စိတ်ဓာတ် သန်စွမ်းသူများ ဖြစ်ကြပါစေ

0
736

မသန်စွမ်းသူများလို့ ပြောလိုက်ရင် ကျွန်တော်တို့က ကိုယ်လက်အင်္ဂါ မသန် စွမ်းသူများကို ပြေးမြင်မိကြမှာပါ။ ဒီနေ ရာမှာ ကျွန်တော်ကတော့ ကိုယ်လက် အင်္ဂါ မသန်စွမ်းသူတွေအပြင် စိတ်ဓာတ် မသန်စွမ်းသူများကိုပါ မသန်စွမ်းသူ စာ ရင်းမှာ ထည့်သွင်းချင်ပါတယ်။

ဘာဖြစ် လို့လည်းဆိုတော့ တချို့က ကိုယ်လက် အင်္ဂါ မသန်စွမ်းပေမယ့် စိတ်ဓာတ်သန် စွမ်းသူတွေလည်း ရှိပါတယ်။ မသန်ပေ မယ့် စွမ်းသူများ ဖြစ်ကြပါတယ်။ တချို့ လူတွေကြတော့ ကိုယ်အင်္ဂါ သန်စွမ်းကြ ပေမယ့် စိတ်ဓာတ်တွေက မသန်စွမ်းကြပါ ဘူး။ အဲဒီလိုလူမျိုးတွေကိုတော့ သန်ပေ မယ့် မစွမ်းသူများလို့ ပြောချင်ပါတယ်။ စိတ်ပေါ့သွပ်နေသူများကို မဆိုလိုပါ။

မသန်ပေမယ့် စွမ်းတဲ့သူတွေ ကမ္ဘာ မှာရော မြန်မာမှာပါ ပြစရာလူတွေ အများ ကြီးပါ။ ဥပမာ စတီဖင်ဟော့ကင်းကို ကြည့်ပါ။ သူဟာ အိုင်ကျူအမှတ် ၁၆၀ ရသူပါ။ ကြွက်သားများကို ထိန်းချုပ် သော ဦးနှောက် အာရုံကြော ပျက်စီးမှု ရောဂါကြောင့် အကြောများ တုံ့ဆိုင်းလာ ကာ သွက်ချာပါဒဖြစ်လာသည့် ကမ္ဘာ ကျော် ရူပဗေဒပညာရှင်တစ်ဦးပါ။
dw
သူဟာ တစ်ကမ္ဘာလုံးက အံ့ဩရ လောက်အောင် ဥာဏ်ရည်ထက်မြက်သူ တစ်ဦးပါ။ တစ်ကိုယ်လုံးနီးပါး လှုပ်ရှား လို့ မရတော့ပေမယ့် သူဟာ အိပ်မက် တွေကို ဆက်လက်အကောင်အထည် ဖော်ခဲ့သူတစ်ဦးပါ။ နောက်ပြီး ဂီတပညာ ရှင်ကြီး ဗီသိုဘင်ဟာလည်း နားမကြား ပေမယ့် ကမ္ဘာကျော် ဂီတလက်ရာမွန် များစွာကို ဖန်တီးပေခဲ့သူပါ။ နောက်တစ် ဦးကတော့ ဗူချီနစ်(ခ်)ပါ။ သူမှာ ခြေ ထောက်နှစ်ဖက်စလုံးမရှိပါဘူး။

