ဝါးလုံးခေါင်း ကို ရိုက်ခွဲလိုက်ပါ

0
825

လူတစ်ယောက်က ကိုယ်သိတာ လေးနှင့် ကိုယ့်ဟာကိုယ် အဟုတ်ထင်ပြီး နေသည်ကို ဝါးလုံးခေါင်းထဲတွင် လသာ နေသည်ဟု ပြောလေ့ရှိကြပါတယ်။
အင်မတန် ထိရောက်တဲ့ စကား ဖြစ်ပြီး နာတတ်မည်ဆိုလျှင် အတော် နာစရာကောင်းသည့် စကားဖြစ်သည်။

ယနေ့ခေတ်သည် အင်တာနက် ခေတ်၊ ပညာခေတ်ဟု ဆိုသော်လည်း စာဖတ်ခြင်း အလေ့အထတဖြည်းဖြည်း ပျောက်ဆုံး လာနေသည်ကို တွေ့ရသည်။ ယင်းသို့ ဖြစ်လာသည်မှာ လူအဖွဲ့ အစည်းအတွက် ကောင်းသည့် လက္ခဏာ မဟုတ်။
အလိမ္မာ စာမှာရှိဆိုသည့် စကား အတိုင်း လိမ္မာယဉ်ကျေးသည့် လက္ခဏာ များလည်း တဖြည်းဖြည်း ပျောက်ဆုံး လာနိုင်သည်။ ထို့ကြောင့် စာဖတ်ရန် လိုသည်။ စာဖတ်ခြင်းဖြင့် အသိဥာဏ် ပညာ တံခါးကို ကျယ်နိုင်သမျှ ကျယ် ကျယ်ဖွင့်ရန် လိုသည်။
တချို့ကစာကိုသီးသန့် အချိန်ပေး ပြီး ဖတ်ကြသည်။ တချို့ကရွေးဖတ်သည်။ တချို့က တွေ့ကရာဖတ်သည်။ မည်သို့ ပင်ဖြစ်စေ စာဖတ်နေရန်၊ စbroken-bambooပြီး ဖတ်ဖြစ် ရန်သာ အရေးကြီးသည်။

မွေးရာပါ ပါရမီ မဟုတ်သည့် အတွက်လည်း တဖြည်းဖြည်း ပျိုးထောင် ယူရသည်။ ငယ်စဉ်ကတည်းက လေ့ကျင့် ပျိုးထောင်ပေးလျှင် ရနိုင်ပြီး စာဖတ်ခြင်း အထုံအလေ့ကို စွဲလာပါက အသက် ကြီးလာသည့်အခါလည်း စာဖတ်ခြင်း တွင် မွေ့လျော်မည်ဖြစ်သည်။
ငယ်စဉ်ကတည်းက စာဖတ်သည့် အလေ့အထကို မပျိုးထောင်ခဲ့ပါက အသက်ကြီးလာသည့်အခါ စာတစ်ပုဒ် စာတစ်ကြောင်းကိုတောင်ဖတ်ဖို့ ဝန်လေး နေတတ်တာကို တွေ့ရသည်။ ထို့ကြောင့် ငယ်စဉ်ကလေး ဘ၀ကတည်းက စာဖတ် ခြင်းအထုံကို ရရှိစေရန် လေ့ကျင့်ပျိုး ထောင်နည်း အဆင့်ဆင့်ကို လေ့လာ မှတ်သားထားသမျှ ဖောက်သည်ချချင် ပါသည်။

ပထမကလေးဘ၀အရွယ်
စာမဖတ်တတ်သော်လည်း စာအုပ် ထဲမှ ရုပ်ပုံကလေးများကို ကြည့်တတ် နေမည်။ သဘောကျ နေပါမည်။ မိဘ များက ရုပ်ပုံလေးတွေကို ကြည့်တတ် ချစ်တတ်အောင် အရုပ်မှန်းသိအောင် သင်ပြရပါမည်။

