အသည်းကြားက မဲတစ်ပြားမို့ အလေးထားတဲ့ အတွေး ….

0
700

မကြာမီ လပိုင်း အတွင်းမှာပဲ ဗြတ်စာတို့ နိုင်ငံအတွက် အရေးပါတဲ့ အလှည့်အပြောင်း တစ်ခုဖြစ်လာဖို့ အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ ရွေးကောက် ပွဲကြီး ကျင်းပတော့မယ် ခင်ဗျ။ ဆိုတော့ နိုင်ငံရေး ရပ်ကွက်ကြီး တစ်ခုလုံးလည်း လှုပ်လှုပ်ရွရွပေါ့ ခင်ဗျာ။

ဗြတ်စာတို့ကလည်း ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အပြောနဲ့မဟုတ်၊ အလုပ်နဲ့ သက်သေပြမယ့်သူ၊ ကိုယ် ပျောက် ကိုယ်စားလှယ်တော် (မဲပေး ပြီးရင် ပျောက်သွားတတ်တဲ့ ကိုယ်စား လှယ်တော်) မဟုတ်တဲ့ ကိုယ်စားလှယ် လောင်းလျာတွေ ဘယ်သူဖြစ်မလဲ ဆို တာ စိတ်ဝင်တစားနဲ့ စောင့်ကြည့် နေရပါသဗျ။
ဗြတ်စာတို့လို ပြည်သူ တွေက စိတ်ဝင်စားလေ သက်ဆိုင်ရာ ပါတီတွေကလည်း သူတို့ပါတီက ဘယ်ကိုယ်စားလှယ်လောင်းတွေ ဝင် ရောက် ယှဉ်ပြိုင်မယ်ဆိုတာကို ထိပ် တန်း လျှို့ဝှက်ချက်အလား ထိန်းချုပ် ထားလေပဲ ခင်ဗျ။ ကစားကွက်တွေ အတွက် အကွက်တွေရွှေ့ဖို့ ထိန်းချုပ် ထားသလိုပါပဲဗျ။ ကိုယ်စားလှယ်လောင်း တင်သွင်းရမယ့် နောက်ဆုံးကန့်သတ် ချက်ရက်တွေ နီးလာချိန်အထိ တောင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် တွေဆီမှာ စာရင်းလာရောက် တင်သွင်း သူ အနည်းအကျဉ်းပဲ ရှိသေးတယ် ဆိုတာ သတင်းတွေ ကြားသိရပါတယ်။

ဒီလို ကော်မရှင်မှာ စာရင်းလာ ရောက်တင်သွင်းသူ နည်းသေးခြင်း ကလည်း သက်ဆိုင်ရာ ပါတီတွေရဲ့ နည်းဗျူဟာ တစ်ခုပေလားလို့တောင် ထင်ရပါတယ်။ တစ်ဖက်က ကြည့်ပြန် တော့လည်း ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ရာ သတ်မှတ်အရည် အချင်း နဲ့ ကိုက်ညီတဲ့ ကိုယ်စားလှယ်လောင်း လျာတွေ ရှားပါးတာ ဖြစ်နိုင်သလို ပါတီ တွင်းမှာ အချင်းချင်းဝေစု မတည့်တဲ့ ကိစ္စတွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စတွေ လည်း ရှိနိုင်တယ်လို့ ဗြတ်စာ ခန့်မှန်း မိပါတယ်။ တချို့ နိုင်ငံရေး ပါတီတွေဆို စည်းရုံးရေးကာလတွေမှာ လူငယ်တွေ ကို ဦးစားပေးမလိုလို သတင်းကြောင့် လူငယ်တွေက တက်တက်ကြွကြွလုပ်။ ရွေးကောက်ပွဲနီးတော့မှ ကိုယ်စားလှယ် တွေက မိုးပေါ်က ကျလာ။ အရင် စိတ်ကူး အိပ်မက်မက်ထားတဲ့ လူငယ် ခြေတက်တွေက စိတ်ပျက်။ ပါတီတွင်း စည်းလုံး ညီညွတ်မှုတွေတောင် အတင်း တုတ်တဲ့အထိ ရောက်နေတာ ဗြတ်စာ တော့ မြင်တွေ့ ကြားသိနေရပါသဗျ။
ဒီအတောအတွင်းမှာပဲ ပါတီကြီး တစ်ခုက တတ်သိပညာရှင်ကြီးတွေ ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်း ကြောင့် အားရဝမ်းသာ ဖြစ်မိတဲ့သူတွေ ရှိသလို စိုးရိမ်တဲ့သူတွေလည်း ရှိတယ် ခင်ဗျ။

