သစ်ပင် စိုက်လိုစိတ် ပြန့်ပွားရန် ထားဝယ်လူမှုရေးအဖွဲ့များ အပင်စိုက်

0
547

ထားဝယ်ဒေသခံများ သစ်ပင်များကို စိုက်ပျိုးလိုသည့်စိတ် ပိုမိုဖြစ်ပေါ်လာ စေရန်အတွက် ကျေးရွာ ၃ ရွာ ၌ဇူလိုင်လ ၆ နှင့် ၇ ရက်များတွင် နှစ်ရှည်ပင်နှင့် အရိပ်ရပင် ၁၀၀၀ ခန့်ကို စိုက်ပျိုးခဲ့ ကြောင်း ထားဝယ်အခြေစိုက် လူမှုအဖွဲ့ အစည်းများထံမှ သိရသည်။

ဇူလိုင်လပထမအပတ်အတွင်း ညင်း မော်ကျေးရွာသချုØင်းဧရိယာနှင့် ညင်းမော် ဘုန်းကြီးကျောင်းရှေ့မှ ရေကန်သွားလမ်း တစ်လျှောက်တွင် အပင် ၄၀၀ခန့်၊ ကဒက် ငယ်ဆိပ်ကျေးရွာနှင့် အောက်ရေဖြူ ကျေး ရွာ အကြားရှိ ရွာချင်း ဆက်လမ်းနံဘေး တစ်လျှောက်တွင် အပင် ၂၀၀ ခန့်နှင့် ပန်းတင်အင်းကျေးရွာ ဒက္ခိဏာရုံ ဘုန်း တော်ကြီးကျောင်း ဧရိယာရှိ ရေဝေရေလဲ ထိန်းသိမ်းရေးတောအတွင်း အပင် ၃၀၀ ခန့်တို့ကို စိုက်ပျိုးခဲ့ကြောင်း ထားဝယ် လူငယ် မိတ်သဟာရအဖွဲ့မှ ကိုဘိုဘို အောင်က ပြောသည်။

” ပန်းတင်အင်းတောင်မှာ တစ်တောင် လုံးမှာ ထပ်စိုက်ပျိုးမယ်” ဟု ကိုဘိုဘိုအောင် က ဆိုသည်။
ထို့အပြင် ကဒက်ငယ်ဆိပ်ကျေးရွာ နှင့် အောက်ရေဖြူကျေးရွာအကြား ရွာချင်း ဆက်လမ်းတစ်လျှောက်တွင် အပင် ၃၀၀ ခန့် ထပ်မံစိုက်ပျိုးမည်ဖြစ်ပြီး ရေဖြူမြို့ နယ်၊ ကလုံးထာကျေးရွာ ဘုန်းတော်ကြီး ကျောင်းဧရိယာအတွင်း၌လည်း အပင် ၂၀၀၀ ကျော်ကို စိုက်ပျိုးမည်ဟု သိရသည်။
ဒေသခံများသည် သဘာဝတော တောင်များကို ခုတ်ထွင်ရှင်းလင်းကာ စီးပွားရေးကိုအခြေခံသည့် ရော်ဘာ၊ သီဟိုဠ် စသည့်အပင်တစ်မျိုးတည်းကိုသာ အများ ဆုံး စိုက်ပျိုးကြ၍ ပြုန်းတီးသွားသော အပင်များအား ပြန်လည်ကုစားသည့် အနေဖြင့် နှစ်ရှည်အပင်နှင့် အရိပ်ရအပင် မျိုးစုံပါသော အပင်များကို စိုက်ပျိုးရခြင်း ဖြစ်ကြောင်းကိုဘိုဘိုအောင်က ရှင်းပြ သည်။

” ကမ္ဘာ့ဒီရေတော ကာကွယ်ထိန်း သိမ်းရေးနေ့ (ဇူလိုင်လ ၂၇ရက်)မှာ သစ်ပင် များ ထပ်မံစိုက်ပျိုးဖို့ စီစဉ်ရှိတယ်” ဟု ထားဝယ်သုတေသနအဖွဲ့မှ ကိုလွမ်းမိုးက ဆိုသည်။

အထက်ပါကျေးရွာ ၃ ရွာတွင် နှစ် ရှည်အပင်များဖြစ်သော ပျဉ်းကတိုး၊ မဟော်ဂနီ၊ သစ်ချို စသောအပင်များနှင့် အရိပ်ရအပင်များဖြစ်သော ခရေ၊ ဂန့်ဂေါ်၊ အင်ကြင်း၊ စံကားစသောစုစုပေါင်း အပင် ၁၀ မျိုးကျော်ကိုစိုက်ပျိုးခဲ့သည်ဟု သိရ သည်။
ထားဝယ်လူမှုရေး အဖွဲ့များသည် ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေး နေ့(ဇွန်လ ၅ ရက်)ကလည်း လောင်း လုံးမြို့နယ် မျှော်ရစ်ဘုရားအနီးရှိ ကမ်းပနီ ကျေးရွာ ကမ်းခြေရှိသတ်မှတ်ထားသော နေ ရာ၌ဒီရေတောပေါက်ပင် ၁၀၀၀ ခန့် ကို စိုက်ပျိုးခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်မှစတင်၍ ယခုနှစ်အထိ ၃နှစ်အတွင်း ထားဝယ် ဒေသအတွင်းရှိ လူမှု့အဖွဲ့အစည်း များမှ အပင် ၁၀၀၀၀ ကျော်ကို ဒေသအတွင်းရှိ စပါးတောင်၊ ကလုံးထာ၊ ညင်းမော်၊ သစ်တိုထောင့်၊ ပန်းတင်အင်း၊ ခမောင်း သွယ်ဒေသရှိ ကျေးရွာများ၊ ကျောက်မဲ တောင်၊ ကဒက်ငယ်ဆိပ်နှင့် အောက် ရေဖြူကျေးရွာအကြားရှိ သတ်မှတ်ထား သောနေရာများ၊ တက္ကသိုလ်များ၊ အခြေခံ ပညာကျောင်းအချို့တို့တွင် စိုက်ပျိုးခဲ့ သည်ဟု သိရသည်။