ကျူရှုင် ကျောင်းနှင့် သူငယ်တန်း

0
565

မေလထဲရောက်ပြီဆိုတာနဲ့ ကျောင်း သားရှိတဲ့ မိဘတွေအနေနဲ့ အရင်လတွေ (မတ်၊ဧပြီ)မှာလိုမျိုး အေးအေးဆေးဆေး မနေနိုင်တော့ပါဘူး။ ကျောင်းသားတွေနဲ့ အပြိုင် သူတို့လည်း မတ်၊ ဧပြီမှာ ခဏ နားနေရာက ပြန်လည် လှုပ်ရှားလာရ ပါပြီ။
အရင်ဆုံး ကျောင်းမဖွင့်ခင် တစ် လကြိုပြီး ကလေးတွေကို ကျူရှင်ဆို တာကြီးကို အရင်ဆုံး စုံစမ်းရတာနဲ့ ဘယ်ဆရာမက ကောင်းသလဲ အချင်း ချင်းမေးရတာနဲ့ အရင်လုပ်နေရတော့ တယ်။

ခေတ်ရေစီးကြောင်း ကြောင့်လား၊ ပညာရေးစနစ်ရဲ့ ချို့ယွင်းမှုကြောင့်လား ဆိုတာ သေချာမပြောနိုင်သေးပေမဲ့ မိဘ တိုင်းရဲ့ရင်ထဲမှာ တစ်သားတည်းခံယူ ထားတာကတော့ ကျောင်းမဖွင့်ခင် ကျူရှင် အရင်ထားရမယ်ဆိုတဲ့ ခံယူချက် ပါပဲ။ မထားရင် ကိုယ့်သားသမီးတွေ မျက်နှာငယ်မှာ စိုးလို့ဆိုတာကလဲ ဘာ တွေကိုကြုံတွေ့ပြီး သိလာကြသလဲတော့ မသိဘူး။
kyushin-school-thungetan
ပြီးခဲ့တဲ့ တစ်ပတ်လောက်က သူငယ်တန်း ကျောင်းသား မိခင်တစ် ယောက်က တိုင်ပင်လာတယ်။ သူ့က လေးက ကျောင်းကပြန်ရင်ငိုပြီးစာအုပ် ထဲမှာလဲ စာတွေ မတွေ့ရဘူးတဲ့။ ဥာဏ် ရည်မမီဘူး ထင်တယ်တဲ့။ ကျူရှင်ထား လာမေးတော့ ဘယ်အခန်းမှာကျမယ် မှန်း မသိလို့ ကျောင်းဖွင့်မှ အပ်မယ်ဆိုပြီး မအပ်ရသေးဘူးဆိုပြီး ပြောတယ်။ တခြားကလေးတွေကို လေ့လာဖြစ်လား မေးတော့ သူတို့ကလေးတွေမှာ စာရှိ တဲ့ကလေးရှိတယ်လို့ ဆိုလာပြန်ရော။
ဒီတော့ အဖြေကို ရှာမှဖြစ်မယ်ဆိုပြီး ရှာကြည့်တော့ ပြဿနာက ကျူရှင်ဖြစ် နေတယ်။ ဒါကကော့သောင်းက သူငယ် တန်း ကျောင်းသားမိခင် တစ်ယောက်ရဲ့ ဖြစ်ပုံပါ။ အခြားနေရာတွေမှာ ဒီလိုမျိုး အဖြစ်တွေ ရှိနေမယ်ဆိုတာကလည်း မြေကြီးလက်ခတ် မလွဲပါပဲ။

