ဝကုန်းချောင်း ရေနောက်မှု ကုမ္ပဏီနှင့် မဆိုင်ဟု ဗြောင်ငြင်း

0
458

ဝကုန်းချောင်း ရေနောက်ကျိမှုသည်ဝကုန်း ချောင်းဖျားတွင် သတ္တုတူးဖော်လျက်ရှိသည့် အရှေ့တိုင်း သတ္တုတူးဖော်ရေးကုမ္ပဏီ၏ စွန့် ပစ်မြေစာများကြောင့်ဟု  ဒေသခံများက ပြော သည်ကို ယင်းကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးဝင်းမောင်က ၎င်းတို့နှင့် မဆိုင်ဟု ငြင်းဆို သည်။
ထားဝယ်မြို့နယ် ၀ကုန်းကျေးရွာအတွင်း သတ္တုတူးဖော်ရေး လုပ်ငန်းများနှင့် ပက်သက်၍ အမှတ် (၂) သတ္တု တွင်းလုပ်ငန်းနှင့် သက်ဆိုင် ရာဌာနများ၊ သတ္တုမိုင်းတူး ဖော်သည့် ကုမ္ပဏီများ၊ ၀ကုန်း ကျေးရွာနှင့် ပေါက်တိုင်ချောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများနှင့် ဇူလိုင်လ ၁၇ ရက်နေ့က ထားဝယ်မြို့၊ ဇေယျာထက်စံဟိုတယ်ခန်းမ၌ တွေ့ဆုံဆွေး နွေးခဲ့သည်။

” ဒီနှစ်မှာ မိုးကြီးတယ် ရေကြီး တယ်၊ တောင်တွေ ပြိုတယ်၊ ပြိုလို့ ဆင်းလာတဲ့ဟာကို အကုန်လုံး ရှင်းရမယ်ဆိုရင် ကျွန်တော့် လူတွေ အနေနဲ့လည်း မတတ်နိုင်ဘူး၊ ဒါသဘာဝကြောင့် ဖြစ်လာတာ၊ သဘာဝ ဘေးကြောင့် ဖြစ်လာတာ” ဟု ဦးဝင်းမောင်က ဆင်ခြေပေးသည်။
ကုမ္ပဏီဘက်က ယင်းသို့ ပြောသော်လည်း ၀ကုန်းချောင်း ရေမှာ နွေရာသီတွင်လည်း မိုင်းရေများ ကြောင့် နောက်ကျိနေသည်ဟု ဒေသခံတစ်ဦးက ယင်းဆွေးနွေးပွဲတွင် ထောက်ပြခဲ့သည်။

