တနင်္သာရီမြို့ဟောင်းကို ထိန်းသိမ်းကာကွယ်ကြပါစို့

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်တွင်ပြု လုပ်သော ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေ အနှစ် ကော်မတီညီလာခံက ကမ္ဘာ့ အမွေအနှစ် စာရင်းဝင်ဒေသများအဖြစ် မြန်မာနိုင်ငံရဲ့ ရှေးပျူမြို့ဟောင်းကြီးများ ဖြစ်တဲ့ဗိဿနိုး၊ ဟန်လင်းနဲ့သရေခေတ္တ ရာ မြို့ဟောင်း ၃ မြို့ကို တရားဝင် သတ်မှတ်ပေးခဲ့ပါတယ်။ ရှေးဟောင်း ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ အနေနဲ့ ဂုဏ်ယူဝမ်းမြောက်ဖွယ် ဖြစ်ပါ တယ်။

တိုင်းရင်းသားဒေသတွေရှိ အခြား ယဉ်ကျေးမှုဒေသတွေကိုလည်း ကမ္ဘာ့ယဉ် ကျေးမှု အမွေအနှစ်စာရင်းဝင်ဖို့ ဆက် လက် ကြိုးစားနေတယ်လို့လည်း သိရ တယ်။ စကားမစပ် ပြောရရင် ထိုင်းတို့ရဲ့ အယုဒ္ဓယမြို့ဟောင်းဟာ ၁၉၉၀ ကတည်း က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေပါ တယ်။
၁၉၉၈ ခုနှစ် ယဉ်ကျေးမှုအမွေ အနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေနှင့်အညီ ဇုန်နယ်မြေများအဖြစ် သတ်မှတ်ပြဋ္ဌာန်းပြီး ကာကွယ်ထိန်း သိမ်းထားသည့် နယ်မြေ ၄၆ ခုရှိကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထား တယ်။
tanintharyi-old-city
ယဉ်ကျေးမှု အမွေအနှစ်ဇုန် ၄၆ ခု အနက် ကာကွယ်ထိန်းသိမ်းထားသော ဇုန် ၂၇ ခုရှိကြောင်း တွေ့ရတယ်။
ဒီဇုန်တွေက ရန်ကုန်တိုင်းဒေသ ကြီးရှိ ရွှေတိဂုံစေတီ၊ မန္တလေးတိုင်းဒေသ ကြီးရှိရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံများ (အမရပူရမြို့ရှိ မဟာ ဝေယံဘုံသာ ဗားကရာကျောင်းတော်ကြီး၊ မဟာအတုလဝေယံ အတုမရှိ ကျောင်း တော်ကြီး၊ ရွှေနန်းတော်ကျောင်း၊ နန်းမြ ဘုံသာစံနန်းတော်ရာစန္ဒမုနိဘုရား၊ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရား)၊ ကျောက်ဆည်ခရိုင် တံတားဦး မြို့နယ်ရှိ အင်းဝမြို့ဟောင်း၊ ကျောက်ဆည် မြို့နယ်ရှိ မြင်စိုင်းမြို့ဟောင်း၊ တံတားဦး မြို့နယ်ရှိ ပင်းယမြို့ဟောင်း၊ မြစ်သားမြို့ နယ်ရှိ မိုင်းမောကျေးရွာ ပင်လယ် (မိုင်း မော) မြို့ဟောင်း၊ စဥ့်ကိုင်မြို့နယ်ရှိ ပလိတ် ဒေသ၊ ရတနာလာဘ မုနိဆုတောင်းပြည့် (မြွေ)ဘုရား၊ ဗန်းမော်ကျောင်းတိုက်၊ ကျိတ်ကုန်းကျောင်း၊ ပါဋလိကျောင်း၊ ဗောဓိကျောင်း၊လေးထပ်ကျောင်း၊ နောက် တော်ပါကျောင်း၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်းမြို့ဟောင်း၊ ပုဂံညောင်ဦးမြို့ နယ်ရှိ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ၊ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးဘုရားနှင့် တောင်ထွတ်နယ်မြေ၊ ကျိုက်မရောမြို့ နယ်အတွင်းရှိ ခရုံဂူ၊ ပဲခူးတိုင်းဒေသကြီးရှိ ကမ္ဘောဇသာဒီနန်းတော်ရာ၊ ပြည်မြို့နယ် ရှိ သရေခေတ္တရာမြို့ဟောင်းနှင့် ပတ်ဝန်း ကျင်၊ နွားထိုးကြီးမြို့နယ်ရှိ ၀တီးမြို့ ဟောင်း၊ ကရင်ပြည်နယ်ဘားအံမြို့နယ်ရှိ ရသေ့ပျံဂူနှင့် ကော့ဂွန်းဂူ၊ တနင်္သာရီတိုင်း ဒေသကြီး လောင်းလုံးမြို့နယ်ရှိ သာဂရ မြို့ဟောင်း (မြို့ဟောင်းကျေးရွာ)၊ ဧရာ ၀တီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရှိ မြောင်းမြမြို့ဟောင်း၊ ရခိုင်ပြည်နယ်ရှိ ဝေသာလီမြို့ဟောင်း၊ ကျောက်တော်မြို့ နယ်ရှိ ဓည၀တမြို့ဟောင်း၊ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိ ဟန်လင်း မြို့ဟောင်း၊ ချောင်းဦးမြို့နယ်ရှိ အမြင့်ရွာ ဒေသနှင့် သုံးပန်လှ (အနိမ့်) ရွာဒေသ၊ ကန့်ဘလူမြို့နယ်ရှိ မြေထူးမြို့ဟောင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ရွာငံမြို့နယ်ရှိ ပြဒါးလင်းဂူအမှတ်(၁)နှင့် အမှတ်(၂)စတာတွေ ဖြစ်ပါတယ်။
ဒီလို ကာကွယ်ထိန်းသိမ်းထားသော ဇုန်များတွင် လူနေအိမ်ခြေဆောက်လုပ် ခြင်းအပါအဝင် အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ စက်ရုံ-အလုပ်ရုံများ တည်ဆောက်ခြင်း၊ ဟိုတယ်များတည် ဆောက်ခြင်း၊ ခြံစည်းရိုး ကာရံခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ ဆည်မြောင်းကန် များ တူးဖော်ခြင်း၊ ဓာတ်တိုင်များ၊ ဆက် သွယ်ရေးတာဝါတိုင်များ စိုက်ထူခြင်း၊ မြေကွက်များ ဖော်ထုတ်နေရာချထား ခြင်း၊ မြို့ရွာများ တိုးချဲ့ခြင်း စတာတွေကို ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေး ဥပဒေနဲ့ တားမြစ် ကန့်သတ်ထားပါတယ်။

၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၀ရက် နေ့မှာ ပြဋ္ဌာန်းတဲ့ ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ အရ ယဉ်ကျေးမှုအမွေအနှစ်ဆိုတာ သမိုင်း အရဖြစ်စေ၊ ယဉ်ကျေးမှုအရ ဖြစ်စေ၊ အနုပညာ လက်ရာမြောက်မှုအရ ဖြစ်စေ၊ မနုဿဗေဒအရဖြစ်စေ တန်ဖိုးကြီးမား သောကြောင့် ကာကွယ်ထိန်းသိမ်းရန် လိုအပ်သည့် ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံ သို့မဟုတ် ရှေးဟောင်း နေရာလို့ ဆိုတယ် (အခန်း၁၊ ပုဒ်မ၂-ပုဒ်မခွဲက)။ ရှေးဟောင်းအထိမ်းအမှတ် အဆောက်အအုံဆိုတာ ၁၈၈၆ ခုနှစ် မတိုင်မီ တည်ရှိသော သို့မဟုတ် ယဉ်ကျေး မှုအမွေအနှစ်ဟု သတ်မှတ်သော အောက်ပါ တို့ ပါဝင်သည်။

(၁) ဗိသုကာလက်ရာ မြောက်သည့် အဆောက်အအုံ၊ ပုထိုး၊ ဘုန်းတော်ကြီး ကျောင်း၊ နန်းတော်၊ လူနေအဆောက် အအုံ ယင်းတို့တွင် ထုလုပ်ထားသည့် ပန်းပု၊ ရုပ်တု၊ ရေးဆွဲထားသည့်ပန်းချီ၊ (၂)သဘာဝအလျောက်တည်ရှိသည့် သို့မဟုတ် လူတို့ဖန်တီးသည့် လူသားတို့ ခိုအောင်း နေထိုင်ခဲ့သော ဂူ၊ (၃) ကမ္ပည်း ကျောက်စာ၊ မော်ကွန်း၊ (၄) လမ်း၊ တံတား၊ သင်္ချိုင်းဂူ၊ သင်္ချိုင်းရာ၊ တူးဖော် ထားသော အဆောက်အဦး အကြွင်း အကျန်၊ (၅) ရေကန်၊ မြို့ရိုး၊ တံတိုင်း၊ တံခါးမုခ်ဝ၊ ကျုံး၊ ခံတပ်၊ ယင်းတို့၏ အကြွင်းအကျန် လို့ ဆိုတယ်( အခန်း၁၊ ပုဒ်မ၂- ပုဒ်မခွဲခ)။ ရှေးဟောင်း နေရာဆို တာကိုလည်း ၁၈၈၆ ခုနှစ်မတိုင်မီက တည်ရှိသော သို့မဟုတ် ယဉ်ကျေးမှုအမွေ အနှစ်ဟု သတ်မှတ်သော တူးဖော်နေဆဲ ဖြစ်သည့်သို့မဟုတ် တူးဖော်ခြင်းမပြုရ သေးသည့် မြို့၊ ရှေးခေတ်လူတို့ အခြေချ နေထိုင်ခဲ့သော နေရာ၊ ရှေးဟောင်းအထိမ်း အမှတ် အဆောက်အအုံတည်ရှိခဲ့ သောနေ ရာ သို့မဟုတ် ကုန်းလို့ဆိုတယ် (အခန်း၁၊ ပုဒ်မ၂-ပုဒ်မခွဲ ဂ)။

၂၀၀၉ခုနှစ် ဇန်နဝါရီလ ၂၀ရက်မှာ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာ ကွယ် ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေဆိုပြီး ပြဋ္ဌာန်းပါတယ်။ ဒီပြင်ဆင်တဲ့ဥပဒေမှာ အထက်ဖော်ပြပါ ပုဒ်မ ၂၊ ပုဒ်မခွဲ ခနဲ့ဂ မှာပါတဲ့ ၁၈၈၆ ခုနှစ်မတိုင်မီကတည်ရှိသော စကားရပ်ကို ရှေးဟောင်းအထိမ်းအမှတ် အဆောက်အ အုံဟု ဦးစီးဌာနက စုံစမ်းစစ်ဆေးသည့် နေရက်မတိုင်မီ နှစ်ပေါင်း ၁၀၀ ကတည်ရှိ သောဆိုတဲ့ စကားရပ်နဲ့ အစားထိုးပါတယ်။
