ကျပ်သိန်း ၅၀ ကျော်က တင်ဒါ ခေါ်မည့်အစီအစဉ် အထမမြောက်ဟု ဆိုပြန်

0
444

ယခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကော့သောင်းမြို့နယ်အတွင်းရှိ စည်ပင် သာယာရေးလုပ်ငန်းများအတွက် ကျပ် သိန်း ၅၀ ကျော်ပါက တင်ဒါခေါ်ယူမည့် အစီ အစဉ်အထိ မမြောက်ပြန်ဟု ကော့သောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီက ပြောသည်။

ကော့သောင်းမြို့နယ်အတွင်းရှိ ကျပ်သိန်း ၅၀ ကျော်သည့် စည်ပင် သာယာရေးလုပ်ငန်းများကို ဒေသခံလုပ် ငန်းရှင်များအား တင်ဒါခေါ်သည့်စနစ် အသုံးပြုရန် ဇွန်လ တတိယအပတ်က တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ကော့သောင်းခရီးစဉ်တွင် တင်ပြရာ ယင်း ခရီးစဉ်တွင် ပါလာသည့် လူမှုရေးဝန်ကြီး က စည်ပင်သာယာရေးဝန်ကြီးနှင့် ညှိနှိုင်းပြီး ခွင့်ပြုမည်ဟုပြောခဲ့သော်လည်း ကော့ သောင်းမြို့နယ် စည်ပင်သာယာရေး အဖွဲ့၏ တင်ပြချက်များအရ ပြန်လည် ရုပ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း ကော်မတီ ဝင် ဦးဝင်းနိုင်က ရှင်းပြသည်။

ယင်းသို့ တင်ဒါခေါ်ခွင့်ပြုလိုက်ပါက စည်ပင်သာယာရေးအဖွဲ့မှ ပညာရှင်အပိုင်း နှင့် ပုံမှန် လည်ပတ်နေသည့် စက်ယန္တ ရားများ ရပ်တည်မှုအတွက် အခက်အခဲ ရှိလာနိုင်သည်ဟု ပြောကြာင်း ဦးဝင်းနိုင် က ပြောသည်။
“စည်ပင်လုပ်ငန်းတွေအားလုံး သိမ်း ကြုံး တင်ဒါပေးဖို့ မလိုအပ်ပါဘူး။ အဲဒီ ထဲကလုပ်ငန်းတစ်ချို့ကို ခွဲပေးသင့်တယ် ထင်လို့ တင်ပြခဲ့တာပါ” ဟု ၎င်းက ဆို သည်။

ဒေသစီးပွားရေး ကျဆင်းလာပြီး နောက်ပိုင်းတွင် ကော့သောင်းဒေသခံ လုပ်ငန်းရှင်တချို့သည့် ကန်ထရိုက် လုပ် ငန်းများကို အာရုံကျလာကြသည်ဟု သိရ သည်။