သဘာဝလွန် သစ်သီးများနှင့် ကျန်းမာရေး ဆိုးကျိုးများ

0
676

သစ်သီးများ ရွှေခေတ်ဖြစ်လာသော နှစ်ထောင့်တစ်ဆယ် ပြည့်လွန်နှစ်များတွင် ကလေးသူငယ် မိန်းကလေး၊ မိန်းမရွယ်၊ အမျိုးသမီးကြီးများ အမျိုးသားများနှင့် ရဟန်း၊ သံဃာ၊ သီလရှင်များမှ အစပြု ပြီး အသက်အရွယ်မရွေး သစ်သီးစားသုံး ခြင်း အလေ့ ဖြစ်လာသည်။

အဝလွန်သူများ ကိုယ်အလေးချိန် ထိန်းလိုသူများ ကျန်းမာရေးလိုက်စားသူ များ၊ သက်သတ်လွတ်စားသူများ ကောင်း နိုးရာရာ ဘုန်းကြီးဆွမ်းကပ်လိုသူများ မှာ သစ်သီးဝယ်ယူစားသုံးကြသဖြင့်နေရာ အနှံ့အပြား သစ်သီး ဈေးတန်းကြီးများ ခင်းကျင်း၍ နေရာအနှံ့အပြား ရောင်းချ လျက်ရှိသည်။ သစ်သီး ဈေးကွက်၏ တောင်းဆိုမှုအရ အနယ်နယ်အရပ်ရပ်မှ သစ်သီးစိမ်းများ စဉ်ဆက်မပြတ် တင်ပို့ ရခြင်းရှိသည်။ ပုပ်ပွခြင်း၊ အမှည့်လွန်ခြင်း နှင့် သစ်သီးအမြင် မလှမှာစိုးရိမ်ပြီးစားသုံး ရန်အသင့်ဖြစ်ချိန် မှန်းဆတင်ပို့ခြင်းမရှိ ဘဲကြိုတင်ပြီး ခူးဆွတ်တင်ပို့မှုကြောင့် စားသုံးသူလက်တွင် အဆင်သင့်စား သောက်နိုင်ရန် သစ်သီးများအား သဘာဝ မဟုတ်သော နည်းလမ်းများဖြင့် မှည့်ရွှမ်း လာရန် လုပ်ဆောင်မှုများရှိလာသဖြင့် စားသုံးသူအတွက် အန္တရာယ်ရှိလာခြင်း ဖြစ်သည်။
fruits
အနယ်နယ်အရပ်ရပ်မှ တင်ပို့ပြီး ဈေးကွက်သို့ ရောက်ရှိလာသော သစ်သီး များသည် ကျန်းမာရေးအတွက် စနစ် တကျ စီမံထားခြင်းမရှိဘဲ လက်လီရောင်း ချသူ ဈေးသည်များမှာ အလွယ်နည်းဖြင့် စီမံထားသော သစ်သီးများဖြစ်သဖြင့် သတိပြုရန် လိုအပ်သည်။
ဥပမာအားဖြင့် သစ်သီးရောင်းချ သူထံမှ သိရှိရသည်မှာ သင်္ဘောသီးများ မှာ အစိမ်းရောင်ဖြင့် ရောက်ရှိလာပြီး ဆေးမှုန့်တစ်မျိုးအား အရည်ဖျော်ထား သော စည်ကြီးများတွင် သို့မဟုတ် ဇလုံ ကြီးများတွင် တစ်ညတာ စိမ်ထားခြင်းဖြင့် နောက်တစ်နေ့ နံနက်တွင် ရောင်းချရန် မှည့်ဝင်းလာကြောင်း ပြည်သူများကပြော သည်။ ရောင်းချသူများ ပြုပြင်သူများက ထိုသစ်သီးများကိုမစားဟု ပြောသဖြင့် မှည့်ဝင်းရန် အသုံးပြုထားသော ပစ္စည်း မှာ အက်ဆစ်ပျော့များ သို့မဟုတ် ဓာတု ပစ္စည်းတစ်မျိုးမျိုးသာ ဖြစ်နိုင်သည်။ ထိုသို့ ပြုပြင်ထားသော သစ်သီးများအား ကျန်းမာရေးအတွက် စားသုံးသူ အလေး ချိန်ချရန် စားသုံးသူ၊ ကလေးသူငယ်များ၊ ရဟန်းသံဃာများအား ဆွမ်းကပ်ခြင်း များဖြင့် အန္တရာယ်ရှိ သွားနိုင်သည်။

