တက္ကသိုလ် ၃ ခုမှ ဆရာ၊ ဆရာမများနှင့် ဆွေးနွေးရန် ကျောင်းသားသမဂ္ဂတောင်းဆို

0
391

ထားဝယ်ဒေသရှိ တက္ကသိုလ် ၃ ခုမှ ဆရာ၊ ဆရာမများ အမျိုးသားပညာရေး ဥပဒေအကြောင်း ဆွေးနွေးရန် ထားဝယ် ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (ခရိုင်အလုပ်အမှုဆောင်အဖွဲ့)က  ဇူလိုင်လ ၁ ရက်နေ့က တောင်းဆိုထား ကြောင်း ကျောင်းသားသမဂ္ဂထံမှ သိရ သည်။


ပြည်ထောင်စုလွှတ်တော်က ဇွန်လ ၁၈ ရက်နေ့တွင် အတည်ပြု ခဲ့သည့် အမျိုးသားပညာရေး ဥပဒေကို ပြန်လည် ပြင်ဆင်သည့် ဥပဒေနှင့် ပက်သက်၍ ဆွေးနွေးမည်ဖြစ်ပြီး လေးပွင့်ဆိုင် ဆွေးနွေးပွဲ၏ သဘော တူညီချက်များ မပါဝင်သည်ကိုလည်း ရှင်းလင်းလိုခြင်း ဖြစ်ကြောင်း ထားဝယ်ခရိုင် တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ခရိုင်အလုပ် အမှုဆောင် အဖွဲ့ဝင် ကိုလေဦးက ပြောသည်။
” ရည်ရွယ်ချက်ကတော့ ဆရာ၊ ဆရာမတွေရော၊ ကျောင်းသူကျောင်း သားတွေကိုပါ အသိပေးချင်တာပါ။ ဒါ (အမျိုးသားပညာရေး ဥပဒေအား ပြန်လည်ပြင်ဆင်သည့် ဥပဒေ) က ကျောင်းသားတွေ တောင်းဆို ထား တဲ့ ဒီမိုကရေစီ ပညာရေးမဟုတ် ဘူးဆိုတာကို ရှင်းလင်းချင်တာပါ” ဟု ကိုလေဦးက ဆိုသည်။
ထားဝယ်တက္ကသိုလ်၊ နည်း ပညာတက္ကသိုလ်(ထားဝယ်) နှင့် ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) တို့ထံ စာပို့တောင်းဆိုထားပြီးတောင်း ဆိုသည့်စာတွင် ဇူလိုင်လ ဒုတိယ အပတ်အတွင်း အကြောင်းပြန်ပေး ရန်နှင့် အကြောင်းပြန်ရာတွင်လည်း ဆွေးနွေးပွဲ ကို မည်သည့်နေ့တွင် ပြုလုပ်ပေးမည် ဆိုသည်ကိုပါ အကြောင်းပြန်ပေးရန် ထည့်သွင်း တောင်းဆိုထားသည်ဟု ထားဝယ် ခရိုင် အလုပ်အမှုဆောင်အဖွဲ့ထံမှ သိရသည်။
” တကယ်လို့ ဆွေးနွေးခွင့် မရခဲ့ရင် နောက်ထပ် နည်းလမ်း ထပ်ရှာရတာပေါ့”  ဟု ကိုလေဦးက ဆိုသည်။
တောင်းဆိုစာကို တက္ကသိုလ် ၃ ခု အပြင် တိုင်းဒေသကြီး ဝန်ကြီး ချုပ်ကိုပါ မိတ္တူပေးပို့ထား ကြောင်း ထားဝယ်ခရိုင် တက္ကသိုလ် ကျောင်း သားများသမဂ္ဂထံမှ သိရသည်။