အစိုးရသစ်လက်ထက်ဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဩဂုတ်လ ၈ရက်နေ့မှာ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်း ရေးနည်းဥပဒေကို ပြဋ္ဌာန်းပါတယ်။
ဘာဖြစ်လို့ ဥပဒေတွေ လျှောက် ရွတ်နေတာလဲလို့မေးရင် တနင်္သာရီမြို့ ကို ထိန်းသိမ်းဖို့ ဥပဒေကြောင်းအရ ပြောဖို့ လိုလာပါတယ်။ ပြီးခဲ့တဲ့ ၁၀ရက် လောက်က မိတ်ဆွေတွေလည်း ပြော တယ်။ တနင်္သာရီ အပတ်စဉ်ဂျာနယ်မှာ လည်း သတင်းပါလာတယ်။ အဆောက် အဦးတွေဆောက်လို့ မြို့ရိုးတွေ၊ ကျုံးတွေ ပျောက်ဖို့ ရှိလာတယ်။ မောတောင်-မြိတ် လမ်းဖွင့်လို့ ရှမ်း (ယိုးဒယား)တွေ အစုလိုက် အပြုံလိုက် ဝင်တော့မယ်။ ဒီမြို့ကို မကာ ကွယ်ထားရင် ပြစရာ သက်သေအထောက် အထားတောင် ရှိမှာမဟုတ်တော့ဘူး။

ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်း သုတေသန ဦးစီးဌာန (ရန်ကုန်)ရဲ့ တနင်္သာ ရီမြို့ဟောင်း ပထမအကြိမ် ပဏာမ ကွင်း ဆင်း တိုင်းတာခြင်းနှင့် စမ်းသပ်တူးဖော် သုတေသနလုပ်ငန်း အစီရင်ခံစာ (၁၉၉၈-၁၉၉၉) ရှိပါတယ်။ ဒီ အစီရင်ခံစာအရ တနင်္သာရီမြို့ဟောင်းဟာ ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်း ရေးဥပဒေ (၁၉၉၈ခု) ဖော်ပြချက်အရ ၁၈၈၆ခု ထက်လည်း စောတယ်။ ယဉ်ကျေး မှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်း သိမ်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၀၉) အရ ရှေးဟောင်း အထိမ်း အမှတ် အဆောက်အအုံဟု ဦးစီးဌာနက စုံစမ်းစစ်ဆေးသည့် နေ့ရက်မတိုင်မီ နှစ် ပေါင်း ၁၀၀ က တည်ရှိသောဆိုတဲ့ စကားရပ်ထက်လည်း စောပါတယ်။ ဒါကြောင့် တနင်္သာရီမြို့ဟောင်းဟာ ယဉ် ကျေးမှုအမွေအနှစ် ဒေသတစ်ခု ဖြစ်ပါ တယ်။

အထက်ဖော်ပြပါ အစီရင်ခံစာအရ တနင်္သာရီမြို့ဟောင်းကို ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ကနေ မတ်လ ၃ ရက်နေ့ အထိ ၁၈ ရက်ကြာ စမ်းသပ် တူးဖော် သုတေသန လုပ်ခဲ့တယ်။ ဒီလို မလုပ်ခင် (၁၉၅၃-၁၉၅၄)မှာ ရှေးဟောင်း သုတေသန ညွှန်ကြားရေးဝန် ဦးလူဖေဝင်း ရောက်ရှိ မှတ်တမ်းတင်ဖူးတယ်လို့ ဆို တယ်။ တနင်္သာရီမြို့ဟောင်းရဲု့ ပုံစံက အဝိုင်းလည်း မဟုတ်၊ စတုဂံလည်းမဟုတ် တဲ့ မညီညာသော အနားရှိတဲ့ ခတ္တဇပုံလို့ ဆိုတယ်။ တနင်္သာရီမြစ်ကြီးနဲ့ တနင်္သာရီ မြစ်ငယ်ဆုံရာမှာရှိပြီး မြို့အကျယ်က မိုင် ဝက်ခန့် ရှိတယ်။ မြို့ဧရိယာက (၁.၈၉) စတုရန်းမိုင်လို့ ဆိုတယ်။