မူကြိုအရွယ်

ရုပ်ပုံလေးများကို ခွဲခြား ပြောပြ တတ်လာပါမည်။ ရုပ်ပုံ ကာတွန်းပုံလေး များနှင့် တွဲ၍ပါလာသည့် စာလုံးလေး၊ စာကြောင်းလေး များကို သတိထားမိ လာပါမည်။ မိဘများက ရုပ်ပုံလေးများ နှင့်တွဲ၍ စာဖတ်ပြနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။ (ကလေး အထူးကုဆရာဝန် ဒေါက်တာ ရဲမြင့်ကျော်၏ အညွှန်း)

မူလတန်းအရွယ်

အရုပ်နှင့်တွဲလျက် စာနည်းနည်း ဖတ်တာလာပါမည်။ သို့သော် စာလုံး၏ အဓိပ္ပာယ်ကို မတွေးတတ်သေး။ ကိစ္စ မရှိပါ။ ကလေးများက ခွေးရုပ်၊ ကြောင် ရုပ် စသည်ဖြင့် သိပြီးသား ဖြစ်နေပါပြီ။ မိဘများက ပုံနှင့်တွဲသည့် စာကြောင်း တွဲများကို ဖတ်ပြပြီးအဓိပ္ပာယ် ပြန်ပြရ ပါမည်။ ဖြစ်နိုင်လျှင် ပုံပြင်များကို အ လွတ်ပြောခြင်းထက် ကလေးများ ရှေ့စာ ဖတ်ပြ၍ ပြောပြခြင်းက အကောင်းဆုံး ဖြစ်သည်။ ပုံပြင်ထဲမှကလေးများ အ ကြိုက် ဇာတ်လိုက်ကျော်များ စာအုပ်ထဲ မှာ ရှိသည်ကို သတိပြုမိလာကြမည် ဖြစ် သည်။ ထိုအချိန်ကာလသည် ကလေး များ စာဖတ်ချင် စိတ်စဖြစ်သည့် အချိန် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

အလယ်တန်းအရွယ်

ရုပ်ပြစာအုပ်၊ ကာတွန်းစာအုပ်များ ကို နှစ်သက်လာမည်။ ဤနေရာတွင် အရေးကြီးသည်မှာ အချို့မိဘများက ကာတွန်း စာအုပ်များ၊ လုပ်ကြံဖန်တီး ထားသည့် ရုပ်ပြ ဇာတ်လမ်းများကို အဓိပ္ပာယ်မရှိ၊ ယုတ္တိမရှိ၊ အလကား စာအုပ်များ၊ ငွေကုန်မခံနှင့် စသည်ဖြင့် အပြစ်မြင်တတ်ပါသည်။ ကလေး၏ စာဖတ်ချင်စိတ်ကို ချိုးနှိမ်သလို ဖြစ် တတ်ပါသည်။ ကလေးက သူ့ဥာဏ်နှင့် သူ့အဆင့်ကို သိပါသည်။ ၎င်းအရွယ် တွင် ကလေးမှာ ဗဟုသုတစာအုပ်များ၊ အသိပညာပေး စာအုပ်များ၊ အတွေးအ ခေါ် စာအုပ်များ၊ စာကြီးပေကြီးများကို ဖတ်တတ် တွေးတတ်ရန် မဖြစ်နိုင်သေး ပါ။ ကလေးများ၏ စိတ်ထဲတွင် ရုပ်ပြကာတွန်း ဇာတ်လမ်းထဲမှ ဇာတ် လိုက်ကျော်များကိုသာ သဘောကျနေရင်း ဖြင့် ကျေနပ်နေတတ်ပါသည်။ တဖြည်း ဖြည်းနှင့် နောက်တစ်ဆင့်တက်လာ မည်ဖြစ်သည်။

