Miss Universe Myeik မယ်ရွေးချယ်ပွဲ လျှောက်ထားသူ ၃၀ ဦးကျော်ရှိ

0
487

Miss Universe Myeik ၂၀၁၅ မယ်ရွေးချယ်ပွဲအတွက် လျှောက်ထားသူ ၃၀ ကျော်ရှိကြောင်း Miss Universe Myeik Organization မှ တာဝန်ခံ မိတ်ကပ် ကိုဝင်းသူအောင်ထံမှ သိရ သည်။

ဇွန်လ ၁၆ ရက်နေ့မှစပြီး လျှောက်လွှာ များကို ခေါ်ယူခဲ့ရာ နောက်ဆုံး သတ်မှတ်ရက်ဖြစ်သည့် ဇွန်လ ၃၀ ရက်နေ့အထိ လျှောက်ထားသူ ၃၄ ဦး ရှိသည်ဟု အထက်ပါ တာဝန်ခံ က ပြောသည်။

လျှောက်ထားသူများအနက် ဆန်ခါတင် အလှမယ် ၂၀ ဦး ရွေး ချယ်မည့် လူရွေးပွဲကို ဇူလိုင်လ ပထမ အပတ်တွင် ပြုလုပ်မည်ဟု ကနဦး သတင်းထုတ်ပြန်ဖူးသော်လည်း ပထမ အပတ်တွင် မလုပ်ဖြစ်တော့ ကိုဝင်းသူအောင်က ပြောသည်။
” ပြိုင်ပွဲပြုလုပ်မယ့်ရက်ကို ပွဲအ တွက် စပွန်ဆာကိစ္စတွေ လုပ်နေတဲ့ ရန်ကုန်က ဆင်းလာမယ့် အဖွဲ့တွေ ရောက်မှပဲ သိရမယ်” ဟု ၎င်းက ဆိုသည်။
ဆန်ခါတင် အလှမယ် ၂၀ ဦးကို ရွေးချယ်ပြီးပါက အလှမယ် ရွေးချယ် ပွဲကို ဇူလိုင်လ ၂၄ ရက်နေ့ ပုလဲ သန္တာဟိုတယ်တွင် ပြုလုပ်သွား မည်ဖြစ်ကြောင်း ပြိုင်ပွဲကြော်ညာစာအရ သိရသည်။

အလှမယ် အယောက် ၂၀ ဦးမှ Winner-Crown ရရှိသည့် အလှ မယ်ကို အောက်တိုဘာလတွင် ရန်ကုန် မြို့တွင် ပြုလုပ်ကျင်းပမည့် Miss Universe Myanmar 2015 ရွေးချယ်ပွဲကြီးတွင် မြိတ်ကိုယ်စားပြု အလှမယ်တစ်ဦးအနေ ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်Miss Universe Myanmar 2015 ပြိုင်ပွဲအတွက် မန္တလေးမြို့ကိုယ်စားပြုအဖြစ် အလှမယ် ဟန်လေး၊ မုံရွာမြို့ ကိုယ်စားပြု အလှ မယ် ဇွန်ပြည့်ဖြိုးမော်တို့မှ ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ရခိုင်ပြည်နယ် စစ်တွေမြို့မှလည်း အလှမယ်တစ်ဦးကို ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။