ကော့သောင်းမြို့နယ်တွင် ဓမ္မစကူးလ်များ စက်တင်ဘာလတွင် ဖွင့်မည်

0
539

ကော့သောင်းမြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ် စာသင်ကျောင်းများ လာမည့် စက်တင်ဘာလတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ဓမ္မစကူးလ်ဖောင် ဒေးရှင်း ကော့သောင်းမြို့နယ် ကော်မတီထံ မှ သိရသည်။

ယင်း စာသင်ကျောင်းများ အတွက် ဆရာဖြစ်သင်တန်းကို ဩဂုတ် လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၁ နေ့အထိ သင်ကြားလေ့ကျင့် ပေးကာ ကမ်းလှမ်း ထားသည့် ဘုန်းတော်ကြီး ကျောင်း ၂၁ ကျောင်း ရှိသည်ဟု ယင်းကော်မတီမှ ပြောသည်။

ဘာသာရေး၊ မြန်မာ့ယဉ်ကျေး မူနှင့် ဗုဒ္ဓဘာသာဆိုင်ရာ စာပေများ ကို ကျောင်းသားလူငယ် လူရွယ်များ နားလည် သိရှိလိုက်နာ ကျင့်သုံးသွား တတ်စေရန် ရည်ရွယ်ကြောင်း ဓမ္မစကူးလ် ဖောင်ဒေးရှင်း မြို့နယ် ဥက္ကဋ္ဌ ဖြစ်သည့် နိဗ္ဗာန်အေးကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။
အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တစ်ရက်လျှင် ၂ နာရီ သင်ကြား ပေးမည် ဖြစ်ပြီး ပထမတန်းမှ ပဉ္စမတန်းအထိ အတန်းလိုက် သင်ရိုးခွဲကာ သင်ကြား မည်ဟု သိရသည်။

ဓမ္မစကူးလ်ကျောင်းများ ဖွင့်လှစ် နိုင်ရန်အတွက် ကော်မတီအဖွဲ့များကို ဇွန်လ (၂၈)ရက်နေ့တွင် ကော်မတီဝင် ၆၀ ဦး ကျော်ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။