မြို့နယ် စည်ပင်ကော်မတီ ဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အလှူငွေ မလိမ့်တပတ်ကောက်ဟု လမ်းသူ လမ်းသားတချို့ စွပ်စွဲ

0
479

ထားဝယ်မြို့နယ် စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌနှင့် ဘုမ္မော်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က လမ်းအကြောင်း ပြုကာ အလှူငွေ မလိမ့်တပတ် ကောက်ခံ သည်ဟု ဘုမ္မော်ရပ်ကွက် ဗိုလ်ဗထူး လမ်းနေထိုင်သူ တချို့က စွပ်စွဲပြောဆို သည်။


ဗိုလ်ဗထူးလမ်းကို မြို့နယ် စည်ပင် သာယာရေးအဖွဲ့မှ ကွန်ကရစ် လမ်းခင်း ရန်လျာထားပြီး ဖြစ်သော်လည်း ဗိုလ် ဗထူးလမ်းနေထိုင်သူများထံတွင် စည်ပင် သာယာရေး ရန်ပုံငွေနှင့် ပြည်သူ ပူးပေါင်း လုပ်ဆောင်ရန်ဟုဆိုကာ အိမ်တစ်အိမ်ကို အလှူငွေ အနည်းဆုံးတစ်သိန်းစီ ကောက်ခံ သည်ဟု ၎င်းတို့က ဆိုသည်။

