ဂျာနယ်ထဲပါမှ ရှင်းပေးမှာလား

0
548

အခုတစ်လော အဲဒီစကားကို ဟို နားဒီနား မကြာခဏ ကြားရတယ်။ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေ ဖြစ်ရင်ဖြစ်ဖြစ်၊ လူတစ်ယောက်ယောက်က ကိုယ့်ကို ထိခိုက်အောင် လုပ်ရင်ဖြစ်ဖြစ် ဂျာနယ်ထဲ ပါသွားချင်လား။ ဂျာနယ်ထဲ ထည့်လိုက်ရမလား။ အင်တာနက်ပေါ် တင်လိုက်ရမလားဆိုတဲ့ စကားကို ပြော သံ ကြားရတာ နေ့တိုင်းလိုလိုပါပဲ။

ပွင့်လင်းလာတဲ့ ခေတ်မှာ သတင်း မီဒီယာတွေ လွတ်လပ်စွာ ရေးခွင့်ရလာ တယ်။ အဲဒါနဲ့အမျှ သတင်းမီဒီယာ အပေါ်မှာ လူထုရဲ့ အားကိုးမှုက မြင့်လာ တယ်။ အရင်က ပြောခွင့်မရလို့ မပြောခဲ့ ဘူး။ အခု ပြောခွင့်ရတော့ လာမလုပ်နဲ့ ပြောလိုက်မယ် ဆိုတာမျိုးဆိုတော့ ဒီစကား ကို ပြောကြတာ အဆန်းတော့ မဟုတ်ပါ ဘူး။
min-khaint-jouranl
ဒီမိုကရေစီစနစ်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ မီဒီယာ ဆိုပြီး မဏ္ဍိုင်လေးခုက တိုင်းပြည်တစ်ခုရဲ့ ထောက်တိုင်ကြီး လေးခုအဖြစ် ရှိပါတယ်။
အဲဒီ မဏ္ဍိုင်ကြီး ၄ ခုဟာ တစ်ခုခု နဲ့တစ်ခု ထိန်းကြောင်းနေတယ် ဆိုတာ သိထားတယ်။ ဒါပေမယ့် ကျန်တဲ့ မဏ္ဍိုင်တွေထက် မီဒီယာဆိုတဲ့ မဏ္ဍိုင် ကိုပဲ အားပြု အားကိုးလွန်းနေတာက တွေးစရာ ဖြစ်နေပါတယ်။

ဘာကြောင့် ကျန်တဲ့ မဏ္ဍိုင်ကြီး တွေကို အားမကိုးဘဲ ဘာကြောင့် ဒီမီဒီ ယာဆိုတဲ့ မဏ္ဍိုင်ကိုပဲ အားကိုးနေတာလဲ။ အဖြေက ရှင်းပါတယ်။ ကျန်တဲ့ မဏ္ဍိုင် ၃ ခုက အခုချိန်မှာ လူတွေအတွက် အားကိုးလောက်စရာ အနေအထား မရှိ သေးလို့ပါပဲ။
ဥပဒေပြုရေးဆိုတဲ့ မဏ္ဍိုင်က အမတ် မင်းတွေကလည်း ပြည်သူနဲ့ တစ်သား တည်းဖြစ်တာ အားနည်းသေးတယ်။ အုပ်ချုပ်ရေး ဘက်ကြည့်ပြန်တော့ တစ်ခုခု ဆို တော်ရုံလှည့်မကြည့်ဘူး။ တစ်ခုခု တိုင်ရင် တော်ရုံနဲ့ မကိုင်တွယ်ဘူး။
တချို့ ပြဿနာတွေဆို တိုင်စာတွေ သာ တစ်ထပ်ကြီး ဖြစ်သွားတယ် အဖြေ နားတောင် မကပ်နိုင်ဘူး။ လူတွေ အများ ကြီးနဲ့ ဘာတွေလုပ်နေမှန်း ဘာတွေ အလုပ်များနေမှန်းလည်း မသိဘူး။

ဟော ဆိုတော့ နောက်ထပ် တစ်ခု ဖြစ်တဲ့ တရားစီရင်ရေး မဏ္ဍိုင်ကရော အခုထိ အုပ်ချုပ်ရေးရဲ့ လွှမ်းမိုးမှုကို ခံနေ ရဆဲ။ အခုထိ ခြတောင်ဘို့ကြီးတစ်ခုလို ဖြစ်ဆဲ။ ဆိုတော့ ဒီမိုကရေစီခေတ်မှာ ဇာတ် ကောင်ဟောင်းဖြစ်ပေမယ့် ပုံစံအသစ်နဲ့ ပေါ်လာတဲ့ မီဒီယာကို လူတွေအာရုံက ပြေးစုတော့တာ ပါပဲ။
သတင်းမီဒီယာ ခေတ်စားလာတာနဲ့ မျှ သတင်းမှာပါမှ သက်ဆိုင်ရာတွေ ကလည်း အာရုံစိုက်ပြီး လုပ်တယ်။ တချို့ ဘယ်လောက် ရေးရေး ဘယ်လောက် သတင်းမှာ ပါပါ မပြင်တာ တွေလည်း ရှိပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့် တော့ သတင်းမှာ ပါရင်မပါတာထက် ပိုပြီး အာရုံစိုက် ဖြေရှင်းတယ်။
ပြီးခဲ့တဲ့နှစ်က စာရေးသူတို့ မြို့က ဌာနတစ်ခုမှာဆို ပြဿနာတစ်ခုကို အောက် ခြေမှာ ဖြေရှင်းပေးပေမယ့် မပြေလို့ ခရိုင် တွေ တိုင်းတွေ ဆက်တက်ပြီး ဖြေရှင်း တယ်။ ဒါပေမယ့် မပြေဘူး။ ဒါလိုနဲ့ ကာယကံရှင်က သတင်းဌာနနဲ့ ဆက်သွယ် တယ်။ သတင်းထဲပါတော့ ဟောအကြီး ဆုံး ဆိုတဲ့သူ ကိုယ်တိုင်ဆင်းလာပြီး ဖြေရှင်းသွားတယ်။

