ကော့သောင်းထောင်မှ အကျဉ်းသား ၁၅ ဦး မြိတ်နှင့် အင်းစိန် ပြောင်း

0
437

မူးယစ်ဆေးဝါး တရားမဝင်သယ် ဆောင်မှုဖြင့် ကော့သောင်းမြို့နယ်၊ ၉ မိုင် အကျဉ်းထောင်တွင် နှစ်အကန့် အသတ်မရှိ ထောင်ဒဏ်ကျခံနေရသည့် အကျဉ်းစား ၁၅ ဦးကို မြိတ်နှင့် အင်းစိန် အကျဉ်းထောင်များသို့ ဇူလိုင်လ ၆ ရက် နေ့က ပြောင်းရွှေ့လိုက်ကြောင်း ကော့ သောင်း အကျဉ်းထောင်တာဝန်ရှိသူများ ထံမှ သိရသည်။

အဆိုပါ အကျဉ်းသား ၁၅ဦး အနက် ၆ ဦးကို မြိတ်အကျဉ်းထောင်၊ ၉ ဦးကို အင်းစိန်အကျဉ်းထောင်သို့ မြစ်ကြီးနား သင်္ဘောဖြင့် လုံခြုံရေး ဝန်ထမ်း ၂၃ ဦးနှင့် အတူ ပို့လိုက်ကြောင်း သိရသည်။

” အကျဉ်းသားမိသားစုဝင်တွေ ထောင် ဝင်စာတွေ့ဖို့ လွယ်ကူအောင် နီးစပ်ရာ ထောင်တွေကို ပြောင်းရွှေ့ပေးတာပါ” ဟု ကော့သောင်း အကျဉ်းထောင်မှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။
ကော့သောင်းအကျဉ်းထောင်မှ ယခုအကြိမ် အကျဉ်းသားပြောင်းရွှေ့မှု သည် ယခုနှစ်တွင် တတိယအကြိမ်ဖြစ် သည်။