ယေဘုယျအားဖြင့် တတ်နိုင်တဲ့ နားလည်တဲ့မိဘအများစုက သူတို့ ကလေးတွေကို ကျောင်းမဖွင့်ခင် တစ်လ မှာ ကျူရှင်ကြိုထားကြတယ်။ အဲလို ကျူရှင် ကြိုတက်ထားတဲ့ ကလေးတွေက ကျောင်းစဖွင့်တဲ့နေ့မှာ အခက်အခဲ သိပ် မရှိသလို သူငယ်ချင်းတွေတောင်ရနေကြ ပါပြီ။
ဒါပေမဲ့ ကျူရှင်လုံးဝမထားတဲ့ ကလေးတွေက ကြောင်တောင်တောင်နဲ့ မျက်စိသူငယ် နားသူငယ်ဖြစ်ပြီး ဘာ လုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေတာ ပါ။ ဘာကြောင့်အဲလိုဖြစ်တာလဲဆိုတော့ ဆရာ ဆရာမ တော်တော်များများက ကျူရှင်ကြိုဖွင့်ပြီး ကိုယ့်အခန်းမှာ အပ် မယ့်ကလေးတွေကို စာကြိုသင်ထား လို့ပါ။ ကျောင်းဖွင့်လို့ စာသင်ပြီဆိုတာနဲ့ ကျူရှင်ကလေးတွေ အားလုံးက ကျောင်း စာသင်ခန်းထဲမှာဆိုတော ဆရာနဲ့ကလေး အဆင်ကို ချောလို့ပေါ့။ အဲဒီမှာ ကျူရှင် ကြိုမအပ်ထားတဲ့ကလေးက စာကိုနား မလည်၊ မလိုက်နိုင်တော့၊ စိတ်မဝင်စားတဲ့ အနေအထားကို အလိုလိုရောက်ကုန်ပါ တယ်။
တကယ်တော့ ကျူရှင်ကြိုထားတာ မထားတာက ပညာရေးမှာ တိုက်ရိုက် ပတ်သက်မှုမရှိပါဘူး။ လိုအပ်နေတာက စနစ်တကျ စေတနာပါပါ သင်ကြားဖို့ပါ။ သူငယ်တန်းဆိုရင် ကျောင်းဖွင့်တာနဲ့ ၀လုံးကို စသင်မယ်။ ကျူရှင်မှာ သင်ထား ပြီး ဖြစ်ပေမယ့် ကျောင်းစဖွင့်တဲ့နေ့မှာ ကလေးတွေကို ၀လုံး ရေးသားနည်းတွေ စသင်ရပါမယ်။ ၀လုံးကို ဘယ်လိုဆွဲ တယ်။ ကကြီးကို ဘယ်လိုစဆွဲသလဲဆို တာတွေ သင်ရမှာပါ။

စာရေးသူတို့ ငယ်ငယ်ကဆို ကျောက်သင်ပုန်းနဲ့ ကျောက်တံကို ကိုင် တွယ်နည်း၊ ၀လုံးကို စဆွဲနည်းတွေကို တစ်လလောက် လေ့ကျင့်ပေးပါတယ်။ ကျူရှင်မရှိပါဘူး။ မကြားဖူးဘူးဆို ပိုမှန် ပါမယ်။ တစ်ယောက်ချင်းစီကို ဆရာမက ကိုယ်ဖိရင်ဖိ စိတ်ရှည်လက်ရှည် သင်ပေး တာပါ။ ကျောင်းပြန်ရင် လွယ်အိတ်ချ၊ ကစား၊ ညရောက်လို့ အမေကစာကျက်ဆို တာနဲ့ ကျောက်သင်ပုန်းမှာ နေ့လည်က ဆရာမ ရေးပြထားတာတွေ ပြန်ရေးပြီး အိပ်၊ ဒါပါပဲ။
အခုက အဲလိုမျိုးကို ကျောင်းတွေမှာ မသင်တော့ပါဘူး။ လူနည်းတဲ့ ကျူရှင် တွေမှာလောက်ပဲ သင်ကြပါတော့တယ်။ လက်ရှိ ကျောင်းတွေမှာ သင်နေတာက ဆရာမက၀လုံးရေးပြ၊ အောက်က ကလေးတွေက အဆင်ပြေသလို ရေးချ၊ ပုံစံတူရင်ရပြီ။ ရေးနိုင်တဲ့ကလေး အမှန် ပေး။ မရေးနိုင်တဲ့ကလေး အမှားပေး။ ဒီလိုနည်းတွေနဲ့ သင်တာများလာပါ တယ်။ အဲဒီတော့ ကျူရှင်မနေတဲ့ကလေး တွေက ကျောင်းခန်းထဲမှာဝလုံးကို ဘယ် က စရေးရမှန်းမသိဆိုတဲ့ ပြဿနာနဲ့ ရင်ဆိုင်ရတာပါပဲ။