အထက်တန်းအရွယ်
ကဗျာ၊ ဝတ္ထုစာအုပ်များ၊ အချစ် အကြောင်းများ ဖတ်ကြည့် ဖတ်တတ် လာပါမယ်။ ဗဟုသုတ စာအုပ်များလည်း ဖတ်ကြည့် မှတ်သိတတ်လာပါမည်။ ထိုအဆင့်မှာလည်း အလွန် အရေးကြီး ပါသည်။ မိဘက အမြဲမပြတ် စောင့် ကြည့်ဖို့အချိန်။ စိတ်ကစား တတ်သည့် အရွယ်ဖြစ်၍ ဝတ္ထုထဲကအတိုင်း စွန့်စား ကြည့်ချင်သည့် စိတ်များဝင်တတ် ပါသည်။ သည့်ထက် အရေးကြီးသည်က အတုခိုး မှားတတ်သည့် စာအုပ်များ၊ ညစ်ညမ်းစာအုပ်များကို မဖတ်မိအောင် ဂရုစိုက်ရပါမည်။ ကာကွယ်ရပါမည်။ အကောင်းဆုံးမှာ ဗဟုသုတစာအုပ်များ၊ နိုင်ငံတကာအသိပညာစာအုပ်များ၊ ဖြစ် နိုင်လျှင် ဝယ်ပေးထားပြီး လိုအပ်လျှင် အနီးကပ် စောင့်ကြည့်ဖို့ဖြစ်သည်။ ထိုအရွယ်သည် အဆုံးအမနှင့် စည်း ကမ်းကို လိုက်နာဆင်ခြင်တတ်နေပြီ ဖြစ်၍ ဘာသာရေးအဆုံးအမ စာပေများ ကိုလည်း ဖတ်မှတ်ရန် တိုက်တွန်းဖို့ အကောင်းဆုံးအရွယ် ဖြစ်ပေသည်။
သို့သော် အဘယ်စာအုပ်ကိုဖတ်၊ အဘယ်စာအုပ်ကိုမဖတ်နဲ့ စသည်ဖြင့် ဖိအားပေးလို့တော့မရ။ နည်းပညာ ခေတ်ကြီးတွင် အပြင်လောက၌ လူ အမြင်ခံရန် မတင့်တယ်သည့်စာအုပ်များ အွန်လိုင်းတွင် ရနေနိုင်၍ဖြစ်သည်။ ကလေးများမှာ ငယ်စဉ်ကတည်းက နည်းပညာနဲ့ ကျွမ်းဝင်ပြီးသားဆိုသည် ကိုလည်း ထည့်တွက်ရပါမည်။ ပါးပါး နပ်နပ် ထိန်းတတ်ရန် လိုပေသည်။

တက္ကသိုလ်တန်းအရွယ်
ငယ်စဉ်က စွဲမြဲလာသည့် စာဖတ် ခြင်းအလေ့အထကြောင့် စာနည်းနည်း ရေးတတ်လာပါမည်။ ကဗျာ၊ ဝတ္တု၊ ဆောင်းပါး တိုလေးများဖြင့် တက္ကသိုလ် မဂ္ဂဇင်း စသည်တို့၌ ပါဝင်ရေးဖွဲ့ တတ် လာပါမည်။ စာကောင်း ပေကောင်းများ ကိုလည်း ရွေးဖတ်တတ်လာပါမည်။ မိမိကိုယ်ကို ထိန်းကျောင်းနိုင်သည့် အရွယ်၊ စာပေအသိပညာ ကြွယ်ဝလာ သည့်အရွယ်ဟု ဆိုရပါမည်။ မိဘများ လက်လွှတ် နိုင်သည့်အရွယ် ဖြစ်သည်။ (တေးရေးဆရာ၊ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါး၊ စာရေးဆရာများ စတင်မွေးဖွားသည့် အရွယ်ဟု ဆိုရပါမည်။)

လုပ်ငန်းခွင်ဝင်သည့်အရွယ်

လုပ်ငန်းနှင့် ပတ်သက်သည့် စာပေ များ၊ ဗဟုသုတဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ၊ နည်းပညာ ဆိုင်ရာစာပေများ ရွေးချယ် တတ်လာပါမည်။ နိုင်ငံရေးစာပေများ လည်း စိတ်ဝင်စားသည့် အရွယ်ဖြစ်သည်။ ဒဿနဆိုင်ရာ အတွေးအခေါ်စာပေများ လည်း ဖတ်ဖြစ်မည်။ တရားဓမ္မစာပေ များလည်း စိတ်ဝင်စားတတ်လာပြီး ထိတွေ့ခွင့်လည်း ရလာမည်ဖြစ်သည်။