မြို့ရဲ့လေးဘက် လေးတန်မှာ အုတ် မြို့ရိုးတွေ ထင်ထင်ရှားရှား အခိုင်အမာ ရှိသေးတယ်လို့ ဖော်ပြထားတယ်။ ဦးကြီး စိန်ရဲ့ တနင်္သာရီတိုင်း မြိတ်ရာဇဝင်တော် ကြီးမှာ မြို့လုံးပတ်လည်သည် ကိုက် ပေါင်း ၅၆၇၀၊ မြို့ရိုးမှာ မြေဝင် (၃)တောင်၊ မြေပေါ်(၈)တောင်ရှိပြီး မြို့တံခါးပေါင် (၈)ခု၊ မလွယ်တံခါး(၂)ခုလို့ ဖော်ပြထား တယ်။
ဦးကြီးစိန်ရဲ့စာအုပ်မှာ တနင်္သာရီ မြို့ကို လင်းဇင်းမင်းရဲ့ သားတော် ဧက ဒယ်ရာဇာမင်းက မြန်မာသက္ကရာဇ် ၆၃၅ခု (ခရစ်နှစ်၁၂၇၃ခု)မှာ တည်တယ်လို့ ဆို တယ်။ ရေဖျက်လို့ မြို့တည်မရဘူး။ မယ် အောင်သာကိုစတေးပြီး မြန်မာသက္ကရာဇ် ၆၃၉ခု ( ခရစ် ၁၂၇၇ခု) ရောက်မှ မြို့ တည်တာ အောင်မြင်တယ်လို့ ဆိုတယ်။ တနင်္သာရီ မြို့သစ်ရာဇဝင်အရ သောဟီက ရာဇာမင်းက ကောဇာ သက္ကရာဇ် ၇၅၃ခု ၉ ( ခရစ် ၁၃၉၁ခု)လို့ ဖော်ပြထားတယ်။ ၁၉၂၁ခုနှစ်ထုတ် အင်္ဂလိပ် မြိတ်ခရိုင် ဂေဇက်တီးယား မှာလည်း အေဒီ (ခရစ်) ၁၃၇၃မှာ ယိုးဒယားတွေ တနင်္သာရီကို တည်ကြောင်း ဆိုတယ်။
အခိုင်မာဆုံး သက်သေအထောက် အထားအရ ပုဂံခေတ် နရပတိစည်သူ (စည်သူ၂) လက်ထက် သက္ကရာဇ် ၅၅၈ ခု (ခရစ် ၁၁၉၆ခု) ရေးထိုးခဲ့တဲ့ ဓမ္မရာဇက ကျောက်စာပါ နိုင်ငံတော် အကျယ်အဝန်း တွင် တောင်ဘက်ဒေသကို ဖော်ပြရာတွင် တနင်သာရိ (တနင်္သာရီ)လို့ အတိအကျ ညွှန်းပါတယ်။ ဒီကျောက်စာ ဖော်ပြချက် အရဆိုရင် တနင်္သာရီမြို့တည်တာ အနည်း ဆုံးနစ် ၂၀၀ လောက် စောအုံးမယ်။
တနင်္သာရီတိုင်းဒေသကြီးရဲ့ နာမည် တောင်မှ ဒီမြို့ဟောင်းရဲ့ နာမည်ဖြစ်တယ်။ ဒါကြောင့် တနင်္သာရီတိုင်းသားတွေ အား လုံးအနေနဲ့ ဒီမြို့လေးနဲ့ သက်ဆိုင်ပါ တယ်။ တနင်္သာရီတိုင်းသားတွေအနေနဲ့ တနင်္သာရီမြို့လေးကို ယဉ်ကျေးမှုအမွေ အနှစ်ဒေသအဖြစ် သတ်မှတ်ပြီးသားဖြစ် ပါတယ်။ အစိုးရမင်းများဘက်ကသာ အသိအမှတ် မပြုတာပါ။

ဒါကြောင့် တနင်္သာရီမြို့ဟောင်းကို ဥပဒေအရ ယဉ်ကျေးမှု အမွေအနှစ် ဒေသ ကာကွယ်ထိန်းသိမ်းရေးဇုန်အဖြစ် အမြန် ဆုံး သတ်မှတ်နိုင်ရေးကို တနင်္သာရီတိုင်း သားများအားလုံး ပူးပေါင်းဆောင်ရွက်ကြ ပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။