ဟုတ်ကဲ့ . . ဗြတ်စာလည်း စိုး ရိမ်တဲ့ သူအထဲ ပါပါတယ်ခင်ဗျ။ တကယ့်ကို တတ်သိပညာရှင်တွေ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင် မယ်ဆိုတာကြောင့် ဗြတ်စာလည်း ပထမတော့ ဝမ်းသာအားရ ဖြစ်မိပါ သဗျ။ ဗြတ်စာတို့ တစ်သက်လုံး အာဏာဆိုတာ တစ်ကျောင်းတည်း ထွက်တွေဆီကပဲ စီးဆင်းလာတာကို တွေ့ကြုံခဲ့ရတာမို့ ခုလို ကျောင်းပေါင်း စုံက တက်လာမယ့် ပညာရှင်တွေ ပါလာမယ်ဆိုတော့ ဝမ်းသာသပေါ့ ဗျာ။ ဒါပေမယ့်လည်း အဲဒီပါတီက နိုင်ငံရေး သမားကြီးတွေ ပြောသလို ပညာတတ် တွေတော့ ပါပါရဲ့၊ အဲဒီပညာတတ် တွေက နိုင်ငံရေးသမားမဟုတ်တော့ ခက်တယ်ဆိုသလို ဗြတ်စာတို့ မျှော်လင့် တောင့်တတာက ပါတီနိုင်ငံရေးသမား ပညာရှင်တွေ လိုတာ ခင်ဗျ။ ပညာတတ် တွေ၊ ပညာရှင်တွေများ ပြန်ရင်လည်း ဗြတ်စာတို့လူမျိုး ဓလေ့အရ ပညာ မာနတွေ၊ ပြိုင်ကြ ဆိုင်ကြတာတွေနဲ့ အကွဲအပြဲတွေ ဖြစ်ကြမှာကို ဗြတ်စာ စိုးရိမ်မိပါတယ်။ ဗြတ်စာ လိုချင်တာက ပညာတတ်၊ ပညာရှင် ဖြစ်ပြီး ပြည်သူ အကျိုးအတွက် ဆောင်ရွက်နိုင်တဲ့ ကိုယ်စားလှယ်၊ ပြည်သူကို ဦးဆောင် နိုင်တဲ့ ကိုယ်စားလှယ်၊ ပြည်သူ့ခံစား မှုကို ကိုယ်ချင်းစာ နားလည်ပေးနိုင်တဲ့ ကိုယ်စားလှယ်မျိုးကို လိုချင်တာခင်ဗျ။ ပညာမာန်ကြောင့် ပြည်သူနဲ့ ကင်းကွာ တဲ့ ပညာရှင်မျိုး၊ သီအိုရီတွေ ရွတ်ပြ နေတဲ့ ပညာရှင်မျိုးကိုတော့ ဗြတ်စာ မလိုချင်ပါ ခင်ဗျ။