dw
” စည်ပင်က ခင်းမဲ့လမ်းကို ပိုက်ဆံ လာကောက်တာက မလိမ့်တစ်ပတ် လုပ် သလို ဖြစ်နေတာပေါ့” ဟု ဗိုလ်ဗထူးလမ်း နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆို သည်။လမ်းလုပ်သည်ကို မကောင်း ပြော ခြင်းမဟုတ်ဘဲ အလှူငွေကိုတလွဲ ကောက်ခံ မှုကြောင့် ပြောရခြင်းဖြစ်သည်ဟု ဗိုလ် ဗထူးလမ်းတွင် နေထိုင်သည့် ဦးသန်းဝင်း က ပြောသည်။
” ဒါက သက်သက် စွပ်စွဲတာပါ။ဘာမှ နားမလည်ဘဲ ပြောနေကြတာ” ဟု စွပ်စွဲခံရသည့် မြို့နယ် စည်ပင်သာယာ ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှရွှေက ပြော သည်။စည်ပင်သာယာရေး ရန်ပုံငွေဖြင့် ဗိုလ်ဗထူးလမ်းတွင် ပေ ၁၂၀၀ အရှည် ကွန်ကရစ်လမ်း တည်ဆောက်ရန် လျာ ထားပြီး ဖြစ်သော်လည်း ဗိုလ်ဗထူး လမ်းတလျှောက်ရှိ ဘလောက်သုံးခုတွင် နှစ်ခုက ကိုယ်ထူကိုယ်ထ လမ်းခင်းပြီး ဖြစ်သည့်အတွက် အ.ထ.က ၂ ကျောင်း နံဘေးလမ်းတစ်ဘလောက်ကို သာ ခင်းရန် ကျန်နေကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ထံမှ သိရသည်။
ဗိုလ်ဗထူး လမ်းတစ်လျှောက် ခင်း ရန် ကျန်နေသည့်လမ်းမှာ ပေ ၆၅၀ ခန့်သာရှိသောကြောင့် စည်ပင်သာယာမှ ခင်းပေးမည့် ပေ ၁၂၀၀ တွင် ပိုသည့် လမ်း ကို အ.ထ.က ၂ ကျောင်းနှင့် ဓမ္မစကြာ ဘုန်းကြီးကျောင်းကြားရှိ ခရေလမ်းကို ခင်းရန် စီစဉ်ထားခြင်းဖြစ်ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးက ပြောသည်။
ဗိုလ်ဗထူးလမ်းနှင့် ခရေလမ်းနှစ်ခု တွင် တည်ဆောက်ရမည့် လမ်းအရှည်မှာ ပေ ၁၄၀၀ ကျော်ရှိပြီး ဗိုလ်ဗထူးလမ်း၏ တစ်ဖက် တစ်ချက်တွင် အ.ထ.က ၂ ကျောင်း၊ ခရေပင်လမ်းတွင် အ.ထ.က ၂ ကျောင်းနှင့် ဓမ္မစကြာကျောင်းတို့ရှိ သည့်အတွက် လူနေအိမ်ခြေ နည်းပါး သည်ဟု ၎င်းက ဆိုသည်။
ထိုကြောင့် စည်ပင်သာယာရေးမှ ခင်းပေးမည့် လမ်းပေ ၁၂၀၀ ပြီးပါက လိုအပ်နေသည့် ပေ ၂၀၀ ကျော်အတွက် အလှူငွေ ထည့်ဝင်စေခြင်းဖြစ်သည်ဟု ဦးအောင်မျိုးက ဆိုသည်။
” ဒါက ဦးလှရွှေကို စော်ကားသလို ဖြစ်နေတယ်။ ဒီပေ ၁၂၀၀ ရဖို့အတွက် သူစည်ပင်ကို တင်ပြခဲ့တာ။ ကျွန်တော် တို့က တစ်လမ်းအတွက် ပိုက်ဆံရရင် ပြည်သူနဲ့ပေါင်းပြီး နှစ်လမ်းရဖို့ အစီ အစဉ်နဲ့လုပ်တာပါ”  ဟု ဘုမ္မော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးက ပြော သည်။
အလှူငွေကို အနည်းဆုံးတစ်သိန်း စီ ထည့်ဝင်ရသည်ဟု ဗိုလ်ဗထူး လမ်းနေ ထိုင်သူတချို့ကဆိုပြီး ရပ်ကွက်အုပ်ချုပ် ရေးမှူး ဘက်ကမူ အလှူငွေမည်မျှ ထည့်ရ မည်ဟု သတ်မှတ်ပေးခြင်းမဟုတ်ဘဲ လှူမည့်သူ အဆိုပြုသလောက်သာ လက်ခံခြင်း ဖြစ်သည်ဟု ဆိုသည်။
ဇွန်လ ၃၀ ရက်နေ့က ဘုမ္မော် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လမ်း အတွက် အစည်းအဝေး ပြုလုပ်စဉ်က မြို့နယ် စည်ပင်သာယာရေးကော်မတီက ဗိုလ်ဗထူးလမ်းအတွက် စည်ပင်သာယာ မှ ဘတ်ဂျက်ကျတော့မည်ဖြစ်ပြီး စည်ပင် မှ ခွင့်ပြုပေးသည့် ပမာဏမှာ လုံလောက် ခြင်း မရှိသဖြင့် ပြည်သူလူထုမှ ဝိုင်းဝန်း ပါဝင်ကြရန် ပြောဆိုခဲ့ပြီး ခရေလမ်း ခင်းမည့်ကိစ္စနှင့်ပတ်သက်၍ တစ်စုံ တစ် ရာ ပြောကြားခဲ့ခြင်းမရှိဟု ဦးသန်းဝင်း နှင့် ဗိုလ်ဗထူးလမ်းတွင် နေထိုင်သူ တစ်ချို့က ဆိုသည်။
ဦးလှရွှေကမူ အထက်ပါအစည်း အဝေးကို ကော်မတီဥက္ကဋ္ဌအနေဖြင့် မဟုတ်ဘဲ ရပ်မိရပ်ဖ တစ်ဦးအနေဖြင့်သာ တက်ရောက်ခဲ့ပြီး အစည်းအဝေးတွင် စည်ပင်မှ ဘတ်ဂျက်ချပေးမည့်ကိစ္စကို ၎င်းသိသမျှကို ပြန်လည် ပြောပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
အစည်းအဝေးတွင် ခရေလမ်း ခင်းမည့်ကိစ္စကို မပြောမိခဲ့ခြင်းမှာ မိမိ၏ အားနည်းချက်ဖြစ်ခဲ့သည်ဟု ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးက ဖွင့်ဟ သည်။
လမ်းကိစ္စအပေါ် ဝေဖန်သံများ ထွက်လာပြီးသည့်နောက်တွင် အလှူငွေ မထည့်လိုတော့ဟု ဆိုသူများကို အလှူငွေ ပြန်လည် ထုတ်ပေးလျက်ရှိကြောင်း ဗိုလ်ဗထူးလမ်း နေထိုင်သူတချို့နှင့် အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အလှူငွေ ထုတ်ပေးသည့် ကိစ္စတွင် လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အလှူငွေကို ကောက်ခံရရှိခြင်းမရှိဟု လက်မှတ်ထိုးပေးခဲ့ရသည်ဟု အလှူငွေ ပြန်ထုတ်သူများကဆိုပြီး အုပ်ချုပ်ရေး မှူးကမူ အလှူငွေကို ထုတ်ပြီးကြောင်း လက်မှတ်ကိုသာ ရေထိုးစေသည်ဟု ဆို သည်။
ဗိုလ်ဗထူးလမ်းနှင့် ခရေပင်လမ်း ၂ လမ်းတွင် စည်ပင်သာယာရေးအဖွဲ့မှ ပေ ၁၂၀၀ ခင်းပြီးမှ လိုအပ်သည့် လမ်း ဆက်ခင်းရန်အတွက် လုပ်ဆောင်တော့ မည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြော သည်။