အင်းလေးမြိုင် စက်မှုဇုန် အငြင်းပွားမြေတွင် နေထိုင်သူတစ်ချို့ နှင်လိုမှုဖြင့် တရားစွဲခံရ

0
437

မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ အုပ်စု အင်းလေးမြိုင်ရပ်ကွက် စက်မှုဇုန် ရှိ ထူးထူးတိုးကုမ္ပဏီနှင့် ယခင်မြေပိုင် ရှင်ဆိုသူတို့ အငြင်းပွားနေသည့် မြေပေါ် တွင် နေထိုင်သူများအနက် တချို့ကို နှင် လိုမှုဖြင့် တရားစွဲဆိုထားသည်ဟု တရားစွဲ ခံထားရသူများထံမှ သိရသည်။

ယင်းအငြင်းပွားမြေနေရာတွင် နေ ထိုင်သည့် အိမ်ခြေ ၅၀ ကျော်အနက်မှ ၁၀ ကို နှင်လိုမှုဖြင့် တရားစွဲသဖြင့် ဇူလိုင် လ ၆ရက်နေ့မှစပြီး မြိတ်မြို့နယ်တရားရုံး တွင် စတင် တရားရင်ဆိုင်နေရကြောင်း သိရသည်။

အဆိုပါ နေအိမ် ၁၀ ဆောင်ကို ဇွန်လ ၂၆ ရက်နေ့စွဲဖြင့် မြိတ်မြို့နယ် တရားရုံးမှ တရားမကြီးမှု အမှတ်(၃၉)ဖြင့် မြေကွက်အတွင်း ပိုင်ဆိုင်မှုတစ်စုံ တစ်ရာမရှိဘဲ ယာယီနေအိမ်များအား ဝင် ရောက် ဆောက်လုပ်နေထိုင်သူများကို ဖယ်ရှား ထွက်ခွာစေလိုမှုဖြင့် တရားပြိုင် များအဖြစ် တရားရုံးတွင် ရင်ဆိုင်ရန် သမ္ပာန်စာများ ရောက်ရှိလာခဲ့ကြောင်း တရားရင်ဆိုင်နေရသူတစ်ချို့က ပြော သည်။

” တရားရင်ဆိုင်လို့ ကုမ္ပဏီဘက်က နိုင်သွားမယ်ဆိုရင်တောင် နေအိမ်ကိုဖယ် ပေးဖို့ မရှိပါဘူး။ ကိုယ်တစ်ယောက် တည်း မဟုတ်တော့ အများသဘောနဲ့ တိုင်ပင်ပြီးမှ လုပ်သွားပါမယ်” ဟု ရုံးချိန်း တက်ခဲ့ရသူ တစ်ဦးဖြစ်သူ ဦးစံမောင်က ပြောသည်။
အဆိုပါ စက်မှုဇုန်မြေအကွက် အမှတ် ၂၃၆ အိုးလုပ်ပြင်ကွင်းရှိ မြေ ၉ ဧကကို မူလက ဦးခင်မောင်လေးဆိုသူအား ချထား ပေးခဲ့သော်လည်း စက်မှုဇုန်စည်းကမ်း များကို ဖောက်ဖျက်ကာ လက်တွေ့ မလုပ် ကိုင်သဖြင့် မြိတ်ခရိုင်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ၂၀၀၅ ခုနှစ် ဇွန်လ ၁၀ရက်နေ့ ရက်စွဲဖြင့် ပြန် လည် သိမ်းယူခဲ့သည့် မြေယာများဖြစ် ကြောင်း သမ္မာန်စာတွင် မြေရာဇဝင် အကြောင်းနှင့် ပတ်သက်ပြီး ရေးသား ဖော်ပြချက်အရ သိရသည်။

ယင်းမြေယာ ၉ ဧကကို တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၄ ရက်နေ့ရက်စွဲ ဖြင့် ထူးထူးတိုးကုမ္ပဏီသို့ လုပ်ပိုင်ခွင့် ချထားပေးခဲ့ရာ မြိတ်ခရိုင်အုပ်ချုပ်ရေး မှူးရုံးမှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ရက်စွဲဖြင့် ထူးထူးတိုးကုမ္ပဏီသို့ ပြန်လည် ချထားပေးခဲ့ခြင်းဖြစ်ကြောင်း မြေရာဇဝင်တွင် ရေးသားဖော်ပြသည်။