dw
သတ္တု ထုတ်ယူရာတွင် နုန်း စစ်ကန် ၃ ကန်ထားပြီး အဆင့်ဆင့် သန့်စင်သည်ဟု ကုမ္ပဏီဘက်က ပြောသော်လည်း ယင်းသို့ အဆင့်ဆင့်သန့်စင်သည်ကို မတွေ့ရဘဲ ဖောက်ချလိုက်သည်ကိုသာ တွေ့ရ ကြောင်း ပေါက်တိုင်းချောင်းဖျားဒေသ ဖွံ့ဖြိုးရေးကော်မတီအတွင်းရေးမှူး ဦးဖိုးနီက ဝေဖန်သည်။
” ကုမ္ပဏီက မိုးကြီးလို့ ရေကြီးလို့ပြောတယ်၊ ၀ကုန်းရွာမှာ ဒီထက်ကြီးတဲ့ မိုးတွေလာတယ် ဘာမှ မဖြစ်ဖူးဘူး၊ ခြံတစ်ခြံမှ မပျက်ဖူးဘူး၊ ငါနဲ့မဆိုင်ဘူးဆိုပြီး ပြောတာ အရမ်းဝမ်းနည်းတယ်” ဟု ဦးဖိုးနီက ဆိုသည်။
ယင်းချောင်းသည် ယခင်က ကြည်စိမ်းနေသည့် ချောင်းတစ်ခုဖြစ်ကာ ဒေသခံများက သောက်ရေ သုံးရေအတွက် အသုံးပြုကြသည်ဟု သိရသည်။
ယင်းကုမ္ပဏီက လုပ်ငန်းစတင်လုပ်ကိုင်သည့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ စပြီး ချောင်းရေ တဖြည်း ဖြည်း နောက်ကျိလာကာ လက်ရှိတွေ သောက်ရေ သုံးရေအတွက် လုံးဝ သုံးမရတော့ သည့်အပင် ချောင်းအတွင်းတွင် ငါး၊ ကဏန်းကဲ့သို့သော အခွံ့မာသည့် ရေသတ္တဝါများ၊ ဖားစသည်တို့ ရှားပါး သွားသည်ဟု ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် သောက်ရေသုံးရေအတွက် ရေတံခွန်ရှိသည့် နေရာကို ရှာပြီးသုံးစွဲနေရကြောင်း ဒေသခံများက ဖွင့်ဟသည်။
ယင်းကုမ္ပဏီမှ လုပ်ကိုင်နေသည့် ဘ၀ပင် သတ္တုမိုင်းB4 လုပ်ကွက်မှ ထွက်ရှိလာသော နှောက်ကျိ နေသော ရေများနှင့် ယင်းလုပ်ကွက်မှ စွန့်ပစ် မြေစာစုပုံသည့် သံထောက်ဖက်မှ စီးဆင်းလာသော နုန်းမြေနှင့် မိုင်းရေများ ရေဖြူချောင်း အတွင်းသို့ စီးဝင်လာသဖြင့် ရေဖြူချောင်း အထက်ဖက်ရှိ နေရာများ တိမ်ကော့သွားခဲ့ရကြောင်း ၀ကုန်းကျေးရွာမှ ဒေသခံများထံမှ သိရသည်။
ယင်းနုန်းမြေစာနှင့် မိုင်းရေများသည် ၀ကုန်းချောင်းမှတဆင့် လမ်းတစ် လျှောက်သတ္တုမိုင်းများမှ စွန့်ပစ်မြေစာနှင့် မိုင်းဆေးရေများနှင့် ပေါင်းကာ ပကာရီချောင်း၊ ပေါက်တိုင်းချောင်း မှတဆင့် ထားဝယ်မြစ် အတွင်းသို့ စီးဆင်းခဲ့သည်။
ပေါက်တိုင်ချောင်းတစ်လျှောက် ရေနောက်ကျိသည်ကို မည်သည့်ကုမ္ပဏီမှ တာဝန်ယူမှု ဖြေရှင်း ခြင်းမရှိ၍ ချောင်းတစ်လျှောက်ရှိ သတ္တုမိုင်းများကို ခွင့်မတောင်းဘဲ အသိပေးရုံ အသိပေးကာ  ပေါက်တိုင် ချောင်းဖျားဒေသ ဖွံ့ဖြိုးရေးကော်မတီက ဝင်ရောက် စစ်ဆေးမည်၊ သတ္တုမိုင်းကုမ္ပဏီများကို စောင့်ကြည့် သွားမည်ဟု ဦးဖိုးနီက ပြောဆိုသည်။
လက်ရှိ အချိန်တွင် ပေါက်တိုင် ချောင်းဖျားရှိ  ဘ၀ပင်သတ္တုမိုင်းကို အရှေ့တိုင်း သတ္တုတူးဖော်ရေး ကုမ္ပဏီက အသေးစားလုပ်ကွက်ကို လုပ်ကိုင်လျက်ရှိပြီး Mining Worldကုမ္ပဏီက ပကာရီ သတ္တုမိုင်း တွင် အကြီးစား သတ္တုတူးဖော်လုပ်ကိုင် လျက်ရှိသည်ဟု သိရသည်။ယင်းပေါက်တိုင်ချောင်းအတွင်း ထားဝယ်မြေ ကုမ္ပဏီနှင့်ရွှေသခင်ကုမ္ပဏီတို့ စမ်းသပ် လုပ်ကွက် ကို လုပ်ကိုင်လျက်ရှိသည်ဟု သိရသည်။တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ထမ်းဆောင် ပြီးနောက် သတ္တုမိုင်းများမှ စွန့်ပစ် မြေစာနှင့် ညစ်ညမ်းရေများ စီးဆင်းလာခြင်းကြောင့် ပေါက်တိုင်းချောင်း၊ မြောင်းပြိုချောင်း နှင့် တနင်္သာရီမြစ်ရေတို့ နောက်ကျိသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။