အင်းလေးမြိုင် မြေကိစ္စ ညှိနှိုင်းရန် လမ်းဖွင့်ထားဟု နေထိုင်သူများနှင့် တရားစွဲခံထားရသူများဆို

0
500

မြိတ်မြို့နယ် မြိတ်တောင် ကျေးရွာ အုပ်စု အင်းလေးမြိုင်ရပ်ကွက် စက်မှုဇုန် မြေယာကိစ္စ ပြဿနာ ပြေလည်ရေး တခြား နည်းလမ်းဖြင့် ညှိနှိုင်းဖြေရှင်းရန် လမ်းဖွင့် ထားသည်ဟု နေထိုင်သူတစ်ချို့နှင့် တရားစွဲ ခံထားရသူများက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ နေ့စွဲ ဖြင့် ယင်းမြေနေရာပေါ်တွင် နေ အိမ် ၆၈ ဆောင်ကို ဇွန်လ ၈ ရက်နေ့ နောက်ဆုံး ထားပြီး ဖြိုဖျက် ဖယ်ရှားပေးရန် တရားလို ထူးထူးတိုး ကုမ္ပဏီ၏ မြိတ်ဌာန တာဝန်ခံ ဦးသန့်ဇင်ထွန်း၏ အကျိုးဆောင် ရှေ့နေမှ စာဖြင့် အသိပေး အကြောင်းကြားခဲ့ပြီးနောက် နေအိမ် ၁၀ ဆောင်ကို ဇူလိုင်လ ၆ရက်နေ့က နှင်လိုမှုဖြင့် စတင် တရားစွဲဆိုထားသည်ဟု တရားစွဲဆို ခံထားရသူများထံမှ သိရသည်။
လက်ရှိ ဖယ်ရှားခိုင်းသည့် နေအိမ် ၆၈ ဆောင်ဝင်ဆံ့သည့် မြေဧရိယာ တစ်ခုခုကို ကုမ္ပဏီပိုင်အဖြစ် သတ်မှတ်သည့် နည်းလမ်း ဖြင့်ဖြစ်စေ သို့မဟုတ် မြေယာများကို ကုမ္ပဏီ နှင့် နေထိုင်သူများမှ တစ်ဝက်စီ သတ် မှတ်ပေးသည့် ပုံစံမျိုးဖြစ်စေ ညှိနှိုင်းမည် ဆိုပါက လက်ခံပေးသွားနိုင်သည်ဟု တရား စွဲဆို ခံထားရသူများနှင့် နေထိုင်သူတစ်ချို့က ပြောသည်။
dw
“နှစ်ဦးနှစ်ဖက် ပြဿနာ မဖြစ်အောင် ဖြေရှင်းခဲ့ ဖူးပါတယ်။ မပြေလည်လို့ အခု လိုမျိုး တရားဥပဒေဘောင်အတွင်းက ဖြေ ရှင်း နေရတာပါ”ဟု ထူးထူးတိုး ကုမ္ပဏီ တာဝန်ခံ ဦးသန့်ဇင်ထွန်းက တုန့်ပြန် ပြော သည်။
ယခင် ညှိနှိုင်းဖြေရှင်းခဲ့စဉ်က ကုမ္ပဏီ ဘက်မှ ပေးမည့်ငွေပမာဏသည် နေအိမ် တစ်ရာကျော်အတွက် နည်းနေသည့်အတွက် လက်မခံခဲ့ခြင်းဖြစ်ပြီး မြိတ်ခရိုင် အုပ်ချုပ်ရေး မှူးရုံးမှ ကုမ္ပဏီနှင့် နေအိမ်များ ပိုင်ဆိုင်မှု တစ်ဝက်စီယူသည့် ပုံစံမျိုး ညှိနှိုင်းမှုကိုမူ ကုမ္ပဏီဘက်က လက်မခံဟု ယင်းမြေယာ များ၏ ယခင်ပိုင်ရှင်ဆိုသူ ဖွားသန်းစိန်၏ သားတစ်ဦးဖြစ်ပြီး ပိုင်နက်ကျူးလွန်မှု ဖြင့် တရားစွဲဆိုခံထားရသူ ဦးထွန်းအောင်က ပြောသည်။
ယင်းကဲ့သို့ ဆွေးနွေးချက်များ ပြေ လည်မှု မရရှိသည့်အတွက် ကုမ္ပဏီမှ မြေပိုင် ရှင်ဆိုသူ၏ သားနှစ်ဦးဖြစ်သူ ဦးထွန်းအောင် နှင့် ဦးနိုင်ငယ်တို့အား ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခဲ့ရာ လက်ရှိ တစ်နှစ်နီးပါး ကြာ သည့်အထိ တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။
ညှိနှိုင်းမှု မပြုလုပ်ဘဲ ဆက်တရားစွဲ မည်ဆိုပါက အစိုးရအနေဖြင့် ကုမ္ပဏီနှင့် လူထု မည်သူ့ကို ဦးစားပေးမည်ကို စောင့် ကြည့်ရမည်ဟု ဦးထွန်းအောင်က ပြော သည်။

