ငါးပူတင်းချက်စားရာမှ ရေလုပ်သား တစ်ဦး အစာအဆိပ်သင့်သေ

0
672

ပုလောမြို့နယ်တွင် ဇူလိုင်လ ၈ ရက် နေ့က ငါးပူတင်းဟင်းချက်စားရာမှ ရေလုပ် သားတစ်ဦး အစာအဆိပ်သင့် သေဆုံး ခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ဆေး ရုံမှ သိရသည်။

ပုလောမြို့နယ် လက္ကူးကျေးရွာနေ အဆိုပါ အသက် ၂၈ နှစ်အရွယ် ရေလုပ် သားသည် ကဏန်းဖမ်းထွက်ရာမှ ရရှိ သည့် ငါးပူတင်းကို လှေထဲတွင် ဟင်းချက် စားရာမှ ယင်းသို့ အစာအဆိပ်သင့်ခြင်း ဖြစ်ကြောင်း သိရသည်။

ဟင်းချက်စားပြီးနောက် တစ်နာရီ ခန့်အကြာတွင် မူးဝေအော့အန်သဖြင့် ပုလောမြို့နယ်ပြည်သူ့ ဆေးရုံသို့တင်ပို့ခဲ့ သော်လည်း ညနေ ၄ နာရီခန့်တွင် သေ ဆုံးသွားခဲ့ကြောင်း ပုလောမြို့နယ် ပြည်သူ့ ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။
” ငါးပူတင်းကအသား သပ်သပ်စား ရင် အဆိပ်အတောက်၊ သိပ်မဖြစ်နိုင်ပါ ဘူး၊ အခုက ငါးပူတင်းအသဲနှင့် ကလီစာ တွေကိုပါထည့်စားတော့ အစာအဆိပ့် သင့်ပြီး သေဆုံး တာပါ” ဟု အထက်ပါ တာဝန်ကျ ဆရာဝန်က မှတ်ချက်ပြုသည်။
အဆိုပါ ရေလုပ်သားနှင့် ပင်လယ် ပြင်သို့ အတူပါသွားသည့် အသက် ၁၅ နှစ်အရွယ် လူငယ်မှာ ငါးပူတင်းအသား ကိုသာ စားသဖြင့် တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်း အထက်ပါဆေးရုံမှ သိရ သည်။