အသည်းပုံ ရေအိုင်ရှိ ကြက်မောက်ကျွန်း ခရီးသွားများ မျက်စိကျ

0
814

ကော့သောင်းမြို့နယ်အတွင်းရှိ လည်ပတ်ချင်စရာ ကောင်းသည့် ကျွန်း များအနက် အသည်းပုံ ရေအိုင်ရှိသည့် ကြက်မောက်ကျွန်းသို့ သွားရောက် လည်ပတ်ရန် ဒေသခံ ခရီးသွားများအပါ အဝင်နိုင်ငံခြားသား ခရီးသွားများပါ မျက်စိ ကျလာကြောင်း ယင်းခရီးစဉ်ကို လိုက် ပို့သည့် ဧည့်လမ်းညွှန်များထံမှ သိရ သည်။

ကြက်မောက်ကျွန်းသည် ကော့ သောင်းမြို့၏ အနောက်တောင်ဘက် ရေမိုင် ၃၀ ခန့်တွင် တည်ရှိပြီး စက် လှေဖြင့် ၁ နာရီ ၁၅ မိနစ်ခန့် သွားရ သည့် ယင်းကျွန်းတွင် ကြီးမား မတ် စောက်သည့် ကျောက်ဆောင်အောက်ရှိ ဂူပေါက်မှ အတွင်းသို့ ဝင်သွားပါက ကျွန်းပေါ်ရှိ အသည်းပုံ ရေအိုင်ကို ရောက်သည်ဟု သိရသည်။heart-shape-lake
“ရေတက်ရေကျ ကြည့်ပြီး ချိန်ပြီး မှ သွားရတယ်။ ရေတက်နေရင် ဂူ ပေါက်က မပွင့်တော့ ကျွန်းပေါ်တက် မရဘူး” ဟု Grand Adaman ဟိုတယ် မှ ဧည့်လမ်းညွှန် တာဝန်ခံ ဦးယဉ်ထွေး က ဆိုသည်။
ခရီးသည်များသည် ရေအောက်ရှိ သဘာဝ အလှအပနှင့် သယံဇာတများကို ရေငုပ် ကြည့်ရသည်ကို စိတ်ဝင်စားကြ ကြောင်း ဦးယဉ်ထွေးက ရှင်းပြသည်။
ယင်းကျွန်းကို သွားရောက် လည် ပတ်သည့် ခရီးစဉ်များကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက စတင်ခဲ့ သော်လည်း ကျွန်းပေါ်တွင် အသည်း ပုံသဏ္ဌာန် ရေကန်ရှိသည်ကို ပြီးခဲ့သည့် ဇွန်လကမှ ကျွန်းအဝင် ဂူပေါက်ပေါ်မှ အပေါ်စီး ဓာတ်ပုံ ရိုက်ရာမှ အသည်း ပုံသဏ္ဌာန်ရှိသည်ကို သိရကြောင်း ဦးယဉ်ထွေးက ပြောသည်။
ကြက်မောက်ကျွန်းသို့ နေ့ချင်းပြန် အလည်အပတ် ခရီးသွားနိုင်ရန် Grand Adaman ဟိုတယ်မှ တာဝန်ယူ ပို့ပေး လျက်ရှိပြီး တစ်ဦးကို ထိုင်းဘတ်ငွေ ၃၉၀၀ ကျသင့်သည်ဟု သိရသည်။
လက်ရှိ အချိန်အထိ နိုင်ငံခြား ခရီးသွား ၁၀၀ ကျော်နှင့် တခြားမြို့များမှ ခရီးသွား ၇၀ ဦးခန့်ကို ယင်းကျွန်းသို့ ပို့ပေးပြီး ဖြစ်ကြောင်း သိရသည်။