ကျွန်းစုတွင် ကလေး သုံးမွှာပူး မွေးဖွား

0
536

ကျွန်းစုမြို့နယ် တုံးဗြဲကျေးရွာ တွင် ပြီးခဲ့သည့် အပတ်က ရေလုပ်သား မိသားစုတစ်ခုမှ သုံးမွှာပူး ကလေး မွေးဖွားခဲ့ကြောင်း ကလေး မိခင်၏ ယောင်းမ မယဉ်အေးထံမှ သိရသည်။

သုံးမွှာပူး ကလေးကို ဇူလိုင်လ ၇ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် မွေးဖွားခဲ့ခြင်းဖြစ်ပြီး ယောင်္ကျားလေး ၁ ဦးကို ပထမဆုံး မွေးဖွားခဲ့ပြီး မိန်း ကလေး ၂ ဦးကို ထပ်မံ မွေးဖွား ခဲ့သည်ဟု မယဉ်အေးက ရှင်းပြသည်။
3-twins-in-kyun-su
ကလေးများကို ကျေးရွာရှိ ကျန်းမာ ရေး ဆရာမဖြင့် မွေးဖွားခဲ့ပြီး လက်ရှိတွင် မိခင်နှင့် ကလေးများကို ကျန်းမာရေး စောင့်ရှောက်နိုင်ရန် ဇူလိုင်လ ၇ ရက်နေ့ က မြိတ်မြို့နယ် မိခင်နှင့်ကလေး စောင့် ရှောက်ရေး ဆေးရုံသို့ တင်ပို့ခဲ့သည်ဟု သိရသည်။

” ကလေးတွေက ကျန်းမာပေမယ့် ယောင်္ကျားလေးက နည်းနည်း ဖျားနေပါ တယ်၊ ရွာမှာက ဆေးရုံ ဆေးခန်းနဲ့ ဝေးတော့ စိတ်ပူလို့ ဆရာမလေး က ခေါ်လို့ အခုမြိတ်ဆေးရုံကို တက်လာ တာပါ” ဟု ကလေးများ၏ မိခင်ဖြစ်သူ ဒေါ်သန်းဝင်းက ရှင်းပြသည်။
သုံးမွှာပူးကလေး မွေးဖွားခဲ့သည့် အသက် ၃၃ နှစ်အရွယ် ဒေါ်သန်းဝင်း တွင် အသက် ၇နှစ်၊ ၅ နှစ်နှင့် ၃ နှစ် အရွယ် သားယောင်္ကျားလေး သုံးယောက် ရှိသည်။