သားဂန်းအတွက် ထားဝယ် ပရိတ် သတ်များ ရှိုးပွဲ စီစဉ်

0
570

အိပ်မက်ဆုံရာ (ရာသက်ပန်) ပြိုင် ပွဲတွင် နောက်ဆုံးအဆင့် ပြိုင်ပွဲဝင် သုံးဦး တွင် ပါဝင်ခဲ့သည့် ထားဝယ်သား အဆို တော် သားဂန်းအတွက် ထားဝယ်ပရိတ် သတ်များက ရှိုးပွဲတစ်ခု စီစဉ်ပေးထား ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ထားဝယ်သား သားဂန်းကို ဂုဏ်ပြု ချီးမြှင့်သည့်အနေဖြင့် မုတ်သုန်ရာသီ ဂီတအနုပညာ ရန်ပုံငွေပွဲတော် အဖြစ် ပွဲစဉ်ပေးခြင်းဖြစ်ပြီး သားဂန်း နှင့် အတူ အိပ်မက်ဆုံရာ (ရာသက်ပန်) ပြိုင်ပွဲမှ ပထမဆုရှင် အောင်ထက်၊ ဒုတိယဆုရှင် Jenevy အပါအဝင် ပြိုင်ပွဲဝင် ၁၁ ဦး တို့က သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ယင်းပွဲတော်ကို ဩဂုတ်လ ၁ ရက် နေ့တွင် ကမြောကင်းတံတားအနီးရှိ Royal Palace ခန်းမ၌ ကျင်းပမည် ဖြစ်ကာ လက်မှတ်များကို ကျပ် ၅၀၀၀ နှင့် ကျပ် ၇၀၀၀ သတ်မှတ်ထားကြောင်း သိရ သည်။