ဖမ်းမိ ဘင်္ဂါလီများကို လွှဲပြောင်း လက်ခံရေးအဖွဲ့ ကျွန်းပေါ်တွင် စစ်ဆေး

0
466

ကော့သောင်းမြို့နယ် ဇာဒက်ကြီး ရေတပ်စခန်းတွင် ထိန်းသိမ်းထားသည့် ဘင်္ဂါလီ ၁၀၀ ကျော်ကို နေရပ်ပြန်ပို့ရန် နှင့် နိုင်ငံသားစိစစ်နိုင်ရန် လွဲပြောင်း လက်ခံရေးအဖွဲ့က ဇူလိုင်လ ၂၄ ရက်နေ့ တွင် ယင်းကျွန်းသို့ သွားရောက်ခဲ့ ကြောင်း သိရသည်။

ကော့သောင်းမြို့ စောင်းကောက် ကျွန်းပေါ်တွင် ဇူလိုင်လ ၁၃ ရက်နေ့က ဘင်္ဂါလီ ၁၀၆ ဦးကို မြန်မာရေတပ်က ဖမ်းမိခဲ့သဖြင့် ဇာဒက်ကြီး ရေတပ်စခန်း တွင် ယာယီထိန်းသိမ်း စောင့်ရှောက်ထား ကြောင်း ယင်းကျွန်းသို့ သွားရောက် သည့် ဌာနဆိုင်ရာအဖွဲ့များထံမှ သိရသည်။
ကျွန်းပေါ်ရှိ ဘင်္ဂါလီများကို စစ် ဆေးမေးမြန်းနိုင်ရန်တွက် ဘင်္ဂါလီ စကားပြန် ၄ ဦးကို တစ်ပါတည်း ခေါ်ဆောင်သွားပြီး ဇာဒက်ကြီးကျွန်းနှင့် မျက်နှာချင်းဆိုင်ရှိ ဇာနည်ကျွန်းတွင် ယာယီစခန်းဖွင့်ကာ စစ်ဆေးသွားမည်ဟု လွဲပြောင်းလက်ခံရေးအဖွဲ့တွင် ပါသည့် ဌာနဆိုင်ရာ တချို့ထံမှ သိရသည်။
dw
“အချိန်ဘယ်လောက် ကြာမယ် ဆိုတာ တိတိကျကျ မပြောနိုင် သေးဘူး”ဟု ကော့သောင်းခရိုင် အုပ်ချုပ်ရေးရုံးမှ ဦးစီးအရာရှိက ဆိုသည်။
လွဲပြောင်းလက်ခံရေးအဖွဲ့ကို အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့၊ လ.၀.က၊ တရားသူကြီး ၊ ဥပဒေအရာရှိ၊ ဆေးရုံ အုပ်၊ လူကယ်ပြန် စသည့် အဖွဲ့များမှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဖမ်းမိထားသူများသည် အမျိုးသား များဖြစ်ပြီး ၎င်းတို့အား ခေါ်လာသူဟု ယူဆရသူ နှစ်ဦးကို ကော့သောင်းမြို့နယ် လူကုန်တားတပ်ဖွဲ့သို့ ရေတပ်မှ လွဲပြောင်း ပေးခဲ့ပြီး ကွင်းဆက်တရားခံများကို ဖော်ထုတ်နိုင်ရေး မြို့နယ်ရဲစခန်းတွင် စစ်ဆေးနေကြောင်း လူကုန်တား ရဲတပ်ဖွဲ့ ရဲမှူးမင်းခိုင်က ပြောသည်။