မြိတ်တွင် ဒေသန္တရ လူမှုအခြေအနေ စစ်တမ်းကောက်

0
523

မြိတ်မြို့နယ်အတွင်းရှိ ဒေသန္တရ လူမှုအခြေအနေအတွက် ဇူလိုင်လ ၂၄ ရက်နေ့မှစပြီး အိမ်ထောင်စု ၁၀၀ ကို စစ်တမ်းကောက်ယူလျက်ရှိကြောင်း မြိတ်မြို့နယ် စီမံကိန်းဦးစီးဌာနရုံး တာဝန်ရှိ သူထံမှ သိရသည်။

ကျေးရွာသုံးရွာနှင့် မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်တို့တွင် ဇူလိုင်လ ၂၉ ရက်နေ့ အထိ စစ်တမ်း ကောက်ယူ သွားမည်ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
စစ်တမ်းကောက်ယူမည့် မြို့ပေါ် ရပ်ကွက်များမှာ မြိတ်တောင်နယ်မြေ၊ ကန်ခေါင်းနှင့် မြစ်ငယ်ရပ်ကွက်၊ ကျေး ရွာများမှာ တောင်ရှည်၊ ကလွင်၊ စန္ဒ ဝတ်ကျေးရွာတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းကောက်ယူခြင်းကို တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)တို့ ပူးပေါင်းဆောင်ရွက်လျက် ရှိသော ကလေးသူငယ် ဂရုပြု ဒေသန္တရ လူမှုရေး စီမံကိန်းများ ရေးဆွဲရေးလုပ်ငန်း စဉ်၏ အခြေခံကျသော လုပ်ငန်းတစ်ရပ် ဖြစ်ကြောင်း စီမံကိန်းရုံးမှ သိရသည်။
တိုင်းအတွင်းရှိ မြို့နယ် ၁၀ မြို့နယ် လုံးတွင် စစ်တမ်းများ ကောက်ယူသွား မည်ဖြစ်ကာ မြို့တစ်မြို့တွင် အိမ်ထောင်စု ၁၀၀ နှုန်း၊ မြို့ပေါ်ရပ်ကွက် သုံးရပ်ကွက်နှင့် ကျေးရွာ သုံးရွာနှုန်းဖြင့် စစ်တမ်းများ ကောက်ယူသွားမည်ဟု စီမံကိန်းဦးစီးရုံးမှ သိရသည်။

စစ်တမ်းများ ကောက်ယူခြင်းကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိ သူများ၊ စီမံကိန်းရုံး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း စသည့် ဝန်ထမ်းများနှင့် ရပ် ^ ကျေး အထောက် အကူပြုအဖွဲ့ဝင်များ နှင့်အတူ ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
“မိသားစုရဲ့ စားဝတ်နေရေး၊ ပညာ ရေး၊ ကျန်းမားရေး အခြေအနေ ဘယ်လိုရှိ လဲဆိုတာ မေးမြန်းတာပါ၊ ဘာအတွက် မေးသလဲဆိုတာက အတိအကျ မသိပါဘူး” ဟု မြိတ်တောင်နယ်မြေမှ ဦးဆန်းလွင်က ပြောသည်။

ယင်း စစ်တမ်းမှ ရရှိလာမည့် သတင်း အချက်အလက်များသည် မူဝါဒချမှတ် သူများ၊ စီမံကိန်း ရေးဆွဲသူများအတွက် လာမည့် ၅ နှစ် ဘက်စုံဖွံ့ဖြိုးမှု စီမံကိန်းနှင့် နှစ်အလိုက် စီမံကိန်းများ၊ အထူးသဖြင့် လူမှုရေးကဏ္ဍများအတွက် စီမံကိန်းများ ရေးဆွဲရာတွင် အသုံးဝင်မည်ဖြစ်ကြောင်း မြို့နယ် စီမံကိန်းဦးစီးရုံးမှ သိရသည်။