အမျိုးသမီးငယ် တစ်ဦး လည်ပင်း ညှစ်သတ်ခံရ

0
511

လောင်းလုံးမြို့နယ်ပန်းတင်အင်း ကျေးရွာအုပ်စု ညောင်ပင်ဆိပ်ကျေးရွာ တောစပ်အနီး သေဆုံးနေသည့်အသက် ၁၈ နှစ် အရွယ် အမျိုးသမီးသည် လည်ပင်း ညှစ်သတ်ခံရခြင်းဖြစ်ကြောင်း ဆေး စစ်ချက်ကို ကိုးကားပြီး မောင်းမကန် နယ်မြေရဲစခန်းမှူးက ပြောသည်။

ဖြစ်စဉ်မှာကျူးလွန်သည်ဟု စွပ်စွဲခံရသူအသက် ၂၂ အရွယ် လူငယ်သည် အဆိုပါအမျိုးသမီးငယ်အား ရည်းစားစကားပြောခဲ့စဉ်က အမျိုးသမီးငယ်ကကြမ်း တမ်းသည့်စကားများဖြင့် တုန့်ပြန်ခဲ့သည်ကို အညိုးထားပြီး ယင်းသို့ကျူး လွန်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း စခန်းမှူးက ပြောပြသည်။
” ဆေးစစ်ချက်ကလည်ပင်းညှစ်သတ်ခံရတာပါ ” ဟု စခန်းမှူးကဆိုသည်။

သေဆုံးသူအမျိုးသမီးငယ်သည်ဇူလိုင်လ ၇ ရက်နေ့မနက် ၆ နာရီခွဲခန့်က ၎င်း၏ အဒေါ်သားအမိနှင့်အတူညောင်ပင်ဆိပ် ကျေးရွာမှ ပန်းတင်အင်းကျေးရွာ ဆေးခန်းသို့ အဖော်လိုက်သွားခဲ့ပြီး ဆေးခန်းတွင် အဒေါ်ဖြစ်သူကြာဦးမည်ဖြစ် သဖြင့်စောပြီး ပြန်သွားခဲ့သည်။
သို့သော် အဒေါ်ဖြစ်သူ အိမ်ပြန်ရောက်ချိန်အထိ ပြန်မရောက်လာသေးသည့် အတွက်သေဆုံးသူ၏ အမျိုးသားနှင့်အတူလိုက်လံရှာဖွေရာမှ တောစပ်တွင် သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း မောင်းမကန်နယ်မြေရဲစခန်းထံမှ သိရ သည်။
ပြစ်မှုကျူးလွန်သူအမျိုးသားအား ဇူလိုင်လ ၁၀ ရက်နေ့ ည ၇ နာရီတွင် ဖမ်းမိပြီး လူသတ်မှုပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း အထက်ပါ ရဲစခန်းမှသိရသည်။