ကော့သောင်းတွင် မဲစာရင်း ပြင်သူ ၅၀၀၀ ကျော်

0
539

ကော့သောင်းခရိုင်တွင် မဲစာရင်း ပြင်ဆင် လျှောက်ထားသူ ၅၀၀၀ ကျော် ရှိကြောင်း ကော့သောင်းခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌထံမှ သိရသည်။

မဲစာရင်း စတင်ကြေညာသည့် ဇွန်လ ၂၂ ရက်မှ ဇူလိုင်လ ၆ ရက် နေ့အထိ ၁၄ ရက်အတွင်း မဲစာရင်းပြင်ဆင်လျှောက် ထားသူ ၅၀၇၆ ဦး ရှိပြီး ယင်းအနက် ပုံစံ ၃ ဖြင့် ၃၀၂၉ ဦး၊ ပုံစံ ၄ ဖြင့် ၅၈၀ ဦးနှင့် ပုံစံ (၄-ဂ)ဖြင့် ၁၄၆၇ ဦး ရှိကြောင်း အထက်ပါ အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျင်းဖိန်က ပြောသည်။
ခရိုင်အတွင်း ကော့သောင်းမြို့နယ် တွင် အခြေခံ မဲဆန္ဒရှင်စာရင်း ၆ သောင်း ၅ထောင်ကျော် နှင့် ဘုတ်ပြင်းမြို့နယ်တွင် ၂သောင်း ၉ထောင်ကျော် စုစုပေါင်း ၉ သောင်း ၄ ထောင်ကျော်ရှိသည်ဟု ခရိုင် ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

” မြို့နယ်အလိုက် မဲစာရင်းမှားယွင်း တာတွေ ရှိပေမယ့် ပြောပလောက်အောင် မှားတာ မတွေ့ရဘူး” ဟု ကော့သောင်းမြို့ နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ မဲစာရင်း စိစစ်ရေး ခေါင်းဆောင် ကိုကျော် သက်နိုင်က မှတ်ချက်ပြုသည်။

ကော့သောင်းတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရက် တစ်ပါတီ (မြန်မာ)၊ ထားဝယ် တိုင်းရင်းသားများ ပါတီနှင့် ၈၈ မျိုးဆက်တို့က မဲစာရင်း စိစစ်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး လူထုအား မဲစာရင်းပြင်ဆင်ကြရန် တိုက် တွန်း နိုးဆော်လျက်ရှိသည်။
လက်ရှိအချိန်အထိ မဲစာရင်းကပ် ထားဆဲဖြစ်ပြီး စာရင်းတွင် မိမိနာမည် မပါလျှင် ပုံစံ (၃) နှင့် အချက်အလက်များ မမှန်လျှင် ပုံစံ (၄-ဂ) ဖြင့် လျှောက်ထားရ မည်ဖြစ်ကာ ကွယ်လွန်ပြီးသူများနှင့် မဲပေးပိုင်ခွင့်ရှိမရှိသူများ ပါဝင်နေလျှင် အထောက်အထားနှင့်အတူ ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်သည်။