ဆိုတော့ စဉ်းစားစရာ ရှိလာတာက အစက အဲဒီ အကြီးဆုံးဆိုတဲ့ ပုဂိုလ်ကြီး ဘာလုပ်နေလဲပေါ့။
အဲလိုမျိုး ဌာနဆိုင်ရာတွေက လူထု ကို ဝန်ဆောင်မှုမပေးတဲ့အခါ ဌာနဆိုင်ရာ တွေရဲ့ အလုပ်က ဘာလဲ။ ကိုယ့်သက်ဆိုင် ရာဌာနနဲ့ သက်ဆိုင်တဲ့ အရေးအရာ ကိစ္စ တွေကို သေးမွှားမွှားကနေ ကြီးကြီးမားမား အထိ ဖြေရှင်းဖို့ မဟုတ်ဘူးလား။ အဲလို ဟာတွေကို ဖြေရှင်းလို့ရအောင် ညှိနှိုင်းလို့ ရအောင် ပြည်သူရဲ့ အခွန်ဘဏ္ဍာထဲကနေ သူတို့ အတွက် လစာတွေ ခံစားခွင့်တွေ ပေးထားတယ် မဟုတ်ဘူးလား။
မိတ်ဆွေတစ်ယောက်ရဲ့ ဖေ့စ်ဘုတ် မှာ ရေးသလို သူတို့ ရပ်ကွက်က အုပ်ချုပ် ရေးမှူးက ပြောသတဲ့။ လူတွေက ငါတို့ ကို ခိုင်းဖက်လို့ ထင်နေတယ်လို့လေ။ အခုပုံဆို အားလုံးက အဲလိုပဲ တွေးနေကြ လား မသိဘူး။

သတင်းမီဒီယာမှာကလည်း အား နည်းချက်တွေ ရှိတယ်။ အပတ်စဉ် ဆို တစ်ပတ်ကြာမှ သတင်းက လူထု ကြား ထဲ ရောက်တယ်။ နေ့စဉ် သတင်းစာဆို ရင်တော့ တစ်မျိုးပေါ့။ ဒါတွေကလည်း ကိုယ့်ဒေသကို ရောက်ဦးမှ။ ပြန့်ပြန့်နှံ့နှံ့ ရှိဦးမှ။ ပြီးတော့ ကိုယ့် ပြဿနာကို သူတို့ စာမျက်နှာမှာ ဖော်ပြဖို့ စိတ်ဝင်စား ဦးမှ။
စိတ်ဝင်စားတယ်ထားဦး လက်လှမ်း မှီဦးမှ။
ဆိုတော့ သက်ဆိုင်ရာတွေရဲ့ အဲလို တွေးတာ လုပ်တာတွေရဲ့ အကျိုးဆက် က လူတွေ ပြဿနာတွေကို အချိန်လွန်မှ ရှင်းရတာမျိုးတွေ ဖြစ်ကုန်ရော။ မဆုံး ရှုံးသင့်ဘဲ ဆုံးရှုံးတာတွေ ဖြစ်ကုန်ရော။

ဆိုတော့ ဌာနဆိုင်ရာတွေ အနေနဲ့ ဂျာနယ်မှာပါမှ ရှင်းတာမျိုး မဟုတ်ဘဲ၊ တနည်းအားဖြင့် ” ပြောမှသိ ထိမှနာ ဆိုတာမျိုးမဟုတ်ဘဲ” တာဝန်သိသိနဲ့ မြန်မြန်ဆန်ဆန် ပြည်သူ့အတွက် ဝန်ဆောင် မှု ပေးတာမျိုးကို လုပ်စေချင်လှပါတယ်။
ဒါမှ မဏ္ဍိုင်လေးရပ်ဟာ အချိုးညီ စွာ သွားနေပြီး ခေတ်မီတိုးတက်တဲ့ နိုင်ငံ အဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ဖို့ လမ်းကို မြန်မြန်တွေ့ မြန်မြန်ရောက်မှာ ဖြစ်ပါ တယ်။
ဒါမှ မြန်မာနိုင်ငံသားကွ ဆိုပြီး ယုံကြည်မှု ရှိရှိ ဂုဏ်ရှိရှိနဲ့ ရပ်တည်နိုင်ပြီး ဘယ်သူမှလည်း ပါးယက်နားယက် လုပ် မှာ မဟုတ်တော့လို့တွေ့မိရင် ဂျာနယ်မှာ မပါလဲ လူထုရဲ့အခက်အခဲကို ဖြေရှင်း ပေးချင်စိတ် မြန်မြန် ကိန်းကြပါစေလို့ ဆုတောင်းနေမိပါတယ်။
ဒါမှလည်း လူထုမေတ္တာကို ရမှာ ပါ။ လူထုကို ဝန်ဆောင်မှု ပေးရာရောက် မှာပါ။