ဓားပြခေါင်းဆောင် နိုင်ချမ်းဒိန်း မွန်ပြည်သစ်လက်ချက်ဖြင့် သေဆုံး

0
717

မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း ဒေသ တစ်ဝိုက်တွင် ပြန်ပေးဆွဲမှု၊ လူ သတ်၊ ဆက်ကြေးကောက်ခံမှုများဖြင့် နာမည်ကြီးသည့် ဓားပြခေါင်းဆောင် နိုင်ချမ်းဒိန်းသည် ဇူလိုင်လ ၇ရက်နေ့က မွန်ပြည်သစ်ပါတီ၏ လက်ချက်ဖြင့် သေဆုံးသွားကြောင်း ထားဝယ်ခရိုင် အခြေစိုက် မွန်ပြည်သစ်ပါတီအမှတ် ၂ တပ်ရင်းက အတည်ပြု ပြောသည်။


အထက်ပါ တပ်ရင်းသည် သတင်း အရ ရေးမြို့နယ် ၉ မိုင် ကျေးရွာအနီးရှိ ခလရ ၂၉၉ တပ်ရင်း၏ အရှေ့တောင်ဘက် ၆ မိုင်ခန့် အကွာရှိ ဒေသအခေါ်ကျွဲ တောင်နယ်မြေအား သွားရောက်ရှင်း လင်းရာ ဇူလိုင်လ ၇ ရက်နေ့ နံနက် အာရုဏ်တက်ချိန်တွင် နိုင်ချမ်းဒိန်းအား အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။
” သူတို့နားတဲ့ တဲမှာ အိပ်နေတုန်း ဝိုင်းပြီး ဖမ်းတယ်၊ သူ့ကိုဌာနချုပ်ကို ခေါ် သွားဖို့လမ်းမှာ ညနေ ၄ နာရီခွဲလောက် ပေါ့ နားတဲ့ ချိန်မှာ သူက ထွက်ပြေးတော့ ကျွန်တော်တို့ ပစ်လိုက်တာ ” ဟု အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြော သည်။
နိုင်ချမ်းဒိန်းအား ဝိုင်းဝန်းဖမ်းဆီး ခဲ့စဉ်က ၎င်းနှင့်အတူ လက်နက်ကြီး၊ လက်နက်ငယ် ၁၀ လက်နှင့် အဖွဲ့တံဆိပ် အပါအဝင် အခြားသော ဆက်စပ် အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရမိ ကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ နိုင်ချမ်း ဒိန်းစခန်းချထားသည့် နေရာသို့ ဝင်ရောက် ရှင်းလင်းချိန်တွင် ၎င်း၏တပည့်များက ကျေးရွာသို့ ခေတ္တပြန်သွားနေကြချိန် ဖြစ်ပြီး စခန်း၌ နိုင်ချမ်းဒိန်းတစ်ဦးတည်း သာ အိပ်ပျော်နေစဉ် လွယ်ကူစွာ ဖမ်းဆီး နိုင်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါ တာဝန် ရှိသူက ရှင်းပြသည်။
နိုင်ချမ်းဒိန်းနှင့်အဖွဲ့သည် ကျွဲတောင် နယ်မြေတစ်ဝိုက်တွင် စခန်းအခိုင်အမာ ဖြင့် ကာလကြာရှည် လှုပ်ရှားနေသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။
” ချမ်းဒိန်းက ရေးဘက်မှာဆိုရင် တော်တော်နာမည်ကြီးတယ်၊ ဓားမြတိုက်၊ ဆက်ကြေးကောက် ပြီးတော့ လူတွေသတ် အဲလိုနဲ့ နာမည်ကြီးတယ်၊ လုပ်စားနေ တာလဲ ကြာပြီ၊ ဒေသခံတွေ ကြောက်ကြ တယ်၊ သူတို့လူ သိပ်မရှိဘူး ၃ ၄ ယောက် ပဲ၊ မွန်ပြည်သစ်ကတော့ လိုက်နေတာကြာ ပြီ” ဟု ရေးဒေသခံ ဦးပလိုင်းက ပြော သည်။
နိုင်ချမ်းဒိန်း ဦးဆောင်သည့်အဖွဲ့ သည် အဖွဲ့ဝင် ၅ ဦးဝန်းကျင်ခန့်ဖြင့် မာန်အောင် ဒေသတစ်ဝိုက်တွင် ဓားမြ တိုက်၊ လူသတ်၊ ဆက်ကြေးကောက်ကာ ပြီးခဲ့သည့် ၁၀ နှစ်ဝန်းကျင် ကတည်းက လှုပ်ရှားလာခဲ့သည်ဟု မွန်ပြည်သစ် ပါတီထံမှ သိရသည်။