ကုန်တင်သင်္ဘော နဂါးရုံ ဘုရား လက်ရန်း ဝင်တိုက်

0
632

ကော့သောင်းမြို့ နဂါးရုံဘုရား လက်ရန်းကို ကုန်တင် သင်္ဘောတစ်စီးက ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့် တွင် ဝင်တိုက်မိခဲ့ကြောင်း နဂါးရုံဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

ပါချန်မြစ်အတွင်း ကျောက်ချရပ် နားထားသည့် ရွှေသုန္ဒရီ MV3 ကုန် သင်္ဘောမှာ ရွှေဟင်္သာရပ်ကွက် ငွေပင်လယ် တံတားသို့ ကုန်ချသွားရန် ကျောက်ဆူးနုတ် စက်နိုးပြီး ထွက်ခွာရန် ပြင်စဉ် ယခုကဲ့သို့ မတော်တဆ ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်ပွားချိန်တွင် ပါချန် မြစ်ရေတက် ချိန်နှင့် လိုင်းအနည်းငယ် ရှိနေသောကြောင့် ကုန်အလေးချိန်နှင့် သင်္ဘောအရွေ့ကို အရှိန် မထိန်းနိုင်သဖြင့် ယင်းသို့ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း ရွှေသုန္ဒရီ ဠြ၃ ကုန်သင်္ဘော ကပ္ပတိန်က ရှင်းပြသည်။

သင်္ဘောနှင့် ပွတ်တိုက်မိသောကြောင့် နဂါးရုံဘုရား အပြင်လက်ရန်းနှစ်ခု ပျက်စီး ပြီး အောက်ခြေတိုင် အနည်းငယ် ကွဲ အက်ခဲ့သဖြင့် ဆုံးရှုံးမှု တန်ဖိုးကျပ် ၁၅ သိန်းနီးပါး ရှိသည်ဟု နဂါးရုံဘုရားဂေါပက ဥက္ကဋ္ဌ ဦးထွန်းလွင်က ခန့်မှန်းသည်။
ဆုံးရှုံးမှုတန်ဖိုးကို သင်္ဘောတာဝန် ရှိသူများနှင့် ဂေါပက အဖွဲ့တို့ ညှိနှိုင်းနေပြီး ပေးလျော်ရန် စီစဉ်နေသည်ဟု ဦးထွန်းလွင် က ပြောသည်။
ကော့သောင်းမြို့တွင် ဆိတ်ခံဘော တံတား ၂ခု ရှိပြီး ကုန်တင်သင်္ဘောကြီးများ ကုန်ပစ္စည်း အတင်အချ ပြုလုပ်ရန်အတွက် ဘုရင့်နောင်အငူ အရှေ့ ပါချန်မြစ်လယ်တွင် ကျောက်ချရပ်နား စောင့်ဆိုင်းလေ့ ရှိသည်။