ကော့သောင်း ရနောင်း ကုန်သွယ်မှုကျ

0
549

ယခုနှစ်ဘဏ္ဍာနှစ်အတွင်း ကော့သောင်း – ရနောင်း ကုန်သွယ်မှု ဆက်တိုက် ကျဆင်းလာကြောင်း ကော့သောင်းမြို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဦးစီးဌာန နယ်စပ်ကုန် သွယ်ရေးစခန်းထံမှ သိရသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ပို့ကုန်၊ သွင်းကုန် ကုန်သွယ်မူပမာဏ လျာထားချက်ကို ယခင်နှစ်လျာထား ချက်ထက် လျော့ချထားသော်လည်း ငွေဈေးမြင့် တက်လာသဖြင့် ပြီးခဲ့သည့် မေလမှစပြီး ကုန်သွယ်မှုပမာဏ ကျဆင်း လာသည်ဟု အထက်ပါ ကုန်သွယ်ရေး စခန်း ဦးစီးအရာရှိက ပြောသည်။
“ဘတ်ဈေးတွေတက်လာတော့ တစ်ဖက်က ကုန်စည်တွေ တင်သွင်းတဲ့ အခါ အကျိုးအမြတ်အရ နည်းလာတယ်၊ ကုန်သည် တွေအတွက် မကိုက်တော့ဘူး၊ ဒါကြောင့် သွင်းကုန်တွေ ကျဆင်းလာ တာဖြစ်နိုင်တယ်” ဟု ၎င်းက သုံးသပ်သည်။
dw
မိုးရာသီတွင် ဆောက်လုပ်ရေး ပစ္စည်း များလည်း အရောင်းအေးသည့်အတွက် ပို့ကုန်ထက် သွင်းကုန်က ပိုလျော့သည်ဟု သိရသည်။
တိုင်းအတွင်း တခြား မြို့နယ်များရှိ နယ်စပ်ဂိတ်များ တရားဝင် ဖွင့်လှစ်ခဲ့ သည့်နောက်ပိုင်း ကော့သောင်းနယ်စပ်မှ တစ်ဆင့် ကုန်သွယ်မူ ကျဆင်းခဲ့ပြီး ယခု ဘဏ္ဍာနှစ်တွင် နယ်စပ်ကုန်သွယ်ရေး လျာထားချက်ကို လျော့ချခဲ့သည်ဟု ကော့သောင်း နယ်စပ်ကုန်သွယ်ရေး စခန်း ထံမှ သိရသည်။
ဘတ်ငွေဈေးနှုန်းမှာ ယခင်နှစ် ဧပြီလ တွင် ၁ ဘတ်လျှင် ၂၉.၇၅ ကျပ်မှ စတင် တက်လာခဲ့ပြီး လက်ရှိတွင် ၁ ဘတ် ၃၆ ကျပ်အထိ တရိပ်ရိပ်တက်လာခဲ့ကြောင်း ဘတ်ငွေ လဲလှယ်ဈေးကွက်မှ သိရသည်။