မွန်တွင် တပ်မတော်သားနှင့် ရဲတပ်ဖွဲ့ မိသားစု မဲစာရင်း ၂၅၀၀၀ ခန့်ရ

0
649

အကြမ်းဖျင်း ကောက်ထားသည့် စာရင်းအရ မွန်ပြည်နယ်တွင် တပ်မတော် သားနှင့် ရဲတပ်ဖွဲ့ မိသားစု မဲစာရင်း ၂၅၀၀၀ ခန့်ရှိသည်ဟု မွန်ပြည်နယ် ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရ သည်။

မွန်တွင် အခြေခံမဲဆန္ဒရှင် ၁၄ သိန်း ၂ သောင်းကျော်နှင့် တပ်မတော်သားများ နှင့် ရဲတပ်ဖွဲ့ဝင်မိသားစုများ၏ အခြေခံမဲ စာရင်းပေါင်းလိုက်ပါက ၁၄ သိန်းခွဲ ကျော် ရှိမည်ဟု မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်း လင်းထက်က ပြောသည်။
လက်ရှိတွင် ကော်မရှင်က ရဲတပ်ဖွဲ့ ဝင် မိသားစုများ၏ အခြေခံမဲစာရင်းများ ပြုစုနေပြီး တပြိုင်နက်တည်းတွင် နောက် ဆက်တွဲ မဲစာရင်း ပြင်ဆင်၊ ဖြည့် စွက်မှု ကို မော်လမြိုင်ခရိုင်နှင့် သထုံခရိုင်တို့တွင် ဆောင်ရွက်လျက်ရှိသည်။

ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက်နေ့ထိ ထုတ်ပြန်ခဲ့သည့် အခြေခံ မဲဆန္ဒရှင်များ စာရင်းတွင် မှားယွင်းမှု ပုံစံ (၃) ဖြင့် လျှောက်သူ ၂၃၀၀၀ ကျော်၊ ပုံစံ (၄) ဖြင့် လျှောက်ထားသူ ၉၀၀၀ ကျော်နှင့် ပုံစံ (၄-ဂ) ဖြင့် လျှောက်ထားသူ ၁၄၀၀၀ ကျော်ရှိကြောင်း ကော်မရှင်က ပြောသည်။