ဤအရွယ်တွင် အထူးသတိထား ကြည့်မည်ဆိုပါက စာအုပ်စာပေများနှင့် ထိတွေ့ခွင့်ရခဲ့၍ စာပေနှင့် ထိတွေ့ခွင့် မရသူများနှင့် နှိုင်းယှဉ်လျှင် များစွာ ကွာခြား နေလိမ့်မည်ဖြစ်သည်။ စိတ် ဓာတ်များလည်း တည်ငြိမ် ရင့်ကျက်နေ သည်ကို တွေ့ရပါမည်။ ဖြစ်ပျက်သဘော လောကဓံတရားကိုလည်း ခံနိုင်ရည်ရှိလာ သည်ကို တွေ့ရမည်ဖြစ်ပါသည်။

ထိုအရွယ်သည် သမ္မတလည်း ဖြစ် နေနိုင်သည်။ ဝန်ကြီးချုပ်လည်း ဖြစ် နေနိုင်သည်။ လွှတ်တော်အမတ်၊ ပြည်ထောင်စုဝန်ကြီးလည်း ဖြစ်ချင် ဖြစ်နေပါမည်။ ကုမ္ပဏီတစ်ခုရဲ့ MD လည်း ဖြစ်နေနိုင်သည်။ အစိုးရဝန်ထမ်း လည်းဖြစ်ရင်ဖြစ်မည်။ စီးပွားရေး သမားလည်း ဖြစ်ရင်ဖြစ်မည်။ မည်သည့် နေရာမည်သည့်ဘ၀သို့ပင် ရောက်ပါစေ။ စာပေနှင့် ထိတွေ့ခွင့်ရသည့်သူက အခြား သူများထက် အမြော်အမြင် အတွေး အခေါ်၊ အလုပ်အကိုင်ကအစ အသာစီး ရနေမည်ဖြစ်သည်။ ခံယူချက် ဆုံးဖြတ် ချက်များလည်း အမှားနည်းနေလိမ့် မည်ဟု ပြောရဲပါသည်။

လုပ်ငန်းခွင်မှ အနားမယူမီအရွယ်
တတိယ အရွယ်ဟုလည်း ဆိုနိုင် သည်။ တတိယအရွယ်မှာ တရားရှာဟု ကြားဖူးကြပါမည်။ စာပေဝါသနာ အထုံ ရှိသည့် ထိုအရွယ်တွင် တရားရှာရန် မခက်ခဲတော့ပါ။ မည်သည့်စာပေကို ဖတ်ရှုရမည်ကို ရွေးတတ်နေပြီဖြစ်သည်။ အတွေးအခေါ် ဥာဏ်ပညာလည်း ရင့် ကျက်နေပြီဖြစ်၍ တရားဓမ္မစာပေများ ကိုလည်း အလွယ်တကူ နားလည် သဘောပေါက်နိုင်သည့် အခြေအနေဖြစ် ပေသည်။ စာပေအတွေ့အကြုံအရ တရား ဓမ္မာစာပေများ၏ ဝေါဟာရများကို သဘောပေါက် ဆင်ခြင် ကျင့်ကြံ အား ထုတ်နိုင်မည်ဟု ယုံကြည်မိ ပါသည်။
ဖော်ပြပါ အဆင့်များသည် စာဖတ် ခြင်း အထုံဝါသနာကို လေ့ကျင့်ယူရင်း ကြုံတွေ့ရမည့် သာမန်အခက်အခဲနှင့် အကျိုးရလဒ်များဟုဆိုရပါမည်။ သည် ထက်မက ခက်ခဲချင်လည်းခက်ခဲ၍ အကျိုးရလဒ်မှာကား မထင်မှတ်ထား သည့် အကျိုးကျေးဇူးများစွာကို ရရှိပါ လိမ့်မည်ဟု စာရေးသူမှ ရဲရဲကြီး အာမခံ ပါသည်။