အရင်က ဒီလိုကုန်ပစ္စည်းတွေ လာ ရောင်းတဲ့သူတွေ တုန်းကတော့ ကံစမ်းမဲ ဖောက်ပေးဖို့ အစီအစဉ်ရှိလို့ ဝယ်သူကို ဆက်သွယ်ရမယ့် ဖုန်းနံပတ်တွေ တောင်း သွားကြတယ်။ တစ်လ နှစ်လလောက် ကြာတော့ ကံစမ်းမဲဖောက်တာ ရေခဲ သေတ္တာ၊ အဝတ်လျှော်စက်တွေ ပေါက်နေ တယ်ဆိုပြီး အဲဒီပစ္စည်းတွေ ပို့ပေးဖို့ ဖုန်းဆက်ပြီး လမ်းစရိတ်တောင်းသတဲ့။ တော်တော်များများက အောင်ဘာလေထီ မှာ ဒီလိုကြုံဖူးတော့ မလွှဲပေးလိုက်တာ တွေရှိခဲ့တဲ့ အကြောင်းတွေပါ ပါလာပြီး ဝါးလုံး ရှည်နဲ့ ရမ်းကြတယ်။

နောက်ပြီး အဲဒီလို ဝင်လာရောင်း တဲ့ သူတွေ အများစုက ဗမာတွေ ဖြစ်နေ တော့ ထားဝယ်တွေက စကားပုံတွေနဲ့ ခိုင်းနှိုင်းကြပြန်တယ်။
ဒါပေမဲ့ Marketing အဖွဲ့သား များက သူတို့အကြောင်းကို ရွာထဲမှာ ပြောနေကြတာ သိလား၊ မသိလားတော့ မသိပါဘူး။ ရွာထဲမှာ သူတို့ ပစ္စည်းများ ကို ထုံးစံအတိုင်း ဆက်လက်ပြီး လှည့်လည်ရောင်းချကြပါတယ်။

အဲလိုဖြစ် ပိုက်ဆံအိတ်ပျောက်သတင်းကြောင့် Marketing အရောင်းစာရေးများ နောက်ထပ်ဝင် ရောက် ရောင်းချတဲ့အိမ်တွေမှာတော့ အိမ်ရှင်အပြင် အိမ်နီးနားချင်းတွေပါ စုရုံးပြီး ရောက်လာကြပါ တယ်။ အရောင်းစာရေးလေးတွေရှင်းပြ၊ တစ်ခုချင်း ထုတ်ပြကြော်ငြာနေတဲ့ ပစ္စည်းကိုဝယ်လိုတာ ထက်ခုနက ပျောက်သွားတဲ့ ပိုက်ဆံအိတ်ကိစ္စကို သိချင်ကြတာက များပါတယ်။
ဘေးကနေ ကြည့်တော့ ရွာသားတွေရဲ့ ခံစားချက်ကိုလည်း နားလည်တယ်။ တစ်ဖက်ဖြူသလား မဲသလား မသိရတဲ့ Marketing အဖွဲ့သားတွေ အတွက်လည်း အားနာမိပြန်တယ်။

ပြန်စဉ်းစားကြည့်လိုက်တော့ အခု လိုဖြစ်တာက ရှောင်းပြေးတာကြောင့် ဖြစ်လာတဲ့ အကျိုးဆက်ပါ။ Marketing သမားတွေက သူတို့လုပ်ငန်းသဘော ဖြစ်တဲ့အတွက် အဲလိုမျိုးတွေ ထပ်ဖြစ်နေဦးမှာပဲ။သူတို့ဖက်က မိတ်ဆက်ရောင်းချခွင့်ရှိသလို ကိုယ့်ဖက်ကလည်း ငြင်းခွင့်ရှိပါတယ်။
ဒါကြောင့် အကောင်းဆုံးကတော့ ထိပ်တိုက်တွေ့ပြီး ငြင်းလိုက်တာက အကောင်းဆုံးပါပဲ။ အဲလို မဟုတ်ဘဲ ခုနကလို အိပ်ပျော်ဟန်ဆောင်တာမျိုးက အိမ်ပေါ်တက်လာတာပဲသိပြီး ဘာတွေယူပြီး ဘယ်လို ဆင်းသွားမှန်းမသိ ဖြစ်ရဦးမယ်။ ကြုံကြရဦးမှာပါပဲ။
ပစ္စည်းတစ်ခါပျောက် ငရဲဆယ်ခါမက ရောက်ကြရဦးမှာပါပဲ။

နောက်တစ်ခုက ရွာသူရွာသားတွေအချင်းချင်း သတင်းပေးကြဖို့ပါ။ အဲလို အရောင်းဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး ဘယ်တုန်းက ဘယ်လိုကြုံတယ်ဆိုတာကို အခုလိုမျိုး ပြဿနာဖြစ်လာမှ စုပြုံပြော ကြတာမျိုး မဟုတ်ဘဲကြုံရတာနဲ့ ပြောပြပြီး သတိပေးကြဖို့ပါ။ ဒါမှလည်း သူ့ဘက်ကိုယ့်ဘက်ရှင်းပြီး ပြဿနာ တစ်စုံတစ်ရာ ဖြစ်တာမျိုးကို ကြိုတင်ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။