Miss Universe Myeik 2015 နောက်ဆုံးပြိုင်ပွဲအတွက် အလှမယ် ၁၆ ဦး ရွေးချယ်

0
611

မြိတ်မြို့နယ်တွင် ပထမဦးဆုံးအကြိမ် ပြုလုပ်မည့် Miss Universe Myeik 2015 နောက်ဆုံးပြိုင်ပွဲအတွက် အလှ မယ် ၁၆ ဦးကို ဇူလိုင်လ ၂၄ ရက်နေ့က Hotel Grand Jade တွင် ပြုလုပ်သည့် ပဏာမအဆင့် ဆန်ခါတင် လူရွေးပွဲမှ ရွေးချယ်ခဲ့သည်ဟု Miss Universe Myeik Organization မှ သိရသည်။

လျှောက်ထားသူ ၃၀ ဦးကျော် အနက် ပြိုင်ပွဲဝင် အလှမယ် ၂၅ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ၁၆ ဦးကို ဆန်ခါတင် ရွေးချယ်ခဲ့ကြောင်း သိရသည်။
” မြိတ်မြို့ ကိုယ်စားပြုစေချင်တဲ့ အတွက် ဝင်ရောက်ယှဉ်ပြိုင်တာပါ နောက်ဆုံးပြိုင်ပွဲမှာ နိုင်ငံတကာနဲ့ ယှဉ် ပြိုင်နိုင်တဲ့ တကယ့် အရည်အချင်းရှိတဲ့သူ ကို ရွေးချယ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ဆန်ခါတင်အဖြစ် ရွေးချယ်ခံရသူ တစ်ဦးဖြစ်သူ မစုပိုပိုမြတ်က ပြောသည်။
miss-universe-myeik-2015
နောက်ဆုံး ပြိုင်ပွဲ မတိုင်ခင် ကြား ကာလများတွင် ဒေသတွင်းရှိ လူမှုရေး လုပ်ငန်းများကို ပြုလုပ်မည်ဖြစ်ကာ ဆန်ခါတင် ၁၆ ဦးကို အွန်လိုင်း မဲပေး စနစ်ဖြင့် မဲပေးနိုင်ရန် ဆောင်ရွက်သွားမည် ဟု Miss Universe Myeik Organi-zation မှ City Director ကိုချစ်ထိုက် က ပြောသည်။
ထို့အပြင် ရွေးချယ်ခံထားရသူများ သည် သူဋ္ဌေးကျွန်း၊ ညောင်ဦးဖီးကျွန်း၊ ကြက်မောက်ကျွန်းတို့နှင့် ထိုင်းနိုင်ငံ ရနောင်းမြို့များသို့ လေ့လာရေးခရီးစဉ် သွားရမည်ဟု သိရသည်။

နောက်ဆုံးအဆင့် ပြိုင်ပွဲကို ဩဂုတ် လ ၂၃ ရက်နေ့ ပုလဲသန္တာ ဟိုတယ်တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး Miss Universe Myeik 2015 အလှမယ် တစ်ဦးကို ရွေးချယ်သွား မည်ဟု Miss Universe Myeik Organization မှ သိရသည်။
Miss Universe Myeik ၂၀၁၅ ရရှိသူကို ၁၅ သိန်းတန်ဖိုးရှိ သရဖူနှင့် ငွေကျပ် သိန်း ၂၀၊ 1st Runner Up ကို ဆုငွေကျပ် ၁၀ သိန်း၊ 2nd Runner Up ကို ငွေကျပ် ၅ သိန်း စသည့် ဆုများ အပြင် အခြားဆုများကိုလည်း ချီးမြှင့်ပေး သွား မည်ဟု ငျြ Uညငလနမျန ပြနငု ဥမါညေငဖအေငသည မှ သိရသည်။
Miss Universe Myeik 2015 ရရှိသည့် အလှ မယ်သည် အောက်တိုဘာလတွင် ရန်ကုန် မြို့၌ ပြုလုပ်ကျင်းပမည့် Miss Universe Myanmar 2015 ၂၀၁၅ ရွေးချယ်ပွဲကြီးတွင် မြိတ်ကိုယ်စားပြု အလှမယ်တစ်ဦးအနေ ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။ À