လက် မောင်းရင်းလောက်သာရှိတဲ့ လက်တိုတို လေးမှာ လက်ချောင်း သေးသေးလေး တစ်ချောင်းနှစ်ချောင်းလောက်ပဲ ရှိသူပါ။ ဒါပေမယ့် သူဟာ နိုင်ငံပေါင်းများစွာ ကို လှည့်လည်ပြီး ဟောပြောပို့ချပေးသူ တစ်ဦးဖြစ် လာပါတယ်။ နောက်တစ်ဦး ကတော့ ကျွန်တော်တို့ ဒသမတန်း အင်္ဂလိပ်စာပြဋ္ဌာန်း စာအုပ်ထဲမှာပါတဲ့ ဟယ်လင်ကယ်လာ အကြောင်းကိုတော့ တော်တော်များများ သိကြမှာပါ။ သူမဟာ မွေးဖွားလာစဉ်တုန်းက သွက်လက် ထက် မြက်တဲ့ ကလေးတစ်ဦး ဖြစ်ခဲ့ပေမယ့်လည်း သူမ အသက် ၂ နှစ်နီးပါးလောက် ထူး ဆန်းတဲ့ အဖျားရောဂါကြောင့် ဆွံ့အ နား မကြားတဲ့ မျက်မမြင်ကလေး တစ်ယောက် ဖြစ်သွားပါတယ်။ ဒါပေမယ့် နောက်ပိုင်း မှာတော့ သူဟာ စကားလည်း ပြောလာ နိုင်တဲ့ အပြင်နာမည်ကျော် ကောလိပ် တစ်ခုဖြစ်တဲ့ ရက်ကလစ် ကောလိပ်ကနေ ဘွဲ့ရခဲ့တဲ့အပြင် အခြားသော တက္ကသိုလ် တစ်ခုက ဂုဏ်ထူးဆောင် ဘွဲ့ပေးခဲ့ပါ သေးတယ်။ သူဟာ စာရေးဆရာမတစ်ဦး လည်း ဖြစ်လာပါတယ်။ ဒါ့အပြင် နိုင်ငံ ပေါင်းများစွာကို သွားရောက်လည်ပတ်ခဲ့ ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို လည်း သူရောက်ခဲ့ပါသေးတယ်။ တခြား ခြားသော ပုဂ္ဂိုလ်ပေါင်းများစွာလည်း ရေး ပြမယ်ဆို မကုန်နိုင်ပါဘူး။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆို လည်း ပန်းချီဆရာကြီး ပေါ်ဦးသက် ဆိုရင် စစ်လက် ကျန်ဗုံးသီး ဆော့ကစား ရင်း ပေါက်သွားလို့ သူ့ရဲ့ညာဖက်လက် တစ်တောင်ဆစ်နားကနေပြီးတော့ ပြတ် သွားခဲ့ပါတယ်။ ဒါပေမယ့် ဘယ်ဖက် လက်နဲ့ ပန်းချီဆွဲနိုင်အောင် လေ့ကျင့် ခဲ့လို့ ကမ္ဘာကျော်ပန်းချီ ကားပေါင်း များစွာကို ရေးဆွဲခဲ့တာပါ။ အလားတူပဲ ကျွန်တော်တို့နိုင်ငံမှာ မျက်မမြင်ကျောင်း သားလေးတွေ ဒဿမတန်းစာမေးပွဲ နှစ် စဉ် ဝင်ရောက်ဖြေဆို အောင်မြင်နေကြ တာကို တွေ့ရမှာပါ။ တစ်ချို့ဆို ဂုဏ်ထူး တွေနဲ့ အောင်ကြတာပါ။

