ဈေးဝယ်သူနှင့် ရောလိုက်ပြီး ပိုက်ဆံအိတ်နှိုက်

0
509

မြိတ်မြို့ ဆိပ်ငယ်ရပ် ဆိပ်ငယ် ဈေးကြီးအတွင်း ဇူလိုင်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်က ဈေးဝယ်သူများနှင့် ရောလိုက်လာပြီး ပိုက်ဆံအိတ် လုယက်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ယင်းဈေးတာဝန် ခံရုံးထံမှ သိရသည်။

အထည်ဆိုင်တွင် အထည်လာဝယ် သည့် အမျိုးသမီးငယ် ၃ ဦးနှင့်အတူ အမည်မသိ အမျိုးသမီးတစ်ဦး ရောလိုက် လာပြီး ပိုက်ဆံအိတ်ကို နှိုက်သွားခြင်း ဖြစ်ကြောင်း ဈေးတာဝန်ခံရုံးမှ တာဝန်ရှိ သူက ပြောသည်။ “ဆိုင်ရှင်က ပိုက်ဆံအိတ် အနှိုက်ခံ ရသူနဲ့ နှိုက်တဲ့သူတွေကို အတူတူလာ တယ်လို့ ထင်နေတာ၊ အထည်တွေဝယ်ပြီး ငွေရှင်းမယ့်အချိန်မှ ပိုက်ဆံအိတ် အနှိုက် ခံရမှန်းသိရတာ”ဟု အထက်ပါ တာဝန် ရှိသူက ဆိုသည်။
ပိုက်ဆံအိတ်အတွင်းတွင်ငွေ ကိုးသောင်းကျပ်၊ မှတ်ပုံတင်၊ အရေးကြီး စာရွက်စာတမ်းများနှင့် လေယာဉ်လက် မှတ်များ ပါသွားကြောင်း သိရသည်။
dw
ဈေးထဲတွင် ယင်းသို့ ခါးပိုက်နှိုက်မှု မျိုးကို တစ်ခါတစ်ရံမှသာ ကြားရလေ့ရှိ ကြောင်း ဈေးသူ ဈေးသားများက ပြော သည်။
ပိုက်ဆံအိတ်နှိက်ယူသူ မည်သူ မည်ဝါဖြစ်သည်ကို လုံခြုံရေးကင်မရာ အကူအညီဖြင့် ရှာသော်လည်း ကင်မရာရှိ သည့်နေရာနှင့် အခင်းဖြစ်သည့် နေရာ ဝေးသည့်အတွက် ပိုက်ဆံအိတ်နှိုက်သူကို ရှာမတွေ့ဟု ဈေးတာဝန်ခံရုံးမှ သိရသည်။

ယင်းသို့ ခါးပိုက်နှိုက်မှုမျိုး ဖြစ်လေ့ ဖြစ်ထနည်းပြီး တစ်ခါဖြစ်ပြီးပါက အချိန် အကြာကြီး ပျောက်သွားလေ့ရှိကြောင်း ဈေးတာဝန်ခံရုံးမှ ပြောသည်။
အခင်းဖြစ်ပြီး နာရီပိုင်းခန့် အကြာ တွင် ဈေးအပြင်ရှိ အငှား မော်တော်ဆိုင် ကယ် တစ်စီး၏ အိတ်ဇော့ပိုက်အကြား တွင် ပိုက်ဆံအိတ်ကို ပြန်လည်တွေ့ရှိခဲ့ပြီး မှတ်ပုံတင်၊ စာရွက်စာတမ်းများနှင့် လေယာဉ်လက်မှတ်များကိုသာ ပြန်လည် ရရှိခဲ့ကြောင်း ဈေးတာဝန်ခံရုံးမှ သိရ သည်။