ကလေးတစ်ယောက်အနေနဲ့ စဉ်း စားရင် တကယ့်ပြဿနာ အကြီးကြီးပါ။ ကျောင်းခန်းထဲမှာ ဘာလို့ငါ့ကို မသိ ကြပဲ သူတို့အချင်းချင်းက သိနေတာလဲ။ ဘာလို့ ငါ့အတွက် ၀လုံးရေးဖို့က အရမ်း ခက်ခဲနေတာလဲ။ ဘာကြောင့်များ သူ တို့အတွက် အရမ်းလွယ်နေတာလဲ စသဖြင့်တွေးပြီး အကြပ်ရိုက်နေမှာ အသေအချာပါပဲ။ စိတ်အားငယ်မှာ စိတ်ရှုပ်ထွေးမှာ အသေအချာပါပဲ။

ပြီးတော့ ဆရာမက ပုံနှိပ်စာအုပ် ထုတ်ပြီး က၊ ခ၊ ဂ ဆိုခိုင်းတော့လည်း ဘာမှလည်း မဆိုတတ်နဲ့ ကြာတော့ ကလေးက စိတ်ညစ်လာတယ်။ ကျောင်း တက်ရမှာ ကြောက်လာတယ်။ သူများ တွေ အဖြူအစိမ်း ဝတ်စုံလေး ဝတ်တာ မြင် ပြန်တော့လည်း ကျောင်းကသွား ချင်လာ ပြန်တယ်။
အဲလို အခြေအနေမျိုးမှာ ကျောင်း သာ သွားနေပြီး ကလေးက စာမလိုက် နိုင်ဖြစ်နေတယ်။ ဒါတွေကို ဆရာ ဆရာ မတွေ၊မိဘတွေကသတိမပြုမိဘဲ ကလေး က ဥာဏ်ရည်နိမ့်တယ်ဆိုပြီး ကောက် ချက်ချကြတာ များပါတယ်။

တကယ်တော့ အဲလို မဟုတ်ပါဘူး။ ကလေးတစ်ယောက်အနေနဲ့ ကျော်၊ ခွ၊ သင် စနစ်ကို ရင်ဆိုင်လိုက်ရတော့ စာကို မလိုက်နိုင်သလိုဖြစ်သွားတာပါ။ ကလေး ငိုပြီး ပြန်လာတာ စာကြောက်လို့မဟုတ်၊ သူနားမလည်တာတွေကို စတင်ရင်ဆိုင် ရလို့ ပြီးတော့ အဲဒါတွေကို သူများတွေက ကောင်းကောင်းနားလည် လုပ်နိုင်နေလို့ ဆိုတာ ဆရာနဲ့ မိဘတွေ သတိမထားမိ ကြပါဘူး။

ပညာရေးဝန်ကြီးဌာနက စာရေး ဆွဲနည်း စာအုပ်တွေ၊ သင်ကြားနည်းတွေ ထုတ်ဝေဖြန့်ချိထားပေမဲ့ တကယ်တမ်းမှာ အကျိုးဖြစ်ထွန်းလှတာ မတွေ့ရပါဘူး။ ဆရာတော်တော်များများက ကျူရှင်နဲ့ ကျောင်းကို တစ်ထပ်တည်းလိုမြင်လာပြီး ကျူရှင်မှာ သင်ထားတာပဲ၊ ကျောင်းမှာ လျော့သင်လိုက်လဲရတယ် ဆိုတဲ့အတွေး များ ဝင်နေရော့သလား မသိပါဘူး။ တကယ်ဆို ကျူရှင်မှာဘယ်လောက် သင်ထားထား ကျောင်းမှာ အစကနေ ပြန်သင်ရမှာ ဖြစ်ပါတယ်။
ဒါက ဆရာတွေရဲ့ တာဝန်တစ်ရပ် လည်း ဖြစ်တယ်ဆိုတာ ပြောစရာမလို အောင် သိပြီးကျင့်ရမှာပါ။
ကလေး မိဘတစ်ယောက်နဲ့ တစ် ယောက် အခြေခံဘ၀ရပ်တည်မှု အခြေ အနေမတူကြတဲ့အတွက် မိဘတိုင်းက ကျူရှင် မထားနိုင်ကြပါဘူး။ ကလေးကို ပညာတတ်စေချင်လို့ ကျောင်းကို ယုံယုံ ကြည်ကြည်နဲ့ လာအပ်နှံထားတာပါ။ ကျူရှင်ထားမှဖြစ်မယ့် အခြေအနေဆိုတာ သိလျက်နဲ့ မထားနိုင်တဲ့ မိဘတွေအများ ကြီး ရှိပါတယ်။