ဒီနေရာမှာ အလျဉ်းသင့်လို့ ချင်း တိုင်းရင်းသားလေး မောင်ဇင်မင်းထက် အကြောင်း အနည်းငယ် ပြောချင်ပါတယ်။ မွေးကင်းစ ကလေးငယ်လေး မောင်ဇင် မင်းထက်ဟာ ဦးနှောက်ကို အောက်ဆီ ဂျင် ရရှိမှု နည်းပါးသွားလို့ မွေးရာပါ အာရုံကြော ချို့တဲ့မှုဖြစ်ပြီး ကိုယ်အင်္ဂါ မသန်စွမ်းမှုကို ခံစားခဲ့ရပါတယ်။
သို့သော်လည်း သူဟာ အခက်အခဲ ပေါင်းများစွာကို တွန်းလှန်ဖယ်ရှားရင်း ၁၀တန်းစာမေးပွဲကို ကိုယ်တိုင်ရေးဖြေ လျှင် အချိန်မမီနိုင်သောကြောင့် ကိုယ် စားရေးဖြေပေးသူရဲ့ အကူအညီနဲ့ သုံး ဘာသာ ဂုဏ်ထူးရအောင် ဖြေဆိုအောင် မြင်ခဲ့ပါတယ်။ သူဟာ အင်ဂျင်နီယာ တစ်ယောက်ဖြစ်ချင်သော်လည်း နည်း ပညာတက္ကသိုလ်ကြီးများကို မြို့နဲ့ အလှမ်း ဝေးတဲ့ နေရာတွေမှာသာ ဖွင့်လို့ သူလိုက် မတက်နိုင်ခဲ့ပါဘူး။ ထို့ကြောင့် အဝေး သင် တက္ကသိုလ်တက်ပြီး ရိုးရိုးဘွဲ့ပဲ ယူခဲ့ ရပါတယ်။ အခုအချိန်မှာတော h သူဟာ ဧဒင်ရိပ်မြုံမှာ အကြံပေးတစ်ယောက် အနေနဲ့ မသန်စွမ်းသူနဲ့ ပတ်သက်တဲ့ စာအုပ်၊ စာတမ်းတွေကို ဘာသာပြန် လုပ်ပေးနေပါတယ်။ ထို့အပြင်ရွှေမင်းသား ဖောင်ဒေးရှင်းမှာလည်း မသန်စွမ်းသူ များအတွက် အခြေခံသင်တန်းတွေပေး နေသည့်အပြင်၊ Hကာညေ Rနူအေငသည ဉ်ငခနမ အဖြစ်လည်း တာဝန်ယူနေပါ သေးတယ်။ နိုင်ငံတကာမှာရှိတဲ့ မသန် စွမ်း အဖွဲ့အစည်းတွေနဲ့အတူ ထိုင်း၊ ကိုးရီးယား၊ နော်ဝေ စတဲ့ နိုင်ငံရပ်ခြား တိုင်းပြည်တွေမှာ အလုပ်ရုံဆွေးနွေးပွဲ တွေ သွားတက်ခဲ့ပြီးပါပြီ။ မသန်ပေမယ့် စွမ်းသူတစ်ဦးပါ။

ဒါ့အပြင် နိုင်ငံ့ဂုဏ်ဆောင် မသန် စွမ်း အားကစားသမားများစွာလည်း ရှိမှာ ပါ။ သူတို့တွေလိုပဲ ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေ ကြသူတွေလည်း တွေ့ရ မှာပါ။ ဥပမာ ရွှေမင်းသား ဖောင်ဒေးရှင်း ကို ဦးဆောင် လုပ်ကိုင်နေတဲ့ ကိုမောင် မောင်တို့လို မျိုးပေါ့။ နောက်တစ်ဦးက တော့ ကျွန်တော် ဒီဆောင်းပါးလေးကို ရေးဖြစ်ဖို့ စိတ်ကူးရစေခဲ့တဲ့သူပါ။ ရုပ်မြင် သံကြားအစီအစဉ်တစ်ခုမှာ သူ့ရဲ့အင်တာ ဗျူးလေးကို ကြည့်နေရင်းနဲ့ ကျွန်တော့်ကို ဒီဆောင်းပါးလေးရေး ဖြစ်စေမယ့် အတွေး လေး ဖြစ်ပေါ် စေခဲ့သူပါ။ သူမကတော့ အများသိပြီးဖြစ်တဲ့ စုပုံချစ်ပါ။ သူမဟာ ဘ၀ကို အရှုံးမပေးဘဲနဲ့ ကြိုးစားလာခဲ့ သူလေးပါ။ တက္ကသိုလ်ဝင်တန်းကို ၃ ဘာသာ ၄ ဘာသာဂုဏ်ထူးလောက်နဲ့ ထူးချွန်စွာ အောင်မြင်ခဲ့သူလေးပါ။ နည်း ပညာတက္ကသိုလ်ကနေပြီးတော့ အင်ဂျင် နီယာ ဘွဲ့ရခဲ့တာပါ။ နောက်ပြီးတော့ သူမဟာ ဩစတြေးလျနိုင်ငံကို ပညာတော် သင် သွားရောက်ခဲ့ပြီးတော့ ဆစ်ဒနီမြို့ မှာရှိတဲ့ The University of New South Wales ကနေပြီးတော့ မာစတာ ဘွဲ့ဖြစ်တဲ့ Master of Policy Studies -MPS ကို မေဂျာ ဘာသာရပ် နှစ်ခုကို ဂုဏ်ထူးရအောင် ကြိုးစားခဲ့သူပါ။ သူမ ဟာ ကွန်ပျူတာကိုလည်း သူမရဲ့ ခြေထောက်လေးတွေနဲ့ ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြု တတ်သူလေးပါ။

