ကော့သောင်းတွင် ရေဘေးအတွက် အလှူခံထွက်

0
442

ကန့်ဘလူဒေသနှင့် အထက် မြန်မာ ပြည်ရှိ ရေဘေးသင့်သူများအား သွား ရောက် လှူဒါန်းနိုင်ရန် ကော့သောင်း မြို့နယ် ဘိုးဘွားရိပ်သာ ကော်မတီနှင့် ကြယ်စင်လင်း ပရဟိတအဖွဲ့တို့ ပူးပေါင်း ကာ ကော့သောင်း မြို့ထဲတွင်း ကားဖြင့် လှည့်လည် အလှူခံလျက်ရှိကြောင်း ဘိုးဘွားရိပ်သာ ကော်မတီထံမှ သိရ သည်။

ကော့သောင်းမြို့နယ် အတွင်းရှိ စေတနာရှင်များ ပါဝင်လှူဒါန်းနိုင်ရန် ဩဂုတ်လ ၁ ရက်နေ့က မော်တော် ကားဖြင့် လှည့်လည် အလှူခံခဲ့ကြောင်း ဘိုးဘွားရိပ်သာ ကော်မတီ အတွင်းရေး မှူး ဦးဟိုဘီးက ပြောသည်။

“ရတဲ့ အလှူငွေတွေကို စုပေါင်းပြီး ရန်ကုန်က ဝေဠုကျော် ဖောင်ဒေးရှင်းနဲ့ ပူးပေါင်းပြီး ဩဂုတ်လ ၇ ရက်မှာ သွားရောက် လှူဒါန်းမယ်” ဟု ဦးဟိုဘီး က ဆိုသည်။

ကော့သောင်းမြို့အတွင်း ဩဂုတ် လ ၁ ရက်နေ့ ညနေ ၅ နာရီ အထိ အလှူခံရရှိငွေမှာ မြန်မာငွေ ကျပ် ၃၂ သိန်းကျော် (၃၂၃၄၉၀၀) နှင့် ထိုင်း ဘတ်ငွေ ၄၆၃၀ ရရှိထားကြောင်း ဦးဟိုဘီးထံမှ သိရသည်။
ရေဘေးအတွက် ပါဝင် လှူဒါန်း မည့် စေတနာရှင်များအနေဖြင့် ဖုန်း-၀၉၆၄၅၄၃၄၊ ၀၉၂၅၁၀၀၃၀၂၂ တို့ကို ဆက်သွယ်နိုင်ကြောင်း သိရ သည်။