မြက်ဆစ်ကြောင့် စပါးစိုက် မရ ဖြစ်နေ

0
516

ထားဝယ်မြစ်အတွင်း မောင်မယ် ရှောင်ချောင်းမကြီးနှင့် ကမြောကင်း တံတားအနီးရှိ ရေလယ်ကျွန်းပေါ်တွင် မြက်ဆစ်ပင်များ အလွန်အကျွံ ပေါက် လာသည့်အတွက် တချို့လယ်ကွက်များ တွင် စပါးစိုက်မရတော့ဟု ယင်းကျွန်းပေါ် တွင် လယ်ယာလုပ်ငန်း လုပ်ကိုင်နေသည့် လယ်ပိုင်ရှင်များက ပြောသည်။


ယင်းမြက်ဆစ်ပင်များသည့် လွန် ခဲ့သည့် ဆယ်နှစ်ခန့်မှ စပြီး တဖြည်းဖြည်း မျိုးပွားလာပြီး ကျွန်း၏ အနောက်ဘက် လောင်းလုံးမြို့နယ်ထိန်တွင်း ကျေးရွာ မြောက်ဘက် (မြင်းပျံကွင်း)တွင် လွန်ခဲ့ သည့် သုံးနှစ်က စတွေ့သည်ဟု အထက် ပါ လယ်ပိုင်ရှင်များထံမှ သိရသည်။

htawlagyi
စပါးစိုက်ရန်အတွက် ယင်းမြက် ဆစ်ပင်များကို စက်ဖြင့် ခုတ်ထွင်ခြင်း မြက်နုတ်ခြင်းတို့ ပြုလုပ်ကြသော်လည်း စပါးနှင့်အတူ ပြန်ပေါက်လာသည့် အတွက် စပါးစိုက်မရတော့ဟု လယ်သမားများက ပြောသည်။
” စက်နဲ့ခုတ်တယ်၊ နုတ်တယ်၊ မြက် သတ်ဆေးနဲ့ ဖြန်းလည်း အလကားပဲ၊ ခုတ်ပြီးထားရင် အဆင့်ကနေ ပြန်ပေါက် လာတယ်” ဟု  ရေလယ်ကျွန်းအပေါ်၌ မိသားစုပိုင် လယ် ၁၀ ဧကရှိသူ ဦးဥာဏ် ရွှေက ဆိုသည်။
အဆိုပါ မြက်ဆစ်ပင်များသည် ရေ လယ်ကျွန်းနှင့် ထိန်တွင်း ကျေးရွာ တို့ တွင် မည်သို့ ပေါက်ဖွားလာသည်ကို အဖြေ ရှာမရဖြစ်နေပြီး မြစ်နှင့်ဝေးသည့် လယ် ကွက်များထက် မြစ်နှင့်နီးသည့် လယ်ကွက် များတွင် ပိုများသည်ဟု လယ်သမားများ က ရှင်းပြသည်။
” မြက်ဆစ်ပင် အပေါက်များတဲ့ လယ်ကွက်ဆို လုပ်မနိုင်တော့လို့ ပစ် ထားတယ်” ဟု ထိန်းတွင်း ကျေးရွာမြောက် ဖက်လယ်ကွင်း၌ လယ် ၁၂ ဧက လုပ်ကိုင် လျက်သော လယ်ပိုင်ရှင်ဦးနန်းဦးက ပြော သည်။ယင်းရေလယ်ကျွန်းတွင် လယ်ကွက် ဧကထောင်ချီရှိသည်ဟု သိရသည်။
ထားဝယ်ဒေသအတွင်း လောင်း လုံးမြို့နယ်သည် စပါးထွက်နှုန်းအများ ဆုံးမြို့နယ် ဖြစ်သည်။
ယင်းမြို့နယ်ရှိ  ပြင်ကြီးရေလယ် ကျွန်းတွင် လွန်ခဲ့သည့်  ၃ နှစ်ခန့်က ကြွက်သောင်းကျန်းသဖြင့် လယ်ပိုင်ရှင် များ ဆုံးရှုံးမှု ကြုံခဲ့ရဖူးသည်ဟု သိရသည်။