တိမ်မြုပ်နေသည့် ရေးမြို့ဟောင်း သမိုင်းကြောင်း စာတမ်းဖတ်မည်

0
704

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့၏ တိမ်မြုပ်နေသည့် ရှေးရေးမြို့ဟောင်းနှင့် ပတ်သက်သည့် သမိုင်းသုတေသန စာတမ်းဖတ်ပွဲကို လာမည့် ဩဂုတ်လ ၂၃ ရက်နေ့တွင် ရေးမြို့နယ်၊ ရန်မျိုး အောင်ရပ်ကွက် မွန်ဓမ္မာရုံ၌ ကျင်းပသွား မည်ဟု စာတမ်းဖတ်ပွဲ ကျင်းပရေး ကော်မတီထံမှ သိရသည်။

ရေးမြို့၏ ရှေးဟောင်းသမိုင်း ကြောင်း၊ ရေးမြို့ဟောင်းနှင့် ပတ်သက် သည့် စာပေကျမ်းဂန်များ ဆက်လက် ဖော်ထုတ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ယင်းစာတမ်းဖတ်ပွဲကို ကျင်းပရန် စီစဉ် ခဲ့ခြင်းဖြစ်ပြီး စာတမ်း ၁၀ စောင်ခန့် ဖတ်ရန် လျာထားကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။
” ရေးမှာလည်း မြို့ဟောင်းရှိတယ်၊ ဒါကိုတူးဖို့ မစဉ်းစားသေးဘူး၊ ဝါခရူလို မျိုး စာတမ်းဖတ်ပွဲတစ်ခုလုပ်ရင် ကောင်း မလားဆိုပြီး တက္ကသိုလ်က ပညာရှင် ဆရာတွေနဲ့ တိုင်ပင်၊ အဲဒါနဲ့ သူတို့ (ဆရာ၊ ဆရာမ) တွေ အချိန်ယူပြီးတော့ လေ့လာမှုတွေ လုပ်တယ်၊ လောလော ဆယ် ဖတ်မယ့်စာတမ်း အကြမ်းတော့ ထွက်လာပါတယ်” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့ ယဉ်ကျေးမှု တာဝန်ခံဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။
dw
ယင်းစာတမ်းများကို မော်လမြိုင် တက္ကသိုလ်မှ ဆရာများ ဦးဆောင်ပြီး ၂၀၁၄ ခုနှစ် ဒီဇင်ဘာလခန့်မှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအထိ ရေးမြို့ ဟောင်းသမိုင်းကြောင်းနှင့် ပတ်သက်ပြီး ရေးမြို့နှင့် အနီးတဝိုက်တို့ကို သုတေ သနပြု လေ့လာခဲ့သည်ဟု သိရသည်။
ရေးမြို့တွင် မြို့ရိုး၊ ကျုံးများ တွေ့ရ သော်လည်း မြို့ဟောင်း၊ မြို့သစ်ခွဲခြား ရန်မှ တူးဖော်သုတေသနပြုပြီးမှ ပြောနိုင် မည်ဟု ရေးမြို့ကို လေ့လာမှုပြုလုပ်ခဲ့ ဖူးသည့် သမိုင်းသုတေသနဦးစီးဌာနမှ အငြိမ်းစား လက်ထောက်ညွှန်ကြားရေး မှူး ဦးစံဝင်းက ပြောသည်။
“သုတေသနနည်းတွေနဲ့ သေချာ ခွဲစိတ် သေချာတူးဖော် သုတေသန လုပ် ပြီးမှ သေချာ ပြောလို့ရတာပေါ့၊ အခုက မြို့ဟောင်းနဲ့ မြို့သစ်နဲ့ ရောနေတာ” ဟု ဦးစံဝင်းက ဆိုသည်။

မော်လမြိုင် တက္ကသိုလ် ပထဝီဌာန အငြိမ်းစား ပါမောက္ခ ဒေါက်တာ ဒေါ်ကြင် စွမ်က ရေးမြို့ခရီးသွားဖွံ့ဖြိုးပုံနှင့် အရင်း အမြစ်များ၊ ဒေါက်တာ မော်မော်အောင်က ရေးမြို့ဟောင်း နောက်ခံစာပေ၊ ဒေါက်တာ ချယ်ရီအောင်က ရေးမြို့ပတ်ဝန်းကျင် သယံဇာတနှင့် ဒေသခံရှိ ပြည်သူတို့၏ ဘ၀၊ ဒေါက်တာဒေါ်ခင်မေအောင်က ရေးမြို့ရှိ မြို့ပြ အမွေအနှစ်သစ်ပင်များ၊ ဒေါက်တာ ခင်သီအောင်က ရေးမြို့ဟောင်း သမိုင်း၊ ဒေါက်တာ ယဉ်ယဉ်အေးက ရေးမြို့ဟောင်းနှင့် ဂဝံယဉ်ကျေးမှု၊ ဂဝံ အခြေပြု အစရှိသည့် စာတမ်းများကို ဖတ်ကြားရန် လျာထားကြောင်း ဒေါက်တာ မင်းနွယ်စိုးထံမှ သိရသည်