ပုလောတွင် လက်ဝှေ့ပွဲ ပြန်ကျင်းပ

0
497

ဆယ်စုနှစ် တစ်ခုနီပါး ရပ်နားထား သည့် လက်ဝှေ့ပြိုင်ပွဲကို ပုလောတွင် ပြန် လည် ကျင်းပခဲ့ကြောင်း ကျင်းပရေး ကော်မတီထံမှ သိရသည်။


မကျင်းပဖြစ်သည်မှာ ကြာပြီဖြစ် သော်လည်း ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် ပြန်ကျင်းပခဲ့သည့် ယင်း လက်ဝှေ့ပွဲကို ဒေသခံများ၏စိတ်ဝင်တ စားအားပေးမှုကို ရခဲ့ကြောင်း ပုလောမြို့ ခံ ဦးမြင့်သန်းစိုးက ပြော သည်။
” အမျိုးသားရော အမျိုးသမီးတွေပါ ရုံပြည့် လာအားပေးတာ တွေ့ရတယ်” ဟု ပုလောမြို့နယ် အား^ကာမှူး ဦးဝင်း မောင်လေးက ပြောကြားသည်။

palaw-boxing
လက်ဝှေ့ပွဲများကို ပြန်ကျင်းပမည် ဖြစ်သည့်အတွက် လက်ဝှေ့ ဝါသနာရှင် များအတွက် အခွင့်ရေးကောင်းတစ်ခု ဖြစ် လာမည်ဖြစ်ကြောင်း ဦးဝင်းမောင်လေးက မှတ်ချက်ပြုသည်။
အဆိုပါ လက်ဝှေ့ပွဲတွင် မြိတ်၊ ပုလော နှင့် ကော့သောင်းမြို့နယ်တို့မှ လက်ဝှေ့ အားကစားသမားများ လာရောက် ယှဉ်ပြိုင် ပြီး အမျိုးသမီးဘောက်ဆင် ပွဲတစ်ပွဲကို လည်း ထည့်သွင်းခဲ့သည်ဟု ပွဲစီစဉ်သူ များက ပြောသည်။ပုလောမြို့နယ်တွင် လစဉ် မြို့နယ် အားကစားပြိုင်ပွဲကို ယခု ဇူလိုင်လမှစ၍ လအလိုက် ဆက်တိုက် ကျင်းပသွားမည် ဖြစ်ပြီး ယင်းပွဲများအတွက် ပထမ ၆ လ တွင် ရန်ပုံငွေ ကျပ်သိန်း ၇၀ သုံးမည်ဟု သိရသည်။
သို့သော် လက်ရှိတွင် ပုလောမြို့ နယ် အားကစားကွင်းသည် ကွင်းအတွင်း ပျက်စီးနေပြီး ကွင်းကို ပြန်လည်ပြင် ဆင်ပြီးမှ အားကစားပေါင်းစုံကို ကျင်းပ နိုင်မည်ဟု အား^ကာမှူး  ဦးဝင်းမောင် လေးက ပြောသည်။