လက်ရှိ လူမှုရေးဝန်ကြီးကလည်း ကျူရှင်တွေကို နားလည်မှုနဲ့ ခွင့်ပြုထား တယ်။ အတိုင်မခံရအောင်တော့ သင်ကြ၊ တိုင်ရင်တော့ အရေးယူမယ်လို့ ပြောခဲ့တာ ရှိတော့ အမြစ်ဖြတ် အရေးယူမယ့်ပုံ လည်း မရှိပါဘူး။
ဆိုတော့ ဆရာ၊ ဆရာမတွေအနေနဲ့ သာ ကိုယ့်ရဲ့ ဆရာဆိုတဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီစွာနေထိုင်မယ်။ ကလေးတွေ အပေါ်မှာ စေတနာအပြည့် ထားမယ်။ ကျူရှင်သင်တဲ့ကလေး မသင်တဲ့ကလေး မခွဲခြားဘူး။ ကျူရှင်မှာ အာရုံစိုက်သလို ကျောင်းမှာ အာရုံစိုက်မယ်ဆိုရင် ဘယ် လောက်များ ကောင်းလိမ့်မလဲ။
တကယ်တော့ ကျူရှင်ဆိုတာ လို အပ်ချက်ရှိနေတဲ့ ကျောင်းသားတွေ အတွက် သင်ထောက်ကူသင်တန်းတစ် ခုပဲ ဖြစ်သင့်ပါတယ်။ ကျူရှင်ကို အဓိ ကထား ဦးစားပေးရတဲ့အဆင့် မရောက် သင့်ပါဘူး။ အဲလို မရောက်အောင် သတိ ထားရမှာပါ။
အခုက ကျူရှင်က ကျောင်းလား၊ ကျောင်းကကျူရှင်လား မကွဲတော့။

နုနယ်တဲ့ ကလေးတွေအနေနဲ့ ကျောင်းဆိုတဲ့ လောကကြီးထဲ စရောက် ချိန်မှာ သူနားမလည်တာကို သူများတွေ နားလည်နေတယ်။ သူမသိတဲ့သူတွေက  အချင်းချင်း သိနေတယ်။ သူမဆိုနိုင်တာ တွေကို သူများတွေက ဆိုနေနိုင်တယ် ဆိုတဲ့ အခြေအနေက စာသင်ခန်းထဲ နေပျော်ဖို့ ဘယ်လောက်များ ခက်ခဲ လိမ့်မလဲ။

စာသင်ခန်းဆိုတဲ့ လောကကြီးက သူ့အတွက် ဘယ်လောက်များ သူစိမ်း ဆန်လိမ့်မလဲ။
ဘယ်လောက်များ ခက်ခဲလိမ့်မလဲ။ ဘယ်လောက်များ ရက်စက်ရာ ကျမလဲ၊ အဲလို ကလေးတွေ ဘယ်လောက်များ ရှိနေမလဲ မသိပါဘူး။
အဲလို အတွေးစများ  ကိုယ်ချင်းစာ စိတ်များကို ကလေးတွေကို ပေါ့ပေါ့ ဆဆ စာသင်တဲ့ ဆရာဆရာမတွေမှာ ရှိဖို့ ဆုတောင်းနေမိပါတယ်။