လက်ရှိ နေထိုင်သူများမှ တနင်္သာရီ တိုင်းဒေသကြီး အစိုးရဖွဲ့သို့ ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် တစ်ကြိမ် နှင့် ၂၀၁၅ ခုနှစ် ဇွန်လတွင် နှစ်ကြိမ် စုစုပေါင်း သုံးကြိမ်တိုင် တိုင် မြေကွက်နေရာတွင် ဆက်လက် တရား ဝင် နေထိုင်ခွင့် ရရှိရေးအတွက် အသနားခံ တင်ပြဖူးသော်လည်း ယနေ့အချိန်ထိ တစ်စုံ တရာ ထူးခြားမှုမရှိသေးကြောင်း စာတင် ပြထားသူများမှ သိရသည်။

ယင်းမြေယာ ၉ ဧကကို တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ ရက်စွဲဖြင့် ထူးထူးတိုး ကုမ္ပဏီသို့ လုပ်ပိုင်ခွင့်ချထား ပေးခဲ့ရာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထူးထူးတိုးကုမ္ပဏီသို့ ပြန်လည် ချထားပေးခဲ့ခြင်း ဖြစ်ကြောင်း နေအိမ် ၁၀ ဆောင်ကို သမ္မာန်စာများ ပေးပို့ထားသည့် မြေရာဇဝင်တွင် ရေးသားဖော်ပြထားချက် အရ သိရသည်။
သို့သော် မြေယာများသည် စက်မှုဇုန် မဖြစ်မီ ကတည်းကပင် မိမိ၏ ဓနိတော မြေများဖြစ်သည်ကို ရပ်ကွက်နေပြည်သူ များမှလည်း သိရှိထားပြီးဖြစ်သည်ဟု ယခင် ပိုင်ရှင် ဆိုသူ ဖွားသန်းစိန်က ပြောဆိုသည်။

ယင်း ဓနိတောမြေယာများသည် စက်မှုဇုန်မဖြစ်ခင်ကတည်းကပင် ရပ်ကွက် နေ လူအများက ဖွားသန်းစိန် ပိုင်သည်ဟု သာ သိထားကြသဖြင့် ဖွားသန်းစိန်ဆီမှ ဝယ်ယူပြီး အိမ်ဆောက် နေထိုင်ကြခြင်းဖြစ် ကာ လက်ရှိတွင် နေအိမ်တစ်ချို့မှလည်း ငွေကျပ်သိန်းဂဏန်းဖြင့် တစ်ဆင့် ခံပြန် လည်ဝယ်ယူပြီး နေထိုင်သူများလည်း ရှိနေ ကြောင်း နေအိမ်များတွင် နေထိုင်သူ တစ်ချို့ က ဆိုသည်။