ပရဟိတ လုပ်ငန်းတွေကို လုပ် ဆောင်နေသူတစ်ဦးလည်းပဲ ဖြစ်ပါတယ်။ သူမဟာ မသန်ပေမယ့် စွမ်းသူလေးပါ။ လေးစားအားကျဖို့ ကောင်းသူလေးပါ။ ကျွန်တော် အဓိက ပြောချင်တာကိုတော hအခုမှ စပြောရမှာပါ။ သူ့ထက် ကိုယ်အင်္ဂါ သန်စွမ်းပေမယ့် သူ့လောက် စိတ်ဓာတ် မသန်စွမ်းသူတွေ အကြောင်းပါ။
အမျိုးသား ပညာရေးဥပဒေကို သပိတ်မှောက်ကြသည့် ဧရာဝတီ သပိတ် စစ်ကြောင်းတွင် ပါဝင်သောကြောင့်ဟု ဆိုကာ သူမအား နိုင်ငံတော်က ပေးထား သော တိုက်ခန်းအား ပြန်လည်သိမ်းယူခဲ့ ပါတယ်။ ဒါဟာ အတော်ကို ရယ်စရာ ကောင်းပါတယ်။ ကလေးကလားလည်း ဆန်ပါတယ်။ အဲဒီတိုက်ခန်းကို လိုချင် လွန်းလို့ လျှောက်ခဲ့မှာလည်း မဟုတ်ပါ ဘူး။ သူတို့ဘာသာ သူတို့ ပေးထားတာကို သူတို့ ပြန်သိမ်းလိုက်တာပါပဲ။ ပေးလိုက် ပြန်သိမ်းလိုက် လုပ်တာဟာ ကလေး ကလား ဆန်ပါတယ်။ ဒီလူတွေဟာ ယောက်ျားရင့် မာကြီးတွေ ဖြစ်ပြီးတော့ မသန်စွမ်း အမျိုးသမီးငယ်လေးတစ်ဦး လောက်တောင်မှ စိတ်ဓာတ်မသန်စွမ်းသူတွေပါ။ ကျွန်တော်တို့ရဲ့ အစိုးရအဖွဲ့၊ ကျွန်တော်တို့ရဲ့ လူမှုအဖွဲ့အစည်းထဲမှာ အဲဒီလို စိတ်ဓာတ် ရေးရာ မသန်စွမ်းသူတွေ ဘယ်လောက်တောင်များ နေပြီဆိုတာ မသိပါဘူး။ ကိုယ်တိုင် မကြိုးစားပါဘဲနဲ့ သူများဆီက အလကား အချောင်လို ချင်နေသူများဟာ တကယ်တော့ စိတ်ဓာတ်မသန်စွမ်း သူများသာ ဖြစ်ပါတယ်။

ကိုယ်တိုင် လုပ်ဆောင်ဖို့ အရည် အချင်း မပြည့်မီမှန်းသိလျက်နဲ့ သူများကို လွှဲပေးဖို့ ဝန်လေးကြတဲ့သူများဟာ လည်း စိတ်ဓာတ် မသန်စွမ်းသူများပါပဲ။ ဘယ်လိုလူမျိုးတွေဟာ စိတ်ဓာတ် မသန် စွမ်း စာရင်းသွင်းသင့်သလဲဆိုတာ ကိုယ့်ဘာသာ ကိုယ်ပဲ ဆက်တွေး ကြည့်ပါ။
ကိုယ်ကိုယ်တိုင်လည်း အဲဒီ စာရင်း ထဲမှာပါနေသလားဆိုတာ ပြန်သုံးသပ်ဖို့ လိုပါလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ကျွန်တော်တိုက်တွန်း ချင်တာကတော့ ကျွန်တော်တို့ရဲ့နိုင်ငံ၊ ကျွန်တော်တို့ရဲ့လူမှုအသိုင်းအဝိုင်း တိုးတက်ဖို့ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်းအောင် ကြိုးစားရင်း စိတ်ဓာတ်ပိုင်းဆိုင်ရာ သန်စွမ်းသူများဖြစ်အောင် ကြိုးစားကြဖို့တိုက် တွန်းလိုက်ပါရစေ။