တနင်္သာရီမြို့နယ် ရေဖြူ အကျဉ်းစခန်းမှ အကျဉ်းသားများ ထွက်ပြေး

0
515

တနင်္သာရီမြို့နယ် ရေဖြူအကျဉ်း စခန်း စိုက်မွေးစခန်းမှ အကျဉ်သား ၁၄ ဦး ဇူလိုင်လ ၂၀ ရက်နေ့က ထွက်ပြေးခဲ့ပြီး ၁၀ ဦး လွတ်မြောက်နေကြောင်း တနင်္သာရီ မြို့နယ်ရဲစခန်းမှ သိရသည်။

dw
ရေဖြူကျေးရွာရှိ ယင်းစိုက်မွေးစခန်း တွင် စိုက်ခင်းနှင့်လယ်ယာမြေများ ပြုပြင် နေစဉ် အကျဉ်းသား ၄၀ ဦး အနက် ၁၄ဦး ထွက်ပြေးခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါ ရဲစခန်းမှ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။ထွက်ပြေးသွားသည့် အကျဉ်းသား များအနက် ၃ ဦးကို ရေဖြူ ဧည့်ရိပ်သာ အနီးတွင် ချက်ခြင်း ဖမ်းမိခဲ့ကြောင်း အထက်ပါရဲစခန်းမှ သိရသည်။

ထို့အပြင် နောက်ထပ် အကျဉ်းသား တစ်ဦးကို ဇူလိုင်လ ၂၂ ရက်နေ့က ရေဖြူ ကျေးရွာမှ ၂ မိုင်ခန့် အကွာရှိ ဝံသေအင်း ကျေးရွာ ရေချိုချောင်း တစ်နေရာတွင် ရေနစ်သေဆုံးလျက်တွေ့ရှိကြောင်း သိရ သည်။ လက်ရှိတွင် ထွက်ပြေးနေသော အကျဉ်းသား ၁၀ဦးကို ဖမ်းဆီးရမိရန် သက်ဆိုင်ရာ တာဝန်ရှိသူများက အရန် မီးသတ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ တနင်္သာရီ မြို့နယ်၊ ရေဆိပ်၊ ကားဂိတ်၊ တနင်္သာရီ တံတားတို့တွင် ပိတ်ဆို့ ရှာဖွေစစ်ဆေး နေပြီး မောတောင် နယ်စပ်တွင်လည်း ရှာဖွေ စစ်ဆေးသွားမည်ဟု အထက်ပါ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်က ရှင်းပြသည်။

တနင်္သာရီမြို့နယ်ရှိ ကျေးရွာများ သို့ အကျဉ်းသားများ ဝင်ရောက်လာပါ က ဖမ်းဆီးထားရန် အကြောင်းကြား ထားပြီး ရေနစ်သေဆုံးသည့် အကျဉ်းသား တစ်ဦးကိုလည်း သေမှုသေခင်းဖြင့် တနင်္သာရီမြို့ နယ်ရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။