မွန်တွင် မဲစာရင်းပြင်ဆင် လျှောက်ထားသူ ၄ သောင်းကျော်ရှိ

0
621

မွန်ပြည်နယ် တစ်ခုလုံးတွင် အခြေခံမဲ ဆန္ဒရှင်များစာရင်းကို ထုတ်ပြန်ခဲ့ရာ ပုံစံ အမျိုးမျိုးဖြင့် မှားယွင်းနေသည့် မဲစာရင်း များကို ပြင်ဆင် လျှောက်ထားသူ ၄၆၀၀၀ ကျော်ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရ သည်။


မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ခန့်မှန်း မဲစာရင်း ၁၄ သိန်း ၂ သောင်းကျော်ရှိကာ မဲစာရင်း လာကြည့်သူ ၁ သိန်း ၈ သောင်း ကျော်ရှိပြီး ပုံစံ ၃ ဖြင့် လျှောက်သူ ၂၃၀၀၀ ကျော်၊ ပုံစံ ၄ ဖြင့် လျှောက်ထားသူ ၉၀၀၀ ကျော်နှင့် ပုံစံ ၄-ဂ ဖြင့် လျှောက် ထားသူ ၁၄၀၀၀ ကျော်ရှိသည်ဟု ပြည် နယ်ကော်မရှင်အဖွဲ့ခွဲ တာဝန်ခံ ဦးဟိဏ်း လင်းထက်က ပြောသည်။
မွန်ပြည်နယ်တွင် အခြေခံမဲဆန္ဒရှင် စာရင်းကို ဇွန်လ ၈ ရက်နေ့မှ ၂၁ ရက် နေ့အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ကပ်ထားခဲ့သည်။
” မြို့နယ်အလိုက် မဲစာရင်းမှားယွင်း မှုက ၃၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်း ထိရှိနေတယ်” ဟု မွန်ပြည်နယ်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေး တာဝန်ခံ ဦးအေးမင်းဟန်က ပြောသည်။
မွန်ပြည်နယ်တွင်းရှိ မဲစာရင်းအမှား များကို အမျိုးသားဒီမိုရေစီအဖွဲ့ အပါ အဝင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်လူမှု အဖွဲ့အစည်းတို့မှ ကွင်းဆင်းစစ်တမ်း ကောက်ယူထားပြီး ပြည်နယ်ရွေးကောက် ပွဲကော်မရှင်ထံ တင်ပြထားသည်။