တနင်္သာရီတွင် ၇ နှစ်အရွယ် ကလေးတစ်ဦး ဓားဖြင့် ထိုးသတ်ခံရ

0
450

တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စု ကျွဲထိန်းကုန်းကျေးရွာမှ အသက် ၇ နှစ်အရွယ် ကျောင်းသူတစ်ဦး ဇူလိုင်လ ၂၉ ရက်နေ့က ဓားဖြင့် ထိုးသတ်ခံရသည်ဟု တနင်္သာရီမြို့နယ်ရဲစခန်းမှ သိရသည်။

အဆိုပါ ဒုတိယတန်း ကျောင်းသူသည် နေအိမ်ပေါ်တွင် စာကျက်နေစဉ် ဖခင် နှင့် ရန်ငြိုးရှိသည်ဟုဆိုသည့် အမျိုးသားတစ်ဦးက တက်လာပြီး ဓားဖြင့် ၇ ချက် ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လည်ပင်း၊ နောက်ကျောနှင့် ဓါးတို့တွင် ဓါးဒဏ်ရာများရရှိခဲ့ပြီး နေအိမ်မှ တနင်္သာရီဆေးရုံသို့ တင်ပို့စဉ် လမ်းခုလတ်တွင် သေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖခင်နှင့် ရန်ငြိုးရှိသည့်ကိစ္စကို သိရှိရန် တနင်္သာရီ ရဲစခန်းနှင့် တနင်္သာရီမြို့ခံ တို့ကို မေးမြန်းသော်လည်း ရှင်းရှင်းလင်းလင်း မသိခဲ့ရပေ။
လက်ရှိတွင် အဆိုပါကျောင်းသူအား ဓားဖြင့် ထိုးသတ်ခဲ့သူကို ဖမ်းဆီးထားပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။