ရွှေပေးကျေးရွာတွင် လမုတော ဥယျာဉ် ထူထောင်မည်

0
466

မြိတ်မြို့နယ် ရွှေပေးကျေးရွာတွင် လမုတောဥယျာဉ် ထူထောင်မည်ဖြစ်ကြောင်း မြိတ်တက္ကသိုလ် ပါမောက္ခချူပ် ဒေါက်တာစီစီလှဘူးထံမှ သိရသည်။
ယင်း လမုတောဥယျာဉ်ကို နော်ဝေနိုင်ငံအခြေစိုက် World view International Foundation (WIF) နှင့် မြိတ်တက္ကသိုလ်တို့ ပူးပေါင်းထူထောင်မည်ဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့က နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း သိရသည်။

ဥယျာဉ် ထူထောင်ရန် ၂၃၆.၇ ဧက လျာထားပြီး ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၅ နှစ်အတွင်း စီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်ရမည်ဟု ဒေါက်တာ စီစီလှဘူးက ပြောသည်။
စီမံကိန်း အောင်မြင်ပါက နှစ် ပေါင်း ၃၀ အတွက် ကူညီ ထောက်ပံ့ ပေးမည်ဟု WIF က ပြောကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအတွက် WIF မှ အသေးစား အခြေခံအဆောက်အအုံများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်း၊ လမုတောများ တိုးချဲ့စိုက်ပျိုးခြင်း၊ သိပ္ပံ ^ သုတေသန ဓာတ်ခွဲခန်းများ၊ ရှင်းလင်းဆောင်များနှင့် သုတေသန ပြုလုပ်မည့် သင်္ဘောများအပါအဝင် စီမံကိန်းနှင့် သက်ဆိုင်သည့် အထွေထွေ လုပ်ငန်းများကို ထောက်ပံ့ကူညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။