တိုင်းအတွင်း ကျေးရွာ ဆယ်ရွာကို မြေငှားဂရန် ထုတ်ပေးမည်

0
565

တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ် အလိုက် ကျေးရွာဆယ်ရွာကို   ကျေးရွာ မြေငှားဂရန်များ ထုတ်ပေးရန် စီစဉ် လျက်ရှိကြောင်း ထားဝယ်ခရိုင် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရ သည်။


ယခင်က မြို့ဧရိယာများတွင် သာ မြို့မြေငှားဂရန်ရှိပြီး ကျေးရွာများတွင် မြေငှားဂရန် မရှိသဖြင့် မြို့နယ် ဆယ်မြို့ နယ်တွင် ကျေးရွာတစ်ရွာစီ ရွေးချယ်၍ ယင်းသို့ စီစဉ်ခြင်းဖြစ်ကြောင်း ထားဝယ် ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
” ရွာတွေကိုက မြို့နယ် အထောက် အကူပြု ကော်မတီကို ရွေးခိုင်းတာပါ” ဟု ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်း အောင်က ပြောသည်။
ကျေးရွာမြေငှားဂရန် ထုတ်ပေးရန် အတွက် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် နှင့် ကျေးရွာလုပ်ငန်းအဖွဲ့များကို ဖွဲ့စည်း ထားပြီးဖြစ်ပြီး မြေတိုင်းရန်အတွက် မြေ စာရင်းဌာနနှင့် ကျေးရွာလုပ်ငန်းအဖွဲ့ တို့က မကြာမီလုပ်ငန်း စတော့မည်ဖြစ် ကြောင်း ဦးသိန်းအောင်က ပြောသည်။
အထက်ပါ ကျေးရွာများမှ ကျေးရွာ မြေငှားဂရန်များကို ကျေးရွာအုပ်ချုပ်ရေး မှူး ပါဝင်သည့် ကျေးရွာလုပ်ငန်းအဖွဲ့ များထံတွင် လျှောက်လွှာတောင်းယူ လျှောက်ထားနိုင်ပြီး စက်တင်ဘာလကုန် အထိ သုံးလအတွင်းအပြီး ထုတ်ပေးသွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ကျေးရွာမြေငှားဂရန်များကို ဆောက် ထားသည့် အဆောက်အဦနှင့် တည်နေ ရာအနေအထားအပေါ် မူတည်၍ ၁၀ နှစ် မှ နှစ်၃၀ သက်တမ်းရှိ ဂရန်များကို ထုတ် ပေးသွားမည်ဖြစ်ကာ အများဆုံး ငါးဧက အထိ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဂရန်ထုတ်ပေးရန် နယ်နိမိတ် တိုင်း တာရာတွင် မြေစာရင်းဌာနနှင့် အတူ ကျေးရွာ အထောက် အကူပြု အဖွဲ့များ ပူးပေါင်း ပါဝင်မည်ဖြစ်ပြီး အငြင်းပွား နေသည့်မြေများ၊ တရားရုံးတွင် ဖြေရှင်း ဆောင်ရွက်နေသည့် မြေများကို ထုတ်ပေး မည်မဟုတ်ဟု ထားဝယ်ခရိုင်အုပ်ချုပ် ရေးမှူး ဦးသိန်းအောင်က ဆိုသည်။
လျှောက်ထားလိုသူသည် နာမည်၊ မှတ်ပုံတင် နံပါတ်နှင့် မြေပိုင်ဆိုင်မှုအနေ အထားတို့ကို လျှောက်လွှာတွင် ဖြည့်ကာ လျှောက်ထားနိုင်ကြောင်း  သိရသည်။
ထားဝယ်ခရိုင် လေးမြို့နယ်ရှိ ကျေး ရွာလေးရွာတွင် ခန့်မှန်းခြေ ထုတ်ပေးရ မည့် ကျေးရွာမြေငှား ဂရန် ၁၀၀၀ ခန့်ရှိ ကြောင်း အထက်ပါ ဦးစီးဌာနထံမှ သိရ သည်။
ထို့အပြင် အခြားကျေးရွာများ ကို လည်း နောက်ပိုင်းတွင် ကျေးရွာ မြေငှား ဂရန်များ ထုတ်ပေးရန် အစီအစဉ်ရှိ ကြောင်း သိရသည်။

 

ကျေးရွာ မြေငှားဂရန်ထုတ်ပေးမည့် ကျေးရွာများ
၁) ထားဝယ်မြို့နယ် – ကျောက်ရပ် ကျေးရွာ၊
၂) ရေဖြူမြို့နယ် – ပုလဲကူကျေးရွာ
၃) လောင်းလုံးမြို့နယ် – သကျက် တောကျေးရွာ
၎) သရက်ချောင်းမြို့နယ် – ကမြိုင် ကျေးရွာ
၅) မြိတ်မြို့နယ် – အင်္ဂမော် (ရွှေပြည်တန်)ကျေးရွာ
၆) ကျွန်းစုမြို့နယ် – စခန်းသစ် ကျေးရွာ
၇) ပုလောမြို့နယ် – တိုကျေးရွာ၊
၈) တနင်္သာရီမြို့နယ် – ဘန်းလမွတ် (သောင်ဖြူ)ကျေးရွာ
၉) ကော့သောင်းမြို့နယ် – ခလုံထ ရောင်းကျေးရွာ
၁၀) ဘုတ်ပြင်းမြို့နယ် – အောက် လိပ်ကျေးရွာ