ပညာရှင်တွေ များလွန်းပြန်တော့ လည်း ငါးသိုင်းများ ဟင်းဟုန်ဆို သလိုဖြစ်မှာလည်း စိုးတယ်ခင်ဗျ။ ပညာရှင်တွေ အချင်းချင်း ငြင်းခုံနေရင်း နဲ့တင် လွှတ်တော် သက်တမ်းကုန်သွား မှာလည်း စိုးပါတယ်။ ဒါကြောင့်မို့ ပညာရှင်တွေ အများကြီးပါတယ်ဆိုတဲ့ အချက် တစ်ခုတည်းတင် ဂုဏ်ယူမနေ ဘဲ ပြည်သူအကျိုး ဘယ်လောက် ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ မှတ်ကျောက် ပေါ်သာ ဂုဏ်ယူတတ်ဖို့ ဗြတ်စာပြော ချင်ပါတယ်။

ခုလာမယ့် ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပြည်သူတွေရဲ့ သဘောထား ကို လေ့လာကြည့်လိုက်တဲ့အခါ အခြေခံ အားဖြင့် နှစ်မျိုးကွဲပြားတာ ဗြတ်စာ တွေ့ရပါတယ်။ ကိုယ်စားလှယ် လောင်း ဘယ်သူဖြစ်ဖြစ် ပါတီအတွက် မဲပေး မယ်ဆိုတဲ့ သူရယ်၊ ပါတီမကြည့် ဘူး၊ လူကိုကြည့် မဲပေးမယ်ဆိုတဲ့သူရယ် ဆိုပြီး နှစ်မျိုးကွဲပြားတာ တွေ့ရပါ တယ်။ ဒါကြောင့်မို့ ပါတီတွေ အနေနဲ့ မဲအပြတ်အသတ် နိုင်စေ့ချင်ရင်တော့ ပါတီကိုယ်စားလှယ်လောင်းရွေးတဲ့ အခါ လူကောင်းကို ရွေးဖို့လိုတယ်ဆို တာ ထင်ရှားပါတယ်။ တစ်ဖက်ပြိုင် ဘက်ကို အထင်သေးပြီး နိုင်မှာပါပဲ ကွာဆိုတဲ့ အတွေးတွေးမိပြီး အရည် အချင်းမပြည့်ဝတဲ့ ကိုယ်စားလှယ်မျိုး ရွေးချယ်မိရင် တစ်ဖက်က အသင့်အတင့် လက်ခံနိုင်ဖွယ်ရှိတဲ့ ကိုယ်စားလှယ် လောင်းဖြစ်နေခဲ့ရင် မဲတွေပြန့်သွား မယ့်အရေးကြိုတွေး ထားဖို့လည်း လိုပါ တယ်။

နောက်တစ်ချက်က ကိုယ်စား လှယ်လောင်း အရည်အသွေးကို ရေတို အတွက်မဟုတ်ဘဲ ရေရှည်အတွက်ပါ ကြိုတွေးထားဖို့ လိုပါတယ်။ ရွေးကောက် ပွဲနိုင်ခဲ့ရင် အစိုးရဖွဲ့နိုင်လောက်တဲ့၊ အစိုးရကို ဦးဆောင်နိုင်တဲ့ အရည် အသွေးပြည့် ကိုယ်စားလှယ်တွေ ဖြစ်တဲ့ အထိ တင်ကြိုတွေးဆ ရွေးချယ်ထားဖို့ လိုပါတယ်ခင်ဗျ။ အဲဒီရွေးချယ် ခံရ မယ့် ကိုယ်စားလှယ်လောင်းတွေကလည်း အချိတ်အဆက် မိမိ ကစား တတ်တဲ့၊ အနam တသမု အပြည့် ကစားနိုင်စွမ်းရှိ တဲ့ ကိုယ်စားလှယ်လောင်းတွေဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ရွေး ကောက်ပွဲအလွန် ကာလတွေမှာ ဗြတ်စာ တို့ တိုင်းဒေသကြီးဟာ နှစ်ပေါင်းများစွာ နစ်ခဲ့ရတဲ့နွံထဲကနေ ရုန်းကန်ထွက်နိုင် မှာ ဖြစ်ကြောင်းပါဗျ။