မွန်တွင် တပ်တွင်း မဲရုံ ၆၁ ရုံ ထားမည်

0
559

လာမည့် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း၌ မဲရုံပေါင်း ၉၃၄ ရုံထားရန်လျာထားပြီး တပ်မတော်သား များအတွက် တပ်တွင်းမဲရုံ ၆၁ ရုံ ထား မည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

တပ်တွင်းမဲရုံများအတွက် မဲရုံဝန် ထမ်းကို တပ်မတော်သားများအားခန့် ထားမည် မဟုတ်ဘဲ ရွေးကောက်ပွဲ စောင့် ကြည့်လေ့လာသူများ၊ မီဒီယာသမားများ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ရှိ မည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးဟိဏ်း လင်းထက်က ပြောသည်။
“မဲရုံကတော့ အရပ်ဘက် မဲရုံပဲဖြစ် ဖြစ် တပ်ထဲမှာပဲဖြစ်ဖြစ် ကေအန်ယူနယ် မြေထဲက မဲရုံဖြစ်ဖြစ် ရပိုင်ခွင့်ကအတူတူ ပဲဖြစ်ရမယ်၊ ပြည်သူတွေ လွတ်လွတ်လပ် လပ်မဲထည့်နိုင်အောင် စီမံထားတယ်” ဟု ဦးဟိဏ်းလင်းထက်က ပြောသည်။

မွန်ပြည်နယ်တွင်လျာထားသည့် မဲရုံများအတွက် မဲရုံဝန်ထမ်းအင်အား ၁၈၀၀၀ ခန့် ခန့်အပ်သွားရန် လျာထား ကြောင်း ပြည်နယ်ကော်မရှင်ထံမှ သိရ သည်။
မဲဆန္ဒရှင် ၃၀၀ မှ ၃၀၀၀ ထိရှိလျှင် မဲရုံတစ်ရုံထားရန်သတ်မှတ်ထားပြီး မဲရုံတစ်ရုံတွင် မဲရုံမှူး ၁ ဦး၊ ဒုတိယ မဲရုံမှူး ၁ ဦး၊ မဲစာရင်းစစ်ဆေးသူ ၃ ဦး၊ ဆန္ဒမဲလက်မှတ်ထုတ်ပေးသူ ၃ ဦး၊ မဲရုံ လုံခြုံရေး ၁ ဦးနှင့်လက်များကို မှင်တို့ ပေးမည့်အဖွဲ့ဝင် ၁ ဦး စုစုပေါင်း မဲရုံ ဝန်ထမ်း ၁၀ ဦး သတ်မှတ်ထားပြီး လိုအပ်ပါက မဲရုံဝန်ထမ်း တိုးချဲ့ခန့်အပ် နိုင်ကြောင်း ရပ်/ကျေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်တွင် ဖော်ပြထားသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ တွင်ကျင်းပမည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ဘီးလင်းမြို့နယ်အတွင်းရှိ ဘောနော်ခီး ကျေးရွာအုပ်စုတစ်ခုမှအပ ကျေးရွာအုပ်စု အားလုံးတွင် ရွေးကောက်ပွဲကျင်းပနိုင် မည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မ ရှင်က ပြောသည်။