ငှက်ပျောသီးအား ပြုပြင်ရာတွင် အခိုင်လိုက် ရောက်ရှိလာသော ငှက်ပျော သီးခိုင်များအား အဖီးလိုက် ဖြတ်တောက် ပြီး ငှက်ပျောဖီးအရင်း နေရာအား ဆေး စိမ်ခြင်းဖြင့် တဖီးလုံးမှည့်လာအောင် ပြုလုပ်ခြင်းများ ရှိသည်။ နွှာပြီး စားသုံး သော ငှက်ပျောသီးမှာ အပြင်ဘက် ဝါး ဝင်းမှည့်နေသော်လည်း အတွင်းသားမှာ ဖြူဆုတ်ဆုတ်ဖြင့် အရသာမရှိ၊ အချိုမရှိ ဖွယ်နေသည်ကို မြည်းစမ်းရသည်။ ငှက် ပျောသီးမှာ အရည်စုပ်ယူလွယ်သော သစ်သီးမျိုးဖြစ်ပြီး ပြုပြင်သူ ပညာဥာဏ် နည်းပါးမှု၊ လောဘကြီးမှုအပေါ် မူတည် ပြီး အန္တရာယ်ဖြစ်နိုင်သဖြင့် သဘာဝအတိုင်း မှည့်သောသစ်သီးကို ရွေးချယ်ဝယ်ယူ တတ်ရန် အရေးကြီးပါသည်။

လူအများစားသုံးသော နာနတ်သီး များမှာ ခွဲစိတ်ပြီးမှ အဝါရောင်ဆေးဆိုး ခြင်း သရက်သီးမျိုးစုံမှာလည်း ခွဲစိတ်ပြီးမှ အဝါရောင် ဆေးရည်စိမ်ခြင်း၊ သကြား ရည်ဆေး သကြားရည်စိမ်ခြင်း၊ အချိုမှုန့် ဆေးသကြားပါသော ငံပြာရည်နှင့် ငရုပ် သီးမှုန့်များဖြင့် သရက်သီးအား နယ်ဖတ် ခြင်းများပြုလုပ် ရောင်းချကြသည်။
သစ်သီးပြုပြင်သူများအား ရှာဖွေ ဖော်ထုတ်ရန် ခဲယဉ်းသော်လည်း ရပ် ကွက်အတွင်း၊ မိမိ နယ်မြေကျောင်းအတွင်း ကျောင်းများအနီး ပုံမှန်ရောင်းချနေသော သစ်သီးသည်များကိုမူ စိစစ်ခြင်း၊ ပညာ ပေးခြင်း၊ အရေးယူခြင်းများ အတိုင်း အတာတစ်ခုအထိ ပြုနိုင်ပါက မလိုလား အပ်သော ဆိုးကျိုးများ ရှောင်ရှားနိုင်မည် ဖြစ်သည်။

ပြုပြင်ထားသော သစ်သီးများကြောင့် လက်တလော ကျန်းမာရေးဆိုးကျိုးအဖြစ် အော့အန်ခြင်း၊ ပျို့အန်ခြင်း၊ အစာမကြေ ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းကိုက်ခြင်း၊ ဓာတ်မတည့်ခြင်းစသည် တို့ အခန့်မသင့်လျှင် ဖြစ်ပွားနိုင်သည်။

ရေရှည်စားသုံးသူ၊ မသိသဖြင့် ပုံ မှန်စားသုံးသူများတွင် အသုံးပြုထားသော ဓာတုပစ္စည်းများကြောင့် သွေးအတွင်း ကျောက်ကပ်နှင့် အသည်းစသည်တို့သို့ ရောက်ရှိပြီး ဆီးလမ်းကြောင်း ကင်ဆာ များ အူမကြီးကင်ဆာများအထိ ဖြစ်နိုင် သဖြင့် သစ်သီးစားသုံးသည် ဆိုသော် လည်း ရွေးချယ်စားသုံးတတ်ရန် ဈေး ကွက်တွင် အလွယ်တကူ ဝယ်ယူရရှိပြီး နေ့စဉ်စားနေကြသော သစ်သီးများမှာ ပို၍ အန္တရာယ်ရှိနိုင်ကြောင်း နေ့စဉ်လို အပ်ချက်အရ နေ့စဉ်ပြုပြင်ကာ အချိန်မီ ရောင်းချနေသော သစ်သီးဖြစ်သဖြင့် သတိပြုရန် လိုအပ်ပါကြောင်း သတိပေး ရေးသားအပ်ပါသည်။