မောင်းမကန်ကမ်းခြေ ရန်ပွဲ လူသေဆုံးမှု တရားခံဟု သံသယရှိသူ ငါးဦးဖမ်းမိ

0
554

မောင်းမကန်ကမ်းခြေ၊  လှိုင်းဧရာ စားသောက်ဆိုင်အရှေ့တွင် ရန်ဖြစ်ကာ အုပ်စုလိုက် ရိုက်နှက်ရာမှ လူသေဆုံး မှုဖြစ်ခဲ့သည်နှင့် ဆက်စပ်သည်ဟု သံသယ ရှိသူ ငါးဦးအား မောင်းမကန် နယ်မြေ ရဲစခန်းမှ ဖမ်းမိထားကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။


ဇူလိုင်လ ၂၇ ရက်နေ့ည ၁၂ နာရီ ခန့်က မောင်းမကန်ကမ်းခြေရှိ လှိုင်းဧရာ စားသောက်ဆိုင်ရှေ့တွင် ယင်းဆိုင်မန်နေ ဂျာအား အမည်မသိ လူငယ်တစ်စုက ဝိုင်းရိုက်နှက်ခဲ့သည့်အတွက် ရိုက်ခံရ သည့် မန်နေဂျာအား မောင်းမကန် တိုက်နယ်ဆေးရုံသို့ ပို့ခဲ့ရာ ဇူလိုင်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် သေ ဆုံးသွားခဲ့ကြောင်း မောင်းမကန် နယ်မြေ ရဲစခန်းထံမှ သိရသည်။

ယင်းသေဆုံးမှုနှင့် ဆက်စပ်သည့် ကျူးလွန်သူများအား လိုက်လံဖမ်းဆီး ရာက ဇူလိုင်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် တရားခံဟု သံသယရှိသူ ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း မောင်းမကန် နယ်မြေ ရဲစခန်းထံမှ သိရသည်။”အုပ်စုနဲ့ တစ်ယောက် ရန်ဖြစ် တယ်လို့ပဲ ကြားတယ်။ ကိုယ်တိုင် မမြင်ရ တော့ အတိအကျမသိဘူး” ဟု မောင်း မကန် ကျေးရွာဒေသခံ လူငယ်တစ်ဦးက ပြောသည်။

သေဆုံးသူမှာ အသက် ၂၈ နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဝဲဘက် နားထင်နှင့် ယာဘက် ဂျိုစောင်းတွင် ဖူး ရောင် ဒဏ်ရာများရရှိခဲ့ကာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရ သည်။
အဆိုပါ သေဆုံးမှုကို မောင်းမကန် နယ်မြေရဲစခန်းမှ ပုဒ်မ ၃၀၂ လူသတ်မှု အဖြစ် အမှုဖွင့်ကာ တရားခံဟု သံသယ ရှိသူ ငါးဦးကို လောင်း လုံးမြို့မရဲစခန်း အချုပ်တွင် ဖမ်းဆီးထားကြောင်း ထားဝယ် ခရိုင်ရဲ တပ်ဖွဲ့ထံမှ သိရသည်။