သို့သော် မြေများသည် စက်မှုဇုန် မဖြစ်မီကတည်းကပင် ၎င်းပိုင်သည့် ဓနိ တောမြေများဖြစ်သည်ဟု ယခင်ပိုင်ရှင် ဆိုသူ ဖွားသန်းစိန်က ပြောသည်။
ယင်းကဲ့သို့ ယခင်မြေပိုင်ရှင်ဆိုသူ နှင့် ကုမ္ပဏီတို့ မြေယာပိုင်ဆိုင်မှု အငြင်း ပွားခဲ့ရာမှ ကုမ္ပဏီမှ တရားလို ပြုလုပ်ကာ မြေယာများအတွင်း အိမ်ယာများဝင်ရောက် ဆောက်လုပ်နေထိုင်နေကြသည့် မြေပိုင် ရှင် ဆိုသူ၏သားနှစ်ဦးကို ပိုင်နက်ကျူး ကျော်မှုဖြင့် တရားစွဲဆိုခဲ့သဖြင့် လက်ရှိ အချိန် တစ်နှစ်နီးပါးကြာသည်အထိ တရား ရင် ဆိုင်နေရဆဲဖြစ်ကြောင်း မြေပိုင်ရှင် ဆိုသူ၏ သားတစ်ဦးဖြစ်သူ ဦးနိုင်ငယ် က ပြောသည်။
ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့ နေ့စွဲ ဖြင့် ယင်းမြေနေရာပေါ်တွင် နေထိုင်သူ များကို ဇွန်လ ၈ ရက်နေ့ နောက်ဆုံး ထားပြီး ဖြိုဖျက်ဖယ်ရှားပေးရန် တရား လို ထူးထူးတိုးကုမ္ပဏီ၏ မြိတ်ဌာန တာဝန်ခံ ဦးသန့်ဇင်ထွန်း၏ အကျိုးဆောင် ရှေ့နေက စာဖြင့် အသိပေး အကြောင်း ကြားခဲ့ပြီး နောက်ပိုင်းတွင် ယင်းကဲ့သို့ နေအိမ် ၁၀ ဆောင်ကို စတင် တရား ရင်ဆိုင်ရခြင်းဖြစ်ကြောင်း နေအိမ်တစ်ချို့ တွင် နေထိုင်သူများက ပြောသည်။
” အိမ်ခြေ ၅၀ ကျော်ရှိတဲ့အနက် ၁၀ အိမ်ကိုပဲ စပြီး တရားရင်ဆိုင်ရတယ် ဆိုတော့ နောက်ပိုင်းတွင် အခြားနေအိမ် တွေလည်း တရားရင်ဆိုင်ရဖို့ ရှိပါတယ်” ဟု မြိတ်မြို့နယ် တရားရုံးမှ အထက်တန်း ရှေ့နေ့တစ်ဦးက မှတ်ချက် ပြုသည်။

အဆိုပါ မြေပေါ်တွင် နေထိုင်သူ များမှာ ယခင်ပိုင်ရှင်ဆိုသူ ဖွားသန်းစိန် ၏ သားမြေး ဆွေမျိုးများလည်းနေထိုင်ပြီး အခြားသူများမှ ဓနိတောများကို ခုတ်ထွင် ရှင်းလင်းခအဖြစ် ငွေကျပ်သောင်းဂဏန်း ဝန်းကျင်ဖြင့် ဖွားသန်းစိန်ထံမှတဆင့် ပြန်လည် ဝယ်ယူပြီး အိမ်ဆောက်နေထိုင် နေကြခြင်း ဖြစ်သည်။
ယင်းဓနိတော မြေယာများသည် စက်မှုဇုန်မဖြစ်ခင်ကတည်းကပင် ရပ်ကွက် နေလူအများက ဖွားသန်းစိန်ပိုင်သည်ဟု သာ သိထားကြသဖြင့် ဖွားသန်းစိန်ဆီမှ ဝယ်ယူပြီး အိမ်ဆောက် နေထိုင်ကြခြင်း ဖြစ်ကာ လက်ရှိတွင် နေအိမ်တစ်ချို့မှ လည်း ငွေ ကျပ်သိန်း ဂဏန်းဖြင့် တဆင့် ခံပြန်လည်ဝယ်ယူပြီး နေထိုင်သူများ လည်းရှိနေကြောင်း နေအိမ်တစ်ချို့က ပြောသည်။
လက်ရှိမြေပေါ်တွင် ဓနိမိုး၊ ပျဉ်ခင်း၊ ယိုင်ကာ အိမ်ခြေ ၅၀ ကျော်နှင့် ဘုန်း တော်ကြီးကျောင်း တစ်ကျောင်းရှိနေသည် ဟု ယင်းမြေပေါ်တွင် နေထိုင်သူများမှ သိရသည်။