အေဒီ ၅ ရာစုမှ ၁၁ ရာစုကဟု ယူဆရသည့် အုတ်ခွက်ဘုရား သထုံတွင် အစုလိုက် တူးဖော်တွေ့ရှိ

0
771

မွန်ပြည်နယ်၊ သထုံမြို့ သိမ်ကုန်း ရပ်ရှိ စတုဘုံမ္မိကကျောင်းတွင် အေဒီ ၅ ရာစုမှ ၁၁ ရာစုကဟု ယူဆရသည့် အုတ်ခွက်ဘုရား အစုလိုက်အပြုံလိုက် တူးဖော်တွေ့ရှိရကြောင်း သိရသည်။

အုတ်ခွက်ဘုရားများကို စတုဘုံမ္မိ က ကျောင်းရှိ သက်တမ်းနှစ်ပေါင်း ၁၀၀ ကျော်ရှိသည့် ငှက်တွင်း ဆရာတော် ဂူဗိ မာန်ဟုခေါ်သည့် ဂူဗိမာန်ပတ်လမ်း အဟောင်းကို ပြုပြင်ရန်အတွက် ကွန်က ရစ်လမ်းဟောင်းခွာရာမှ တွေ့ရှိခဲ့ပြီး ဆက်လက်တူး ဖော်ရာမှ အုတ်ခွက်ဘုရား အစုလိုက် အပြုံလိုက် တွေ့ရှိခဲ့သည်ဟု ယင်း ကျောင်းထိုင်ဆရာတော်၏ ပြောကြား ချက်အရ သိရသည်။
thahtone-owkhwet
အုတ်ခွက်ဘုရားများကို ဇွန်လ ၂၆ ရက်နေ့က စတင်တူးဖော်ခဲ့ရာ အုတ်ခွက် ဘုရားအကောင်းနှင့် အကျိုးအပဲ့ စုစုပေါင်း ၁၇၆ ခု တွေ့ရှိထားပြီး၊ ဒုတိယအကြိမ် အဖြစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ဆက်လက်တူးဖော်ရာ အုတ်ခွက်ဘုရား ၁၈၉ ခု တွေ့ရှိထားကာ အုတ်ခွက်ဘုရား များကို ဂူဗိမာန်၏မြောက်ဘက်နှင့် တောင် ဘက်ကျသည့်အရပ်တွင် တူးဖော်တွေ့ ရှိခဲ့သည်။
ပထမအကြိမ် တူးဖော်တွေ့ရှိထား သည့် အုတ်ခွက်ဘုရားများကို အေဒီ ၅ ရာစုမှ ၁၁ ရာစုကဟု သမိုင်းပညာရှင် တဦးက ခန့်မှန်းထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ယဉ်ကျေးမှု တာဝန်ခံဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးက ပြောသည်။

” ဒါက သထုံရဲ့ အစောပိုင်းကာလ ပေါ့၊ သထုံက ၁၁ ရာစုမှာ ပျက်တာကို သူက အဲလို မှန်းတယ်၊ တွေ့တဲ့ အုတ်ခွက် ၃ ခုလောက်မှာ အောက်ကစာလို့ ယူဆ ရတဲ့ အတန်းပါတယ် ကျွန်တော်တို့က တော့ မဖတ်တက်ဘူး ဖတ်တတ်တဲ့လူတွေ ဖတ်လို့ရအောင်တော့ ပို့ထားတယ်” ဟု သူက ပြောသည်။
၎င်းပြင် တူးဖော်ထားပြီး မထုတ် ယူရသေးသည့် အုတ်ခွက်ဘုရား အမြောက် အများလည်း ကျန်ရှိနေသေးသည်ဟု ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့သည့် ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

တြိဂံပုံစံမျိုး ထောင့် ၃ ခုမှ လာ သည့် အထပ်လိုက် ဂဝံအုတ်ရိုးဆုံရာ နေရာတွင်ထိုအုတ်ခွက်ဘုရားများကို မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ရသည်ဟု ကျောင်းထိုင် ဆရာတော်၏ ပြောကြား ချက်ကို ကိုးကားပြီး ၎င်းက ပြောသည်။
” သထုံမှာ ဒီလိုမျိုး အစုလိုက်အပြုံ လိုက် အုတ်ခွက်ဘုရားတွေ တွေ့တာက ထူးခြားမှုတစ်ခုပဲ၊ တချို့သော သမိုင်း ဆရာတွေက သထုံက ၁၁ ရာစုထက် ခေတ်မစောဘူးလို့ ပြောပြောနေတာ၊ ဒါတွေက အဲလို သက်တမ်းရှိနေရင် ကျွန်တော်တို့က အသေအချာ အခိုင်မာ ပြောနိုင်ပြီပေါ့” ဟု သမိုင်းသုတေသန ဦးစီးဌာနမှ အငြိမ်းစားလက်ထောက် ညွှန်ကြားရေး မှူး ဦးစံဝင်းက ပြောသည်။
အုတ်ခွက်ဘုရား အားလုံးကို ယင်း ကျောင်းဆရာတော်က ဂူဗိမာန် နေရာတွင် ပြတိုက်အဖြစ် ပြသထားရှိသွားရန် ရည်ရွယ်ထားပြီး လက်ရှိတွင် ယင်း ကျောင်း၌ပင် သိမ်းဆည်းထားသည်။